အမေးများအတွက် အဖြေလွှာ

အသင်းတော်သမိုင်း အနှစ်ချုပ် December 25, 2009

Filed under: ခရစ်ယာန်သာသနာ — amayaphay @ 3:17 am
Tags:

ဘီစီလေးတွင် ယေရှုဘုရားလူ့ဇာတိခံယူခဲ့ပြီး အေဒီ ၂၆ ခန့်မှစ၍ သုံးနှစ်တာ သာသနာပြုခဲ့ကာ အေဒီ သုံးဆယ်ခန့်၌ ကားတိုင်ထက်တွင် လူသားအားလုံး၏ အပြစ်အတွက် အသေခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပြီး တပည့်တော်များနှင့် ရက်ပေါင်းလေးဆယ်အတူနေထိုင်ခဲ့ကာ သံလွင်တောင်မှတဆင့် မိမိကြွမြန်းလာရာကောင်းကင်ဘုံသို့ ငါးရာမကသော လူများ၏ရှေ့မှ ပြန်လည် တက်ကြွသွားခဲ့ပါသည်။
ယေရှုဘုရား ကောင်းကင်ဘုံသို့ တက်ကြွသွားပြီး တပည့်တော် တရာ့နှစ်ဆယ် တို့သည် ယေရှုဘုရား မှာထားတော်မူ ခဲ့သည့်အတိုင်း ယေရုရှလင်မြို့အထက်ခန်းမတွင် လောကသို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွလာချိန်အထိ ကြိုးစားလျက် ဆုတောင်းစောင့်နေခဲ့ပါသည်။ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များသည် သန့်ရှင်း သောဝိညာဉ်တော်ကို ခံယူခဲ့ကြပြီး ဝိညာဉ်တော် အရှိန်အဟုန်ဖြင့် ယေရုရှလင်မြို့ မှစတင်ကာ ဧဝံဂေလိ သတင်းစကားကို ဟောကြား သက်သေခံခဲ့ကြပါသည်။ ထိုသတင်းစကားအတွက် တမန်တော်များ အားလုံးနီးပါး အသက်ပေးခဲ့ကြရပါသည်။
တမန်တော် ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် သာသနာပြုရင်း မာတုရများ အဖြစ် အေဒီ ၆၅ ခန့်တွင် အသတ်ခံရပြီးချိန်၌ ခရစ်ယာန် အသင်းတော်များတို့သည် မြေထဲပင်လယ်ဝန်းကျင်တလျောက်တွင်၎င်း၊ အီဂျစ်ပြည်မှ ရောမနှင့် စပိန်အထိနှံ့ ပြားခဲ့ပါသည်။ ၄င်းအပြင် ရောမအင်ပါယာ၏ အပြင်ပဖြစ်သော အရှေ့ဘက်နိုင်ငံ များ၌လည်း အသင်းတော်များ ရှိကြပြီးဖြစ်ပါသည်။ အိန္ဒိယတောင်ပိုင်း အသင်းတော်ကို တမန်တော် သောမမှ တည်ထောင်ခဲ့သည်ဟုဆိုပါသည်။ ထိုအေဒီ၆၅ ခုနှစ်အတွင်း၌ပင် တကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိ နှံ့ပြားရေး လုပ်ငန်းသည် ကောင်းစွာစတင် ခဲ့ပြီဆိုသည်ကို တွေ့မြင်ရပါလိမ့်မည်။
ကနဦးအသင်းတော်များသည် ပထမရာစုတွင် နီရိုးဘုရင်(အေဒီ ၆၄)၏ ရက်စက်စွာ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်းကို ခံခဲ့ရ ပါသည်။ နီရိုးဘုရင်သည် ရောမမြို့ကြီးကို ကိုယ်တိုင် မီးရှို့ခဲ့ပြီး သူ့ကိုပြန်လည်တော်လှန်နိုင်ခြင်းငှါ မစွမ်းနိုင်သော အားနည်းသည့် ခရစ်ယာန်များ၏ လက်ချက်ဟုယိုးစွပ်ကာ ခရစ်ယာန်များကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသည်။ နီရိုးဘုရင်သည် ခရစ်ယာန်များတို့ကို အရှင်လတ်လတ်မီးရှို့လျက် လူသားမီးရှူးတိုင်များပြုလုပ်ကာ ဘုရင်၏ဥယျာဉ်၌ ပွဲခံခဲ့သည့် စိတ်မငြိမ်သက် သူဟူ၍ ၄င်း၊ စိတ်မနှံ့သူဟူ၍ ၄င်း သတ်မှတ်ခံခဲ့ရသော မင်းတစ်ပါးလည်းဖြစ်ပါသည်။
ဒုတိယရာစုတွင် ရောမရှင်ဘုရင်၏ရုပ်တုကို ခရစ်ယာန်များက မကိုးကွယ်သည့်အတွက် နှိပ်စက်ညှင်းပန်း အသေသတ်ခြင်း ခံခဲ့ရကာ တတိယရာစုတွင် ကြီးထွားလာသော ခရစ်ယာန်တို့အား နိုင်ငံရေးအရ တစ်နေ့တော်လှန်ပုန်ကန် လိမ့်မည်ဟူသော အမြင်ဖြင့် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့ကြပြန်ပါသည်။ ကနဦး အသင်းတော်၏ ခရစ်ယာန်များတို့သည် ခေါင်းဖြတ်အသတ် ခံရခြင်း၊ မီးနှင့် ကင်မြှိုက်၍အသတ်ခံရခြင်း၊ သံညှပ်များဖြင့် အပိုင်းပိုင်းကိုက်ဖြတ်ခြင်း၊ လွှနှင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ သားရဲတိရစ္ဆာန်တို့၏ အစာအဖြစ်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ရက်စက်စွာ ကွပ်မျက်ခြင်း ခံခဲ့ရပါသည်။ သို့သော် ခရစ်ယာန်များ လျော့မသွားသည့် အပြင် တိုးလို့သာလာခြင်းက ရောမအစိုးရကိုပင် တုန်လှုပ်စေခဲ့ပါသည်။
အေဒီ ၃၁၂ တွင် ရောမ၌ ကွန်စတင်တိုင်း ဘုရင်ဖြစ်လာခဲ့ပါသည်။ ၄င်းသည် တိုက်ပွဲများဆင်နွဲရင်း အရေးကြီးဆုံးသော နောက်ဆုံးတိုက်ပွဲကြီးမတိုင်မီတစ်ညတွင် ထူးဆန်းသော အိပ်မက်ရူပါရုံတစ်ခုကို မြင်မက်ခဲ့ပါသည်။ ထိုအိပ်မက်၌ လက်ဝါး ကပ်တိုင်ကြီး တစ်ခုကိုရှုမြင်ရပြီးလျှင် ကြားရသောအသံကား၊ ဤအထိမ်းအမှတ်အားဖြင့် သင်သည်အောင်မြင်လိမ့်မည်ဟု ဖြစ်၏။ ထို့ကြောင့် ၄င်း၏ စစ်အသုံးအဆောင်များတို့၌ ကားတိုင် တံဆိပ်ခပ်နှိပ်စေလျက် တိုက်ပွဲဝင်ခဲ့ရာ ၄င်း၏ အစိုးရိမ်ဆုံးသော နောက်ဆုံး တိုက်ပွဲကို အောင်မြင်ခဲ့ပါသည်။ ထို့နောက် အေဒီ၃၁၃ တွင် မီလန်အမိန့်တော် ရာဇသံကို ကွန်စတင်တိုင်းမှ ထုတ်ပြန်လိုက်ပြီး ထိုအမိန့်တော်မှာ လူများတို့အား မိမိကြိုက်နှစ်သက် ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း ဟူ၍ဖြစ်ပါသည်။
ကွန်စတင်တိုင်းသည် ရောမနိုင်ငံတွင် မထမဦးဆုံးသော ခရစ်ယာန်ဘုရင် ဖြစ်လာသကဲ့သို့ ရောမအင်ပါယာတစ်ခုလုံးလည်း ခရစ်ယာန် အင်ပါယာဖြစ်လာ ခဲ့ပါသည်။ ကွန်စတင်တိုင်းဘုရင်သည် ခရစ်ယာန် မြို့တော်သစ် ဖြစ်သည့် အီစတမ်ဘူလ် ဟူ၍ခေါ်သော ကွန်စတင်တီနိုပယ်လ်မြို့သစ်ကြီးကိုလည်း တည်ဆောက်ခဲ့ပါသည်။ ရောမစစ်တပ်များတွင်လည်း ခရစ်တော်ဟု အဓိပ္ပါယ်ရှိသော စာလုံးကို ဟေလသအက္ခရာဖြင့် အလံများတွင် ရေးသားအသုံးပြုခဲ့ကြပါသည်။ ကွန်စတင်တိုင်းဘုရင်ခရစ်ယာန်ဖြစ်ပြီး မကြာမီပင် တနင်္ဂနွေနေ့ကို ဝတ်ပြုရာနေ့နှင့် အများနှင့်ဆိုင်သောအားလပ်ရက် အဖြစ် သတ်မှတ်ခဲ့ပါသည်။
အေဒီ ၅၉၀ တွင် ရိုမန်ကက်သလစ်အသင်းတော်ကို ပုပ်ရဟန်းမင်းကြီး ဂရယ်ဂိုရီက တည်ထောင်အစပြုခဲ့ပြီး ရောမအင်ပါယာ တန်ခိုးကြီးချိန်ဖြစ်၍ အနောက်ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ပါသည်။ ကနဦး သုံးရာစုအတွင်း ခရစ်ယာန်များတို့ သည် ယေရှုကို အသက်ပေး ကိုးကွယ်ခဲ့ကြသလို ခရစ်ယာန်ဟု အမည်ခံဖို့ မိမိ၏ အသက်အိုးအိမ်စည်းစိမ်များအားလုံးကို စွန့်ခဲ့ကြရပါသည်။ သို့သော်သုံးရာစု နောက်ပိုင်း ခရစ်ယာန်ဘာသာသည် လူအများကိုးကွယ်သော ဘာသာ၊ အာဏာရှိသော ဘာသာနှင့် နိုင်ငံတော်ဘာသာတစ်ခု ဖြစ်လာသောအခါ သာ၍ ဘာသာပြောင်းလာသူများ၊ အာဏာ ရလို၍ ဘာသာပြောင်းလာသူများ တို့နှင့် သမ္မာတရားကို သိကျွမ်းခြင်းမရှိသော အတု အယောင် ခရစ်ယာန်များ ဖြစ်လာကြပါသည်။ အသင်းတော်သည်လည်း လောကီဆန် လာပြီး မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် လွဲမှားသောအယူဝါဒများစွာ တို့သည်လည်း အသင်းတော်တွင်းသို့ ဝင်ရောက် လာပါသည်။ ထိုအယူဝါဒများဖြင့် ခရစ်ယာန် အချင်းချင်း ပြဿနာများ ဖြစ်ခဲ့ကြပါသည်။ သုံးပါးတစ်ဆူဘုရားဆိုင်ရာ သွန်သင်မှု အလွဲများနှင့် ယုံကြည်ခြင်းဆိုင်ရာ လွဲမှားသောဩဝါဒများ ရှိလာပါသည်။
