အမေးများအတွက် အဖြေလွှာ

မိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။ December 10, 2009

Filed under: သက်သေခံချက်များ — amayaphay @ 12:00 pm
Tags:

ယောကျာ်းများစွာရှိပေမည့်စစ်မှန်သောမိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

ယခုလောလောလတ်လတ်အဖြစ်အပျက်လေးတစ်ခုကို သက်သေခံလို ပါသည်။ အိမ်သို့မကြာမကြာ လာရောက် လည်ပတ် တတ်သော သားသမီးငယ်လေးဦး ရှိသည့်မုဆိုးမတစ်ဦးရှိပါသည်။ တစ်နေ့သူနှင့် စကားလက်ဆုံ ပြောဖြစ်ကြစဉ် သူ့အမျိုး သားနာမကျန်းဖြစ်လာသောအခါ တန်ခိုးကြီး ဘုရားစုံသို့ လှည့်လည်သွားရောက်ဖူး လိုသော်လည်း နာမကျန်းဖြစ်သည်ကတစ်ကြောင်း ငွေကြေး အခက်အခဲရှိသည်က တစ်ကြောင်းတို့ကြောင့် သူ့ဧည့်ခန်းမတွင် တန်ခိုးကြီးသည်ဟူသော ဘုရားအစုံ၏ ရုပ်ပုံ နှင့် ရုပ်တုများတို့ကိုဝယ်ယူ ချိတ်ဆွဲထားပြီး ကိုးကွယ်ထားပါသည်။ သူ့အမျိုးသားဆုံးသွားပေမည့် ထိုဘုရားအစုံကို ယနေ့တိုင် ထားရှိကိုးကွယ် နေကြောင်း ပြောပြပါသည်။

ထိုအခါ ကျွန်တော်က သူ့အား “အမကြီး လောကမှ ယောကျာ်းများ စွာရှိပေမည့် မိမိရဲ့ ဖခင်စစ်ကတော့ တစ်ဦးတည်းရှိမည် ဆိုတာ လက်ခံလား” လို့ဆိုတော့ သူကပြာပြာသလဲ ထောက်ခံပါသည်။ “ထိုဖခင်က ငါသည် ယောကျာ်းဖြစ်သည့်အတွက် ယောကျာ်းတွေ မြင်တိုင်း အဖေလို့ ခေါ်လို့ ရတယ် လို့ပြောပါမည်လား” ဟုမေးလျှင် မပြောကြောင်းကို သူကဝန်ခံပါသည်။ “တကယ်လို့ အသိပညာ မကြွယ်သေးသည့် သူ့သား ငယ်တစ်ဦးက ယောကျာ်းတိုင်းကို အဖေဟု လိုက်ခေါ်ပါက ထိုအဖေက ဘယ်လိုပြောမလဲ” ဟု သူ့အားမေး သောအခါ “ငါကလွဲရင် ဘယ်သူ့ကိုမှ အဖေလို့မခေါ်ရဘူးလို့ပြောမှာပေါ့ ” ဟု သူကဆိုပါသည်။

ဒီလိုပဲ လောကမှာ “ဘုရားအများရှိပေမည့် စစ်မှန်သောဘုရားကတစ်ဆူ                                       တည်းရှိပါသည်။ ထိုစစ်မှန်သည့်တစ်ဆူတည်း သောဘုရားက ဘုရားဟုထင်တိုင်း လိုက်ပြီးကိုးကွယ်နေလျှင် ကြိုက်မည်လား” ဟုမေးသောအခါ၊ “အဖေတောင်မကြိုက်တာ ဘုရား ဆိုပိုပြီး မကြိုက်ဘူးပေါ့” ဟု ထိုအစ်မကြီးက ဝန်ခံပါသည်။ “ဒါဆိုဘုရားစစ်က ဘယ်လိုပညတ်မလဲ” ဟု သူ့ကိုသာ အဖြေပေးခိုင်း သောအခါ “ငါကလွဲရင်ဘယ်သူ့ကိုမှ ဘုရားလို့ မခေါ်ရဘူး၊ မကိုးကွယ်ရဘူးလို့ပညတ်မှာပေါ့” ဟု သူကိုယ်တိုင်ပဲ အဖြေပေးပါသည်။