ထို့နောက်  အေဒီ ၆၀ဝ ခန့်တွင် မွတ်ဆလင်ဘာသာပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်းသုံးရာကျော်အတွင်း ဥရောပ တိုက်တစ်ခုလုံး နီးနီးကို မွတ်ဆလင်တပ်များက နယ်ချဲ့သိမ်းပိုက်ခဲ့ရာတွင် ခရစ်ယာန်နိုင်ငံအတော်များများလည်း ပါသွားခဲ့ပါသည်။ ထို့ကြောင့် အေဒီ ၁၀ဝ၀ ခန့်တွင် ကက်သလစ်ခရစ်ယာန်ဂိုဏ်းဝင်များ ဖြစ်ကြသည့် ပြင်သစ်နှင့်ဂျာမဏီတို့ဦးဆောင်ပြီး မွတ်ဆလင်တပ်များကို တိုက်ထုတ်ခဲ့သော ခရုစိတ်စစ်ပွဲကြီး ဖြစ်ပွါးခဲ့ပြန်ပါသည်။ ခရစ်ယာန်နိုင်ငံများတို့ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါသည်။
ခရုစိတ်ခေါ် ဘာသာရေးစစ်ပွဲကြီးပြီးသည့်နောက် ရောမနှင့် ဂရိတို့ အာဏာပြိုင်မှုနှင့် အငြင်းပွါးမှုများဖြစ်ပေါ်ခဲ့ကြသည်။ ဂရိလူမျိုးများက ကျမ်းစာကို ဂရိလိုရေးပြီး ဂရိဘာသာစကားဖြင့် စာသင်ကြားခြင်းကြောင့် ၄င်းတို့သည် မူရင်း ခရစ်ယာန်များဖြစ်ကြသည်ဟု ဆို၏။ ရောမတို့သည် ဂရိဘာသာစကားဖြင့် ပညာသင်ကြားနေရသော်လည်း အာဏာကြီးစိုးမှုတွင် ရောမတို့ကသာသဖြင့် ဂရိတို့က လက်မခံလိုကြပေ။ ဂရိတို့က ဗာတီကန်သည် ယိုယွင်းပျက်စီးနေသည်ဟုမြင်ပြီး ပုပ်ရဟန်းမင်းကြီးကိုလည်း အယုံအကြည်မရှိသောကြောင့် အရှေ့တိုင်းဂရိများက အနောက်တိုင်းရောမမှ ခွဲထွက်ခဲ့ကြပါသည်။
ရိုမန်ကက်သလစ်က ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန် စသည့်နိုင်ငံတို့ကို ရောမလက်အောက်ခံဖြစ်အောင်ကြိုးစားသည်။ ဂရိတို့ကလည်း ရုရှားတခွင်ကိုချဲ့ထွင် ကာ ရုရှား အော်သိုဒေါက် အသင်းတော်များကို တည်ထောင်ခဲ့ပါသည်။ ရုရှားမှတဆင့် ဟော်လန်၊ ယူကရေးနီးယား တို့ကိုလွှမ်းမိုးနိုင်ခဲ့သည်။ ယနေ့တိုင် အနောက်ဥရောပ သည် ရိုမန်ကက်သလစ်၏ လွှမ်းမိုးမှု အောက်တွင်ရှိပြီး၊ အရှေ့ဥရောပမှာ ရုရှား အော်သိုဒေါက်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြပါသည်။ အထက်ပါ အကြောင်းတို့ ကြောင့် ရောမနှင့် ဂရိတို့သည် ခရုစိတ်စစ်ပွဲပြီးချိန်တွင် ဂိုဏ်းကွဲခဲ့ကြရပါသည်။
ထို့နောက် အေဒီ ၁၅၁၇ တွင် မာတင်လူသာ၏ ခရစ်ယာန်ဘာသာပြုပြင် ပြောင်းလဲခြင်း ဖြစ်ပေါ်လာကာ ပရိုတက်စတင့် အသင်းတော်များပေါ်ထွက်လာသည်။ မာတင်လူသာသည် ဂျာမဏီလူမျိုး ကာသိုလိပ်အသင်းတော်မှ ဘုန်းကြီးတစ်ပါးဖြစ်ပါ သည်။ ရောမကာသိုလိပ်အသင်းတော်၏ ဩဝါဒများနှင့် လုပ်ဆောင်မှုများ မှားယွင်းနေကြောင်းကို ထောက်ပြပြီး လူသာရင် အသင်းတော်ကို ပေါ်ထွက်စေခဲ့သူ ဖြစ်ပါသည်။၎င်းနောက် ပြင်သစ်လူမျိုး ကယ်လ်ဗင် ကလည်း ပြုပြင်ပြောင်းလဲသော အသင်းတော်(Reformed Church) ကိုတည်ထောင်ခဲ့ ပါသည်။ ဂျွန်နောက် (John Knox) စကော့တလန်ကလည်း ပရက်ဗီတေးရီးယန်းအသင်းတော်ကို တည်ထောင်ခဲ့ ပါသည်။ အင်္ဂလန် ရှင်ဘုရင်ကလည်း အင်္ဂလီကန် အသင်းတော်ကို စတင်ခဲ့ပါသည်။ ဂျွန်ဝက်စလီကလည်း မက်သဒစ်အသင်းတော်ကို တည်ထောင်ခဲ့သကဲ့သို့ ဂျွန်စမစ်၏ ဦးဆောင်မှုအောက်တွင် နှစ်ခြင်းအသင်းတော်ကို တည်ထောင်ခဲ့ကြ၏။ ဤအသင်းတော် မျာ အားလုံးသည် အေဒီ ၁၅၁၇ မှအေဒီ ၁၆၀ဝ အတွင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါ သည်။
အေဒီ ၁၈၀ဝ ခန့်တွင် ဝိညာဉ်နိုးထမှုများရှိလာကာ သာသနာပြုခြင်းများ ထပ်မံ ပေါ်ပေါက်လာသည်။ ဝီလျံကယ်ရီသည် အိန္ဒိယသို့၎င်း ဆရာကြီး ယုဒသန်သည် မြန်မာပြည်သို့၎င်း သာသနာပြုခဲ့ကြပါသည်။ ထို့နောက် သာသနာပြုများစွာ ပေါ်ထွက် လာခဲ့ပြီး အာရှ၊ အာဖရိက၊ တောင်အာဖရိက၊ တောင်အမေရိကအထိ အသင်းတော်များ ပျံ့နှံ့ပေါ်ထွက်လာခဲ့ပါသည်။
အေဒီ ၁၉၀ဝ အစပြုချိန်တွင် အမေရိကန် Kansas ပြည်နယ်Topeka မြို့တွင် လူအချို့စုဝေးကာ ဆုတောင်းခဲ့ရာမှ အထက်ခန်းမ ၌ တပည့်တော်တို့ ခံစားရသကဲ့သို့ ဝိညာဉ်တော်နိုးထမှု ဖြစ်ပေါ်လာခဲ့သည်။ ထိုနိုးထမှုဖြင့်သာသနာပြုခဲ့ကြရာမှစပြီး ဂိုဏ်းဂဏအသီးသီးသို့ ဝိညာဉ်တော်နိုးထမှုပျံ့နှံ့လာခဲ့သည်။ အေဒီ ၁၉၃၀ တွင် ဝိညာဉ် တော်နိုးထမှုရှိသော သူများစုပေါင်းပြီး Assembly of God (AoG) အသင်းတော်ကို ထူထောင်ခဲ့သည်ဟု သိရပါသည်။
ဒုတိယကမ္ဘာစစ်အပြီး ကွဲပြားနေသော ခရစ်ယာန်တို့အား ပြန်လည်စည်းရုံးနိုင် ရန် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ဧဝံဂေလိမိဿဟာရဟု ခေါ်သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် ၁၉၅၀ တွင်  World Council of Churches (W.C.C) ကိုဖွဲ့စည်းခဲ့ကာ ၄င်းအဖွဲ့တွင် လစ်ဘရယ်ဝါဒကို လက်ခံသော အသင်းတော် များပါဝင်လာပါသည်။ လစ်ဘရယ်ဝါဒတွင် သုံးပါးတစ်ဆူဘုရားဆိုင်ရာ မတူညီသော ဩဝါဒများနှင့် ကယ်တင်ခြင်းဆိုင်ရာ မတူညီသော ဩဝါဒများ ရှိကြပါသည်။ (သေဆုံး ပြီးသူများအတွက် ကောင်းမှုပြုပေးခြင်းနှင့် ကောင်းရာဘုံသို့ရောက်ဖို့ ဆုတောင်းပေးခြင်း၊ ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်းရဖို့သွန်သင်ခြင်း၊ ဘာသာတရားတိုင်းတွင် ယေရှု ဘုရား အသွင်တစ်မျိုးစီဖြင့်ရှိပြီး ဘာသာတရားတိုင်းတွင် ကယ်တင်ခြင်းတရားရှိသည်ဟု ဆိုခြင်း) ယနေ့ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်သည် ခရစ်ယာန်များဖြစ်ကြပြီး ခရစ်ယာန် ၈၀% သည်(W.C.C) အဖွဲ့ဝင်များဖြစ်ကြကာ ကျန် ၂၀% သော ခရစ်ယာန်များ တို့သည့်  World Evangelical Fellowship (W.E.F)  ၏အဖွဲ့ဝင်များ ဖြစ်ကြပါသည်။ (W.E.F) အဖွဲ့ဝင်များမှာ သုံးပါးတစ်ဆူဘုရားနှင့် ယေရှုအားဖြင့်သာလူသားတိုင်း ခမည်းတော်ထံသို့ ရောက်နိုင်သည်ဟူသော သမ္မာတရားကို လက်ခံယုံကြည်သော ခရစ်ယာန်ဂိုဏ်းဂဏများအားလုံး ပါဝင်ပါသည်။ အထက်ပါ အဖွဲ့အစည်းနှစ်ခုအား လစ်ဘရယ် ခရစ်ယာန်နှင့် ဧဝံဂေလိခရစ်ယာန် ဟူ၍လည်း ခေါ်ကြပါသည်။

 

ဂျူးအမြင် December 10, 2009

Filed under: ဘာသာလေးရပ် — amayaphay @ 12:09 pm
Tags:

ခရစ်ယာန်များဟု လူများအထင်မှားခံရပြီး တစ်အိမ်တက်ဆင်း ယေရှုသည်ဘုရား မဟုတ်ကြောင်း သက်သေခံနေသည့် ယေဟောဝါ ခေါ် ကင်းမျှော်စင်အဖွဲ့ အား အိမ်ရိပ်ပင်အနင်းမခံဖို့ သမ္မာကျမ်းစာက ပညတ် ထားသည့်အတွက် ( ၂ယော) ထိုသူတို့၏ ယုံကြည်ချက်နှင့် ခရစ်ယာန် တို့အပေါ်အမြင်ကို မဖေါ်ပြတော့ပါ။

ဂျူးဘာသာဝင်တို့၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ် အမြင်

အိုဣသရေလနားထောင်လော့ ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရားဖြစ်တော်မူ၏။ ယေရှုကို လောကနီတိနှင့်ဆိုင်သော ကောင်းသောဆရာတစ်ပါးဟု ခံယူကြသော်လည်း မေရှိယအနေဖြင့်လက်မခံကြပါ။ အကြောင်းမှာ ယေရှုသည် ရေရှည်ငြိမ်းချမ်းမှုကို မယူဆောင်နိုင်ခြင်း၊ သခင်ယေရှု ကိုယ်တိုင်က မေရှိယဟုကြေငြာ သော်လည်း ဂျူးအတွေးခေါ်၌ မေရှိယ ဟူသည် ဘုရားသခင်စေလွှတ်ခြင်းခံရသူဖြစ်ပြီး တစ်ဦးချင်းကို အပြစ်မှ ကယ်တင်သူမဟုတ်ဘဲ၊ လူမျိုးစု တစ်ခုလုံးကို ဖိနှိပ်မှုမှ ကယ်တင်သူသာ ဖြစ်သည်။ ယေရှုကြွလာစဉ်ဂျူးတို့က သူတို့ကို ရောမတို့၏ဖိနှိပ်အုပ်ချုပ်ခံဘဝမှ ကယ်တင်မည့်အရှင်နှင့်သူရဲကောင်းဟု ထင်ခဲ့ သော်လည်း ထိုသို့မဟုတ်ကြောင်းသိမြင် လာသောအခါ ဂျူးတို့ကဘဲ ယေရှုကို ကားစင် တင်သတ်စေလျက် တော်လှန်ရေး ခေါင်းဆောင် ဗာနဗကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အပြစ်နှင့်ပတ်သက်၍ လူသည် မွေးလာစဉ်အပြစ်မပါခဲ့သလို ကောင်းမြတ်သူ အဖြစ်လည်းမွေးလာခြင်းမဟုတ်ပါ၊ လွတ်လပ်စွာမွေးလာပြီး၊ ကောင်းမကောင်း ကိုရွေးချယ်ခွင့်ရှိသည်။ မိမိလုပ်သမျှ အတိုင်း မိမိ ဖြေရှင်းရမည်။ ကယ်တင်ခြင်း နှင့်ပတ်သက်၍ မည်သူမဆို တစ်ဆူတည်းသော ထာဝရဘုရားအား ဆက်ကပ် အပ်နှံခြင်း နှင့် ကောင်းမွန်စွာ ကျင့်ကြံခြင်းရှိပါက ကယ်တင်ခြင်းရနိုင်သည်ဟု ယုံကြည်ကြပါသည်။ ဂျူးဘာသာဝင်များက နောင်ဘဝကိုမျှော်လင့် သော်လည်း ယခုဘဝ၌ ကောင်းစွာ အသက်ရှင်ခြင်းသည် (ဘာသာတရားနှင့်ဆိုင်သော ကျင့်ဝတ်များ) နောင်ဘဝအတွက် ပြင်ဆင်မှုမဟုတ်ရပါဟု ယုံကြည်ကြပါသည်။

 

မိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

Filed under: သက်သေခံချက်များ — amayaphay @ 12:09 pm
Tags:

ယောကျာ်းများစွာရှိပေမည့်စစ်မှန်သောမိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

ယခုလောလောလတ်လတ်အဖြစ်အပျက်လေးတစ်ခုကို သက်သေခံလို ပါသည်။ အိမ်သို့မကြာမကြာ လာရောက် လည်ပတ် တတ်သော သားသမီးငယ်လေးဦး ရှိသည့်မုဆိုးမတစ်ဦးရှိပါသည်။ တစ်နေ့သူနှင့် စကားလက်ဆုံ ပြောဖြစ်ကြစဉ် သူ့အမျိုး သားနာမကျန်းဖြစ်လာသောအခါ တန်ခိုးကြီး ဘုရားစုံသို့ လှည့်လည်သွားရောက်ဖူး လိုသော်လည်း နာမကျန်းဖြစ်သည်ကတစ်ကြောင်း ငွေကြေး အခက်အခဲရှိသည်က တစ်ကြောင်းတို့ကြောင့် သူ့ဧည့်ခန်းမတွင် တန်ခိုးကြီးသည်ဟူသော ဘုရားအစုံ၏ ရုပ်ပုံ နှင့် ရုပ်တုများတို့ကိုဝယ်ယူ ချိတ်ဆွဲထားပြီး ကိုးကွယ်ထားပါသည်။ သူ့အမျိုးသားဆုံးသွားပေမည့် ထိုဘုရားအစုံကို ယနေ့တိုင် ထားရှိကိုးကွယ် နေကြောင်း ပြောပြပါသည်။

ထိုအခါ ကျွန်တော်က သူ့အား “အမကြီး လောကမှ ယောကျာ်းများ စွာရှိပေမည့် မိမိရဲ့ ဖခင်စစ်ကတော့ တစ်ဦးတည်းရှိမည် ဆိုတာ လက်ခံလား” လို့ဆိုတော့ သူကပြာပြာသလဲ ထောက်ခံပါသည်။ “ထိုဖခင်က ငါသည် ယောကျာ်းဖြစ်သည့်အတွက် ယောကျာ်းတွေ မြင်တိုင်း အဖေလို့ ခေါ်လို့ ရတယ် လို့ပြောပါမည်လား” ဟုမေးလျှင် မပြောကြောင်းကို သူကဝန်ခံပါသည်။ “တကယ်လို့ အသိပညာ မကြွယ်သေးသည့် သူ့သား ငယ်တစ်ဦးက ယောကျာ်းတိုင်းကို အဖေဟု လိုက်ခေါ်ပါက ထိုအဖေက ဘယ်လိုပြောမလဲ” ဟု သူ့အားမေး သောအခါ “ငါကလွဲရင် ဘယ်သူ့ကိုမှ အဖေလို့မခေါ်ရဘူးလို့ပြောမှာပေါ့ ” ဟု သူကဆိုပါသည်။

ဒီလိုပဲ လောကမှာ “ဘုရားအများရှိပေမည့် စစ်မှန်သောဘုရားကတစ်ဆူ                                       တည်းရှိပါသည်။ ထိုစစ်မှန်သည့်တစ်ဆူတည်း သောဘုရားက ဘုရားဟုထင်တိုင်း လိုက်ပြီးကိုးကွယ်နေလျှင် ကြိုက်မည်လား” ဟုမေးသောအခါ၊ “အဖေတောင်မကြိုက်တာ ဘုရား ဆိုပိုပြီး မကြိုက်ဘူးပေါ့” ဟု ထိုအစ်မကြီးက ဝန်ခံပါသည်။ “ဒါဆိုဘုရားစစ်က ဘယ်လိုပညတ်မလဲ” ဟု သူ့ကိုသာ အဖြေပေးခိုင်း သောအခါ “ငါကလွဲရင်ဘယ်သူ့ကိုမှ ဘုရားလို့ မခေါ်ရဘူး၊ မကိုးကွယ်ရဘူးလို့ပညတ်မှာပေါ့” ဟု သူကိုယ်တိုင်ပဲ အဖြေပေးပါသည်။

ထိုအခါ ကျွန်တော်က “ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရ ၊ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်ရ ဦးမချ ဝတ်မပြု ရဟု ပညတ်သောဘုရားတစ်ဆူ တည်းရှိပါသည်။ ထိုကဲ့သို့ ပညတ်သောဘုရားဟာ ဘုရားစစ်ပဲ၊ ထိုဘုရားကို ရှာပါဟု” ကျွန်တော် ကသူ့အား ပြောပြပြီး သူ့လုပ်ငန်းနှင့် သားသမီးများတို့အတွက် ဆုတောင်းပေး လိုက်ပါသည်။ (more…)

 

စာရေးသူဆုတောင်းစကား

Filed under: ဆုတောင်းစကား — amayaphay @ 12:05 pm
Tags:

ကောင်းသောအမှုအတွက် မနက်ဖန်သို့မရွှေ့ပါနှင့်။

နယ်လှည့်ဆေးကုသခြင်းနှင့် သာသနာလုပ်ငန်းတွင် သုံးနှစ်တာလုပ်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုတွင် အလုပ်ပြောင်း လုပ်ခဲ့ပါသည်။ လုပ်ငန်းတာဝန်ဖြင့် အလွန်သာယာလှပသော ကမ်းခြေမြို့လေးသို့ ရောက်ရှိခဲ့ပါသည်။ ညနေရုံးဆင်းချိန်တွင် တင်းနစ် ပုံမှန် ကစားဖြစ်ပါသည်။ ကစားဖေါ်ထဲမှ ဦးရွှေနှင့် အတော်လေး စတင်ရင်းနှီး လာပြီး ကစားနားချိန်ပြီး နားချိန်တိုင်း အတူစကားပြောဖြစ်ကြပါသည်။ သူ့အိမ်သို့ အလည်အပတ်ခေါ်ဖိတ်သည့်အတွက် ကျွန်တော်လည်း သူ့အားကျွန်တော့အိမ် ဘက်သို့ လာရောက်လည်ပတ်ဖို့ ခေါ်ဖိတ်ဖြစ်ခဲ့ပါသည်။ ထိုနေ့ညနေ သူနှင့်အတူထိုင် စကားပြောဖြစ်ကြပြီး မနက်မှကျွန်တော့အိမ်မှာတွေ့ကြမည်ဖြစ်ကြောင်း နှုတ်ဆက်လျက် တင်းနစ်ကွင်းမှ ပြန်လာခဲ့ပါသည်။ သူ့အား ယေရှုအကြောင်း ပြောရန် စိတ်အားထက် သန်သော်လည်း အားကစားကွင်းတွင် ဖြစ်သည့် အတွက် ပြောရန်အခွင့်မရခဲ့ပါ။ ထို့ကြောင့် မနက်ဖက်လာလည်လျှင် သူ့အားနံနက်စာဖြင့် ဧည့်ခံလျက် အခွင့်သာလျှင် ယေရှုအကြောင်း ပြောပြမည်၊ အခွင့်မရပါက လက်ကမ်းဝေစာလေးအားဖြင့် ယေရှု အကြောင်း ပြောမည်ဟု ကြိုတင်ပြင်ဆင်လျက် စောင့်နေခဲ့ပါသည်။ (more…)

 

ဘုရားတကယ်ရှိပါသည်။

Filed under: သက်သေခံချက်များ — amayaphay @ 12:03 pm
Tags:

ဘုရားတကယ်ရှိပါသည်။

မြို့နှင့် မလှမ်းမကမ်း ရွာသုံးရွာတွင် ဧဝံဂေလိပြောရန် အသင်းတော်မှ တာဝန် ပေးခဲ့ပါသည်။ သုံးရွာမြောက်ရောက်လျှင် မှောင်ချိန်ကျနေပြီဖြစ်ပါသည်။ ထိုသုံးရွာ မြောက်သို့ရောက်စဉ် သေခါနီးလူမမာတစ်ဦးနှင့် ကြုံတွေ့ရပါသည်။ ရောဂါဝေဒနာကို အပြင်း ခံစားနေပြီး အော်ဟစ်ညည်းတွားနေပါသည်။ ဆေးဆရာက ရှိပြီး ဆေးကမရှိ သည့်အတွက် ကျွန်တော်လည်း သနားပြီး လိုအပ်သော ဆေးများကိုမေးပြီး မြို့ဖက်သို့ပြန် လာပါသည်။ ပိုက်ဆံမရှိသည့်အတွက် ရင်းနှီးရာအိမ်တစ်အိမ်တွင်ဝင်ချေးရာ သူ့တွင်လည်းမရှိသည့်အတွက် ဘေးအိမ်မှ ထပ်ချေးပေးလိုက်ပါသည်။ မနက်ဖန် နေ့လည်ဖက်ပြန်လာပေးမည်ဖြစ်ကြောင်း ဂတိပေးခဲ့ပါသည်။ ဆေးဝယ်၍ ရွာသို့ တစ်ခါပြန်သွားပြီး လူနာအတွက်ဆေးများကိုပေးကာ ဆုတောင်းဆက်ကပ်ပြီး ပြန်လာခဲ့ ပါသည်။

နောက်တစ်နေ့နံနက် နေ့တစ်ပိုင်းအစာရှောင်ဆုတောင်းရာအချိန်တွင် လူနာ လည်းဆုံးသွားပြီဖြစ်ကြောင်း ကြားသိရ ပါသည်။ ကျွန်တော်မနေ့ညက ထိုလူနာ အတွက်အလွန်ပင်ပန်း ‘ဒုက္ခရောက်ခဲ့ပါသည်။ ဘုရား၏အမှုတော်ကို ကိုယ်ကျိုးစွန့် လျက် ထမ်းဆောင်နေပြီး ငွေကြေးကလည်း မရှိပါ။ ထိုအစာရှောင်ဆုတောင်းရာအချိန် တွင် ဘုရားကို စမ်းသပ်ရန် ဝိညာဉ်တော်မှ နှိုးဆော်ခြင်းခံရသည့်အတွက် လိုအပ်ငွေအား အစာရှောင်ဆုတောင်းပြီးချိန်တွင် ရရန်နှင့် ထိုငွေကိုလည်း အတိအကျရလိုကြောင်း ဆုတောင်းခဲ့ပါသည်။ ၂၀ဝ၀ ခုနှစ်အချိန်အခါ ဖြစ်သည့်အတွက် အလှုငွေရလျှင် တစ်ရာနှင့် နှစ်ရာတန်တို့သာ  ရတတ်သော်လည်း ကျွန်တော်ချေးလာသော ငွေကို ပြန်ပေးရန်အတွက် ခုနှစ်ရာကျပ်တိတိကို အတိအကျတောင်းခံခဲ့ပါသည်။

အစာရှောင်ဆုတောင်းအပြီး အဝေးသို့စက်ဘီးနင်းပြန်ရသူများသက်သာရန် ဆန်ပြုတ်တစ်ခွက်စီ အသင်းတော်မှ တိုက်ကျွေးပါသည်။ ကျွန်တော်လည်း ဆန်ပြုတ် စားပါသည်။ အလှူငွေက ရောက်မလာသေးပါ။ ဆန်ပြုတ်ကုန်ရန်နောက်ဆုံး တစ်ဇွန်းကိုစားနေစဉ် အဒေါ်ကြီးတစ်ဦးကရောက်လာပြီး ကျွန်တော့အား အလှူငွေ ပေးချင်စိတ် ပေါက်လာသည့်အတွက်ဟုဆိုပြီး သူစုထားသည့် ဆယ်ဖို့တစ်ဖို့ကို လာပေးပါသည်။ စာအိတ်က နည်းနည်းထူနေသည့်အတွက် ခုနှစ်ရာမကဟုထင်ပြီး စိတ်လှုပ်ရှားကာ နောက်ဖေးသို့သွားပြီး ထိုငွေကို ရေတွက်ကြည့်ပါသည်။ ငါးဆယ်တန် များဖြစ်သည့်အတွက် တစ်ရွက်ခြင်း ရေတွက်ကြည့်ရာ ခုနှစ်ရာအတိတွင် ရပ်သွား ပါသည်။ ထပ်မံ ရေတွက်ကြည့်သောအခါတွင်လည်း မပိုမလိုအတိအကျ ခုနှစ်ရာ ဖြစ်နေပါသည်။ ကျွန်တော် အံ့ဩ ထိတ်လန့်စွာဖြင့် ဘုရားက ‘ဒီအနားမှာပင်အမှန် တကယ်ရှိနေပါလားဆိုပြီး ဘုရားကို ယခင်ထက် ပိုမိုကြောက်ရွံ့ ကိုးကွယ်ခဲ့ပါသည်။

ကျွန်တော်သည် ဧဝံဂေလိအမှုတော် စတင်ထမ်းဆောင်စဉ် အမှန်တကယ် ချို့တဲ့ခဲ့သည်မှန်သော်လည်း သုံးလသာ ကြာပါသည်။ ကျမ်းစာက ဘုရား၏ အမှုတော် ကိုဆောင်သော သူသည် အခကိုခံထိုက်သည် ဆိုသည့် အတိုင်း နောက်ပိုင်း အလှူငွေ များကို ငြင်းပယ်လောက်ရသည်အထိ လက်ခံရရှိခဲ့ပါသည်။ ထို အလှူငွေများ တို့သည်လည်း ကျွန်တော်အမှုတော် ဆောင်ရာဒေသမှမဟုတ်ဘဲ မထင်မှတ်သောအရပ် ဒေသတို့မှ ရောက်လာခြင်း ဖြစ်ပါသည်။ ကျွန်တော် အမှုတော်ဆောင်ရန် တာဝန်ကျရာ ရွာသားများမှာ အမှန်တကယ်ခက်ခဲ ဆင်းရဲကြပါသည်။

ငွေကြေးနှင့်ပတ်သက်ပြီး အံ့ဩဖွယ်ရာနောက်တစ်ချက်ကို သက်သေခံလိုပါ သည်။ အလုပ်ရှာဖွေရာတွင်  ဘုရားအလိုတော်နှင့် ညီသောအလုပ်ကို သာလုပ်ဖို့၊ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ဖို့နှင့် ရသမျှကို ဘုရားအတွက် ဆက်ကပ်အပ်နှံဖို့ ဆက်ကပ် ထားသည့်အတိုင်း၊ ထိုခသနှစ်ထောင် အထူးတစ်နှစ်တာ ဆက်ကပ်အပြီး နယ်လှည့် ဆေးကုသသာသနာတွင် ဆက်ကပ် ခဲ့ပါသည်။ ကျွန်တော်တို့အဖွဲ့ မြို့ငယ်လေး တစ်မြို့သို့ရောက်ပြီး နောက်ဆုံးဆေးကုသရက်၏ညတွင် သူခိုးအခိုးခံရ ပါသည်။ အားလုံးမောပန်းအိပ်မောကျ နေသည့်အတွက် ကျွန်တော်တို့အဖွဲ့ဝင်အားလုံး  သူခိုးအခိုး ခံရပါသည်။ ပိုက်ဆံတစ်ပြား မကျန် ယူသွားပြီး အိတ်ထဲ နှစ်ရာသာရှိသူ၏ ပိုက်ဆံပင် ချမ်းသာမပေးပါ။ သူခိုးက အိတ်များ အားလုံးကို အိမ်အောက်သို့ သယ်သွားပြီး တန်ဖိုးရှိ ပစ္စည်းများ အားလုံးကို ရှာဖွေယူသွားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့ပိုက်ဆံ အိတ်ဇစ်များပွင့်နေပြီး ဖွထားသည့်အတွက် ပါသွားပြီဟုထင်ပြီး စစ်ကြည့်လိုက်ရာ ဘောက်ချာစာရွက်များကြားမှ ကျွန်တော့ပိုက်ဆံ တစ်သောင်းကျော်သည် တစ်ပြားမှ ပါမသွားဘဲရှိနေသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်ပါသည်။ ကျွန်တော့် အိပ်ယာဘေးတွင် ထားသည့် ငယ်စဉ်ကတည်းက အမြတ်တနိုးပတ်သည့် စီကို နာရီကိုလည်း အောက်ထပ် တွင် ချန်ထားခဲ့ကာ ကျွန်တော့ထံမှ ဘာမျှပါမသွားခဲ့ပါ။

ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်း အကြောင်းကို ရောနှောတော်မမူ။ (သု ၁၀း၂၂)

 

ဘုရားမတတ်နိုင်သောအမှုမရှိ။

ဘုရားမတတ်နိုင်သောအမှုမရှိ။

ကျွန်တော်ဧဝံဂေလိအမှုတော်ကို ထမ်းဆောင်ရင်း လူနာများစွာကို အားပေး နှစ်သိမ့်ခြင်းနှင့် ဆုတောင်း ပေးခြင်းများ များစွာပြုခဲ့ရဖူးပါသည်။ အချို့တို့သည်လည်း အံ့ဩဖွယ်ရာပင် ပြန်ကောင်းလာကြသည်များတို့ကိုလည်း မြင်တွေ့ရပါသည်။ ပျောက် ကင်းသူများတို့တွင် ဖျားနာသူ၊ ရူးသွပ်သောသူ၊ ဖျားနာပြီး နားမကြားမျက်စိ မမြင်တော့ရာမှ ပြန်ကောင်းလာသူ၊ နတ်ဆိုးကြောင့်နာမကျန်းဖြစ်ရာမှ နတ်ဆိုးနှင် ထုတ်ပေးပြီးပြန်ကောင်း လာသူများ များစွာကြုံတွေ့ခဲ့ရဖူးပါသည်။

သူတို့တတွေကို ယေရှုနာမ၌ အားပေးနှစ်သိမ့်ပျောက်ကင်းစေခဲ့သော်လည်း တစ်နေ့တွင် ကျွန်တော်ကိုယ်တိုင် ဝေဒနာခံစားရပြီး ပြန်မကောင်း နိုင်တော့ဘူးဟူသော ဆရာဝန်ကြီး၏ မှတ်ချက်ချခြင်းကိုခံခဲ့ရစဉ် နာရီဝက်ခန့် ထိတ်လန့်တုန်လှုပ်ခဲ့ကာ ကျေးဇူးတော်လည်း မချီးမွမ်း နိုင်ခဲ့ပါ။

တစ်နေ့ (ျွှသမို ဗှီုပေ) အတွက် ပြခန်းတွင် ဓ“ါတ်ပုံများချိတ်ဆွဲကြသော အခါလိုအပ်သော စာလုံးအညွှန်းများရိုက်ရန် ရုံးသို့ ကျွန်တော်ပြန်လာခဲ့ပါသည်။ စာများ ကိုရိုက်ပြီး အလောတကြီးပြခန်းသို့ပြန်လာစဉ် ရှေ့မှ ဆိုင်ကယ်တစ်စင်းက ရုတ်တရက် ဖြတ်ကွေ့ လိုက်သောကြောင့် ကျွန်တော့ဆိုင်ကယ်ကို ချက်ခြင်းရပ်ဖို့ ကြိုးစားရင်း တိမ်းမှောက်သွားပါသည်။ ထိုစဉ်ရှေ့နှင့်နောက်သာကွေးလို့ရသော ကျွန်တော့ ညာဖက် ဒူးမှာ ဘယ်ညာကွေးလို့ ရနေပါသည်။ လမ်းမလျှောက်နိုင်တော့ဘဲ ဆေးရုံသို့ရောက်ခဲ့ ပါသည်။ (more…)

 

ခရစ်တော်စိတ်သဘော

ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။

ကျွန်တော်တို့ နေအိမ်လမ်းထိပ်တွင်လူတိုင်း၏ ချစ်ခင်လေးစားခြင်းကိုခံရသော အဒေါ်ကြီးတစ်ဦး ရှိပါသည်။ သူသည် ကွမ်းယာနှင့် မုန့်စုံဆိုင်လေးလည်းဖွင့်ထား ပါသည်။ ယုံကြည်သူမဟုတ်ပေမည့် လိုအပ်ချက်များရှိလျှင် အမှုတော်ဆောင်များကို ခေါ်ပြီး ဆုတောင်းစေတတ်ပါသည်။ သူ့တွင် သားတစ်ဦးရှိပြီး ထောင်ကျနေကြောင်း လည်းသိရပါသည်။ အဒေါ်ကြီးသည်လည်း မကြာမကြာထောင်ဝင်စာသွားတွေ့ လေ့ရှိပါသည်။

တစ်နေ့ သူ့သားထောင်မှလွတ်လာပါသည်။ ထောင်မှလွတ်လာသော်လည်း ဆက်လက်ဆိုးသွမ်း နေဆဲဖြစ်ပါသည်။ အထူးသဖြင့် သူ့အမေထံမှ အရက်ဖိုးတောင်း မရပါက အော်ဟစ်ဆဲဆို ရန်တွေ့တတ်လေ့ရှိပြီး နေ့စဉ်နီးနီး ထိုအသံကို ကြားနေ ရပါသည်။ ကျွန်တော်ထိုဆိုင်ရှေ့မှဖြတ်သွားတိုင်း စိတ်ထဲတွင် တာဝန်တစ်ခုကို လွှဲရှောင် နေသလို ခံစားနေရပါသည်။

ယေရှုက ငါသည်ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်း ငှါလာသည် မဟုတ်၊ အပြစ်ရှိသောသူတို့ကို ကယ်တင်ဖို့ရန် ကြွလာသတည်း။ (မ ၉း၁၃) ယေရှုခရစ် ၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့၊ ဆိုသည့် ထာဝရဘုရား၏ အမိန့်တော်ကို ငြင်းဆန်နေသကဲ့သို့ ခံစားရကာ ငြိမ်သက်ဝမ်းမြောက်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် အဒေါ်ကြီး၏ သားကို သွားရောက်စကားပြောရန် အတွက် ကြိုတင် ဆုတောင်း ဆက်ကပ်ခဲ့ပြီး ထိုဆိုင်ဖက်သို့ သွားခဲ့ပါသည်။

မနက်စောစောဖြစ်သည့်အတွက် အဒေါ်ကြီး၏သားမှာ အရက်မသောက်ရ သေးပါ၊ ထို့ကြောင့် ကျွန်တော်က သူ့အား ကျွန်တော် နောက်ထပ် သုံးရက်လောက် နေရင် တစ်နှစ်တာ ဧဝံဂေလိလုပ်ဖို့ဆက်ကပ်ထားသည့် အသင်းတော်သို့ ပြန်သွားမှာ ဖြစ်သည့် အတွက် လိုက်လည်ပါလားဟု ခေါ်ဖိတ်ကြည့်ပါသည်။ သူကလည်း လိုက်လိုကြောင်းပြန်ပြောသောအခါ၊ ‘ဒါဆို အရက်ဖြတ်မှဖြစ်မယ်၊ ဒီနေ့ပဲ ဖြတ်လိုက်ပါ လားဟုဆိုစဉ် ၊ သူကိုယ်တိုင်က ‘ဒီလို ချက်ခြင်းဖြတ်လို့ရမှာ မဟုတ်ဘူး၊ ‘ဒုက္ခရောက် လိမ့်မည်ဟု ပြန်ပြောပါသည်။ ကျွန်တော်ကလည်း မစိုးရိမ် ပါနဲ့ကျွန်တော့အိမ်မှာ လိုက်နေပါဟုဆိုပြီး သူ့ကိုတခါတည်း ခေါ်ခဲ့ပါသည်။

အိမ်သို့ရောက်သည်နှင့် သူ့အတွက်ဆုတောင်းဆက်ကပ်ပြီး အရက်ထွက် သောက်လိုစိတ်မရှိစေရန် သူ့အနားမှ မခွါ နေပေးခဲ့ပါသည်။ မကြာပါ ခြေလက်များ တုန်လာပြီး စားသောက်သမျှ ပြန်အန်ပါတော့သည်၊ သူ့အန်ဖတ်များ ကျုံးပေးရသလို နောက်တစ်နေ့တွင် ခွက် ဇွန်းများပင် မကိုင်နိုင်သည့်အတွက် ကျွန်တော်ကိုယ်တိုင် သူ့ကိုခွံ့ကျွေးခဲ့ရပါသည်။ သုံးရက်ခန့် ကြာသောအခါ အစာ အဖတ်များစားနိုင်လာ သည့်အတွက် သူနှင့် အတူခရီးထွက်ခဲ့ပါသည်။

အသင်းတော်သို့ရောက်သောအခါ သူအား ကျွန်တော်သွားလေရာသို့ လိုက်ပြီးလေ့လာစေခဲ့ပါသည်။ ဒေသခံများနှင့်လည်း မိတ်ဆက်ပေးပါသည်။ သုံးပတ် ခန့်ရှိသောအခါအသင်းတော်တွင် ကျမ်းစာသင်တန်းရှိသည့်အတွက် သူ့ကိုပါ တက်ခိုင်းပါသည်။ ထိုစဉ် ဆရာကစစ်မှန်သော နောင်တအကြောင်း သင်ပေးပြီး ဘုရားက ထိုကဲ့သို့နောင်တရသောသူကို ခွင့်လွှတ်ကယ်တင်နိုင်ကြောင်း နှင့် ကားတိုင်ထက်မှ လူဆိုးကြီးအား ယေရှုဘုရား ကယ်တင်ခဲ့ပုံကို ဥပမာပေး၍သင်ကြားခဲ့ပါသည်။

ထိုသင်္ခန်းစာအပြီး သူနှစ်ခြင်းမင်္ဂလာခံယူမည့်အကြောင်း ကျွန်တော့ကို ပြောလာပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ချိန်က အလွန်အမင်း ဆိုးသွမ်းခဲ့သည့်အတွက် ငရဲကျမည့်အတူတူ မထူးဇာတ်ခင်းလျက် ဆက်လက်မိုက်မဲ နေခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု သူ့ကို ခွင့်လွှတ်ကယ်တင်နိုင်မည့်အရှင်အကြောင်းကို သိရသည့်အတွက် ထိုအရှင်ကို ကိုးကွယ်လိုကြောင်းပြောလာပါသည်။ ထို့နောက် သူသည် နှစ်ခြင်းမင်္ဂလာခံယူဖြစ်ပြီး သာသနာပြုလုပ်ငန်းတစ်ခုတွင် မော်တော်ယဉ်မောင်း သူအဖြစ် သွားရောက် ဆက်ကပ်ခဲ့ပါသည်။

ကျွန်တော့ကို ဘုရားကခွန်အားမပေးလျှင် နေ့စဉ်လမ်းဘေးတွင်မူးလဲနံစော် နေသောသူအား အိမ်သို့ခေါ်၍ ပြုစုစောင့် ရှောက်ရန် မဖြစ်နိုင်ပါ၊ ဘုရား၏ ခွင့်လွှတ်ခြင်း တရားအကြောင်းကို ထိုသူမသိရှိခဲ့လျှင်၊ သို့မဟုတ် လောကတွင် ဘုရား၏ခွင့်လွှတ် ခြင်းတရားအကြောင်းမရှိခဲ့လျှင် ထိုသူ၏ မထူးဇာတ်ခင်းပြီးဆိုးသွမ်းနေမှုသည် သူနှင့် အတူ လူပေါင်းမည်မျှကို ဒုက္ခရောက်စေနိုင်မည် မသိနိုင်ပါ။ ဘုရားရှင်၏ ခွင့်လွှတ်ခြင်း တရားနှင့် ယေရှုခရစ်၌အသစ်သော အသက်တာသစ်ကို လူတိုင်းရရှိခံစားနိုင်ကြပါ စေသော။

 

မိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

Filed under: သက်သေခံချက်များ — amayaphay @ 12:00 pm
Tags:

ယောကျာ်းများစွာရှိပေမည့်စစ်မှန်သောမိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

ယခုလောလောလတ်လတ်အဖြစ်အပျက်လေးတစ်ခုကို သက်သေခံလို ပါသည်။ အိမ်သို့မကြာမကြာ လာရောက် လည်ပတ် တတ်သော သားသမီးငယ်လေးဦး ရှိသည့်မုဆိုးမတစ်ဦးရှိပါသည်။ တစ်နေ့သူနှင့် စကားလက်ဆုံ ပြောဖြစ်ကြစဉ် သူ့အမျိုး သားနာမကျန်းဖြစ်လာသောအခါ တန်ခိုးကြီး ဘုရားစုံသို့ လှည့်လည်သွားရောက်ဖူး လိုသော်လည်း နာမကျန်းဖြစ်သည်ကတစ်ကြောင်း ငွေကြေး အခက်အခဲရှိသည်က တစ်ကြောင်းတို့ကြောင့် သူ့ဧည့်ခန်းမတွင် တန်ခိုးကြီးသည်ဟူသော ဘုရားအစုံ၏ ရုပ်ပုံ နှင့် ရုပ်တုများတို့ကိုဝယ်ယူ ချိတ်ဆွဲထားပြီး ကိုးကွယ်ထားပါသည်။ သူ့အမျိုးသားဆုံးသွားပေမည့် ထိုဘုရားအစုံကို ယနေ့တိုင် ထားရှိကိုးကွယ် နေကြောင်း ပြောပြပါသည်။

ထိုအခါ ကျွန်တော်က သူ့အား “အမကြီး လောကမှ ယောကျာ်းများ စွာရှိပေမည့် မိမိရဲ့ ဖခင်စစ်ကတော့ တစ်ဦးတည်းရှိမည် ဆိုတာ လက်ခံလား” လို့ဆိုတော့ သူကပြာပြာသလဲ ထောက်ခံပါသည်။ “ထိုဖခင်က ငါသည် ယောကျာ်းဖြစ်သည့်အတွက် ယောကျာ်းတွေ မြင်တိုင်း အဖေလို့ ခေါ်လို့ ရတယ် လို့ပြောပါမည်လား” ဟုမေးလျှင် မပြောကြောင်းကို သူကဝန်ခံပါသည်။ “တကယ်လို့ အသိပညာ မကြွယ်သေးသည့် သူ့သား ငယ်တစ်ဦးက ယောကျာ်းတိုင်းကို အဖေဟု လိုက်ခေါ်ပါက ထိုအဖေက ဘယ်လိုပြောမလဲ” ဟု သူ့အားမေး သောအခါ “ငါကလွဲရင် ဘယ်သူ့ကိုမှ အဖေလို့မခေါ်ရဘူးလို့ပြောမှာပေါ့ ” ဟု သူကဆိုပါသည်။

ဒီလိုပဲ လောကမှာ “ဘုရားအများရှိပေမည့် စစ်မှန်သောဘုရားကတစ်ဆူ                                       တည်းရှိပါသည်။ ထိုစစ်မှန်သည့်တစ်ဆူတည်း သောဘုရားက ဘုရားဟုထင်တိုင်း လိုက်ပြီးကိုးကွယ်နေလျှင် ကြိုက်မည်လား” ဟုမေးသောအခါ၊ “အဖေတောင်မကြိုက်တာ ဘုရား ဆိုပိုပြီး မကြိုက်ဘူးပေါ့” ဟု ထိုအစ်မကြီးက ဝန်ခံပါသည်။ “ဒါဆိုဘုရားစစ်က ဘယ်လိုပညတ်မလဲ” ဟု သူ့ကိုသာ အဖြေပေးခိုင်း သောအခါ “ငါကလွဲရင်ဘယ်သူ့ကိုမှ ဘုရားလို့ မခေါ်ရဘူး၊ မကိုးကွယ်ရဘူးလို့ပညတ်မှာပေါ့” ဟု သူကိုယ်တိုင်ပဲ အဖြေပေးပါသည်။

ထိုအခါ ကျွန်တော်က “ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရ ၊ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်ရ ဦးမချ ဝတ်မပြု ရဟု ပညတ်သောဘုရားတစ်ဆူ တည်းရှိပါသည်။ ထိုကဲ့သို့ ပညတ်သောဘုရားဟာ ဘုရားစစ်ပဲ၊ ထိုဘုရားကို ရှာပါဟု” ကျွန်တော် ကသူ့အား ပြောပြပြီး သူ့လုပ်ငန်းနှင့် သားသမီးများတို့အတွက် ဆုတောင်းပေး လိုက်ပါသည်။ (more…)

 

လက်တွေ့ဧဝံဂေလိဆိုင်ရာသက်သေခံချက်များ

Filed under: သက်သေခံချက်များ — amayaphay @ 11:58 am
Tags:

ဧဝံဂေလိပြောရန် ကျွန်တော်သည် တန်ဆာပလာသာဖြစ်ပြီး အမှန်တကယ်ပြောသူမှာ ဘုရားဖြစ်၏။

ကျွန်တော်ခသ ၂၀ဝ၀ အထူး ဧဝံဂေလိလုပ်ငန်းတွင် ဆက်ကပ်ရန် တပည့် တော်ဖြစ်သင်တန်း သုံးလကို အရင်တက်ရ ပါသည်။ လူတို့ထံ အဘယ်ကဲ့သို့ ချဉ်းကပ် ရမည် အဘယ်ကဲ့သို့ပြောရမည်ကို ဆရာက စာတွေ့နှင့် အတွေ့အကြုံများကို သင်ပေးပြီး နှစ်ယောက်တစ်တွဲ အပြန်အလှန်ပြောဆို လေ့ကျင့်ရပါသည်။ ထို့နောက် ညနေပိုင်းတွင် ဆေးရုံသို့သွားပြီး  အရိုးဌာနရှိ လူနာများ အား သွားရောက် ပြောဆို လေ့ကျင့်ခဲ့ပါသည်။ နောက်တစ်နေ့တွင် ရပ်ကွက်ထဲဆင်း၍ လေ့ကျင့်ပြောကြားစေခဲ့ပါသည်။ လူတို့နား ထောင်လိုသည်ဖြစ်စေ နားမထောင်လိုသည်ဖြစ်စေ ပြောဆိုခြင်းမျိုးမပြုပါဘဲ ဝိညာဉ် တော်ဘုရား၏ လမ်းပြမှုအတိုင်း အရင်ဆုံး မိတ်ဖွဲ့ စကားပြောကာ ဧဝံဂေလိ ပြောဖို့ အခွင့်သာမှသာလျှင်ပြောပြီး အခွင့်မသာပါက ဝေစာလောက်သာပေး၍ ပြန်ခဲ့ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး အောက်ကျို့လျက် ဧဝံဂေလိကိုပြောရန် ဘုရားရှင်၏ ဝိညာဉ်တော်မစမှုမပါရှိဘဲ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။

ကျွန်တော်တတ်သည်က တရားသုံးပါးအကြောင်းသာဖြစ်ပါသည်။ ကျွန်တော် ဧဝံဂေလိပြောရန် တာဝန်ပေး ထားသော ရွာလေးသည် မြန်မာစကားသိပ်မပြောတတ်ကြ ပါ။ ထို့ကြောင့် စကားပြန်နှင့် ဧဝံဂေလိ ပြောရပါသည်။ ထိုရွာတွင် အဒေါ်ကြီးတစ်ဦး ကို စကားပြန်ဖြင့် တရားစဟောပါသည်။ စကားပြန်နှင့်အတူ တစ်နှစ်သားအရွယ် ကလေးတစ်ဦးလည်း လိုက်ပါလာပါသည်။

အပြစ်တရားအကြောင်းကိုစပြောစဉ် လူသည်မွေးဖွားလာကတည်းက ဗီဇ အပြစ်ပါလာကြောင်း ထို့ကြောင့် ကလေးဘဝ ကတည်းကပင် အပြစ်ကိုသင်ပေး စရာမလိုဘဲ လုပ်တတ်ကြောင်း ပြောသောအခါ အဒေါ်ကြီးက ရယ်ပါသည်။ လူသည် အပြစ်သား ဖြစ်သည်က ပထမ အပြစ်ပြုတတ်သည်က ဒုတိယဖြစ်ပြီး ထိုအပြစ်သား ဖြစ်သော လူသားတိုင်း ငရဲသားများသာ ဖြစ်ကြောင်း ရှင်းပြ သော်လည်း လက်မခံသည့် အပြင်သူသည် လူကောင်းတစ်ဦးဖြစ်ကြောင်းနှင့် သေလျှင် ကောင်းရာဘုံသို့ ရောက်မည့် သူဖြစ်ကြောင်း ကျွန်တော့ကို ယုံကြည်မှုအပြည့်နှင့် ပြန်ပြောနေပါသည်။ မည်သို့မျှ ရှင်းပြလို့လည်းမရပါ။ ထိုစဉ် စကားပြန် အမကြီးရဲ့သားကလည်း အိမ်ပြန်ဖို့ရန် ငိုယို အော်ဟစ်နေပါသည်။

တရားသုံးပါးတွင် နောက်ထပ်နှစ်ချက် ထပ်ပြောဖို့နေနေသာသာ ပထမအပြစ် တရားအကြောင်းပင် ရှင်းလို့မပြီး၊ ကလေး ကလည်း ပြန်ဖို့ တချိန်လုံး ငိုယိုဂျီကျ နေသည်။ စကားပြန်မှ စကားပြန်ဆိုပေးနေစဉ် ဘုရားကိုကျွန်တော်ကအကူအညီ တောင်းရ ပါတော့သည်။ မကြာပါ၊ လမ်းပင်မလျှောက်တတ်သေးဘဲ မတ်တတ်ရပ် တတ်ခါစသားလေးက ထိုင်နေသော သူ့အမေ၏ ဆံပင်ကို မလွှတ်တမ်းဆွဲပြီး ၊ ဒေါသ တကြီးနှင့် ငိုယိုအော်ဟစ် ကန်ကျောက်ပါ တော့သည်။ ကျွန်တော်နှင့် အဒေါ်ကြီးက ဝိုင်းဖြည်ပေးရပြီး တရား ဟောခြင်း ကိုလည်း ထိုနေရာမှပင်အဆုံးသတ် လိုက်ရပါ တော့သည်။

စကားပြန်အစ်မကြီးကလည်း ဒေါသတကြီး အော်ဟစ်ငိုယိုနေသော ကလေးငယ်ကိုချော့ရင်း နှုတ်ဆက်လျက် အိမ်သို့ ပြန်သွားပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း စကားပြန်မရှိတော့သည့်အတွက် ထိုအဒေါ်ကြီးကိုဘယ်လိုလဲ ဟူသော အကြည့် တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ ထိုအဒေါ်ကြီး၏စိတ်ထဲတွင် ထိုကလေးထံမှ သမ္မာတရား တစ်ခုကို သိရှိလိုက်သည့် အသိစိတ်အား သူ၏မျက်လုံးထဲ တွင် ကျွန်တော် မြင်တွေ့လိုက်ရပါသည်။ လူသည် အပြစ်သားဖြစ်သည့်အတွက် မွေးက တည်းကပင်လောဘ၊ ဒေါသ၊ မောဟတို့ ပါလာသည် မဟုတ်ပါလား။ အဲဒီနောက် ကျွန်တော်လည်း နှုတ်ဆက်လျက်အဒေါ်ကြီးအိမ်မှ ပြန်လာခဲ့ပါသည်။

နောက်တစ်ရက်တွင် စကားပြန်အစ်မကြီးမှ ကျွန်တော်နေရာအိမ် သို့ရောက်လာပြီး မနေ့ကအဒေါ်ကြီးသည် သမ္မာကျမ်းစာ သင်ကြားခြင်းကို ဆက်လက်ခံ ယူလိုသည့်အတွက် ကျမ်းစာထပ်မံသင်ပေးဖို့ တောင်းဆိုလာ ပါသည်။ ယခုအခါ သူမတင်မက သူနှင့်အိမ်သူအိမ်သားအားလုံး ဗတ္တိဇံခံယူလျက်ယုံကြည်ခြင်း ခိုင်မာသော ခရစ်ယာန်များဖြစ်နေကြပြီဖြစ်ပါသည်။ မှတ်မှတ်ရရ ထိုနှစ်အသင်းတော်တွင် ဧဝံဂေလိ အမှုတော်ဆောင် တစ်ဆယ့်နှစ်ဦးဖြင့် အမှုတော်ဆောင်စေသည့်အတွက် အသင်းတော်၏ လစဉ် ပထမအပတ် ပွဲတော်နေ့တိုင်းတွင် ပြောင်းလဲလာသောလူသစ်များ၏ နှစ်ခြင်း မင်္ဂလာခံယူခြင်း အစီအစဉ် ရှိခဲ့ပါသည်။

ကျွန်တော်ထိုရွာကို ဧဝံဂေလိစဝင်စဉ် ထမ်းပိုးမညီ သုံးအိမ်သာရှိပါသည်။ တနည်းအားဖြင့် အိမ်ခြေနှစ်ရာကျော်ရှိသော ထိုရွာတွင် ခရစ်ယာန်သုံးဦးသာရှိပါသည်။ ထိုထမ်းပိုးမညီ အမျိုးသမီးသုံးဦးတို့၏ ဧဝံဂေလိ စိတ်အားထက်သန်မှု ၊ ရွာခံများ ဖြစ်သည့် သူတို့ကိုယ်တိုင်က ပါဝင်မှုနှင့် အသင်းတော်မှ ဝိုင်းဝန်း ဆုတောင်းပေးမှု တို့ကြောင့် ယခုအခါ ထိုရွာလေးတွင် ယုံကြည်သူမြောက်များစွာရှိလာပြီး အလွန် လှပသော ဘုရားကျောင်းကြီး တစ်ကျောင်းနှင့် သင်းအုပ်ဆရာမတစ်ဦးပင် ရှိနေပြီ ဖြစ်ပါသည်။

 

လူခပ်သိမ်းတို့သည်ယေရှုခရစ်၏ အကျိုးကိုမရှာ

Filed under: ကွဲပြားခြင်း — amayaphay @ 11:57 am
Tags:

လူခပ်သိမ်းတို့သည်ယေရှုခရစ်၏ အကျိုးကိုမရှာ၊ ကိုယ့်အကျိုးကိုသာရှာကြ၏။ (ဖိ ၂း၂၁)

ကျွန်ရောင်းဝယ်ရေးစင်မြင့်ပေါ်တွင် မိန်းမငယ်တစ်ဦး ဘဝကိုနာကြည်းစွာနဲ့ မျက်ရည်ကျနေပါသည်။ သူ့အလှည့်ရောက်သောအခါ ဈေးပြိုင်ပေးကြပြီး အမြင့်ဆုံး ဈေး၏ နှစ်ဆကို လူကြီးလူကောင်းတစ်ဦးက ပေးလိုက်ပါသည်။ စင်မြင့်ပေါ်မှ ထိုအမျိုး သမီးငယ်ကို ခေါ်ဆောင်လာပြီး အရောင်းအဝယ်စာချုပ်ကို ချုပ်ပေးပြီးသောအခါ ကျွန်ပိုင်ရှင်များက ထိုလူကြီးလက်ထဲသို့ အမျိုးသမီးငယ်အား အပ်ပေးစဉ် အမျိုးသမီး ငယ်က လူကြီးမင်း၏မျက်နှာအား တံတွေးနှင့် အားရပါးရ ထွေးလိုက်ပါသည်။ လူကြီးမင်းက တည်ငြိမ်စွာဖြင့် အိတ်ထဲမှ လက်ကိုင် ပုဝါကိုထုတ်ပြီး သုတ်လိုက်ပါ သည်။ ပြီးနောက် လူကြီးမင်းက ]မိန်းမငယ် ဒီစာချုပ်ကို သေသေချာချာ သိမ်းထားပါ၊ မင်းကိုဘယ်သူမှ ကျွန်မပြုနိုင်တော့ဘူး၊ မင်းကျွန်ဘဝကနေ လွတ်မြောက်သွားပြ}ီ ဟုဆိုပြီး စာချုပ်ကို မိန်းမငယ်လက်ထဲသို့ ထည့်ပေးခဲ့ကာ လှည့်ပြန်သွားပါသည်။ မိန်းမငယ်မှာ ခေတ္တမျှတွေဝေသွားပြီး စဉ်းစားကာ လူကြီးမင်းအနောက်သို့ပြေးလိုက်သွား ပါသည်။ အဲဒီနောက် လူကြီးမင်းရှေ့တွငဒူးထောက်ပြီး ]ကျွန်မကို ကျွန်ဘဝကနေ လွတ်မြောက်စေတဲ့ လူကြီးမင်းရဲ့ လက်ထဲမှာပဲ တစ်သက်လုံးကျွန်ခံပါရစေ} လို့ အခွင့် တောင်းခံ လိုက်ပါတော့သည်။ဒီလိုပဲ ကျွန်ုပ်တို့လူသားအားလုံးကို အပြစ်ကျွန်ဘဝမှ လွတ်မြောက်စေခဲ့တဲ့ ယေရှုဘုရားရဲ့ လက်တော်ထဲမှာ ကျွန်ခံရခြင်းထက် လုံခြုံစိတ်ချသောအသက်တာ အဘယ်မှာရရှိနိုင်ပါမည်နည်း။