ထိုအခါ ကျွန်တော်က “ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရ ၊ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်ရ ဦးမချ ဝတ်မပြု ရဟု ပညတ်သောဘုရားတစ်ဆူ တည်းရှိပါသည်။ ထိုကဲ့သို့ ပညတ်သောဘုရားဟာ ဘုရားစစ်ပဲ၊ ထိုဘုရားကို ရှာပါဟု” ကျွန်တော် ကသူ့အား ပြောပြပြီး သူ့လုပ်ငန်းနှင့် သားသမီးများတို့အတွက် ဆုတောင်းပေး လိုက်ပါသည်။ (more…)

Advertisements
 

လက်တွေ့ဧဝံဂေလိဆိုင်ရာသက်သေခံချက်များ

Filed under: သက်သေခံချက်များ — amayaphay @ 11:58 am
Tags:

ဧဝံဂေလိပြောရန် ကျွန်တော်သည် တန်ဆာပလာသာဖြစ်ပြီး အမှန်တကယ်ပြောသူမှာ ဘုရားဖြစ်၏။

ကျွန်တော်ခသ ၂၀ဝ၀ အထူး ဧဝံဂေလိလုပ်ငန်းတွင် ဆက်ကပ်ရန် တပည့် တော်ဖြစ်သင်တန်း သုံးလကို အရင်တက်ရ ပါသည်။ လူတို့ထံ အဘယ်ကဲ့သို့ ချဉ်းကပ် ရမည် အဘယ်ကဲ့သို့ပြောရမည်ကို ဆရာက စာတွေ့နှင့် အတွေ့အကြုံများကို သင်ပေးပြီး နှစ်ယောက်တစ်တွဲ အပြန်အလှန်ပြောဆို လေ့ကျင့်ရပါသည်။ ထို့နောက် ညနေပိုင်းတွင် ဆေးရုံသို့သွားပြီး  အရိုးဌာနရှိ လူနာများ အား သွားရောက် ပြောဆို လေ့ကျင့်ခဲ့ပါသည်။ နောက်တစ်နေ့တွင် ရပ်ကွက်ထဲဆင်း၍ လေ့ကျင့်ပြောကြားစေခဲ့ပါသည်။ လူတို့နား ထောင်လိုသည်ဖြစ်စေ နားမထောင်လိုသည်ဖြစ်စေ ပြောဆိုခြင်းမျိုးမပြုပါဘဲ ဝိညာဉ် တော်ဘုရား၏ လမ်းပြမှုအတိုင်း အရင်ဆုံး မိတ်ဖွဲ့ စကားပြောကာ ဧဝံဂေလိ ပြောဖို့ အခွင့်သာမှသာလျှင်ပြောပြီး အခွင့်မသာပါက ဝေစာလောက်သာပေး၍ ပြန်ခဲ့ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး အောက်ကျို့လျက် ဧဝံဂေလိကိုပြောရန် ဘုရားရှင်၏ ဝိညာဉ်တော်မစမှုမပါရှိဘဲ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။

ကျွန်တော်တတ်သည်က တရားသုံးပါးအကြောင်းသာဖြစ်ပါသည်။ ကျွန်တော် ဧဝံဂေလိပြောရန် တာဝန်ပေး ထားသော ရွာလေးသည် မြန်မာစကားသိပ်မပြောတတ်ကြ ပါ။ ထို့ကြောင့် စကားပြန်နှင့် ဧဝံဂေလိ ပြောရပါသည်။ ထိုရွာတွင် အဒေါ်ကြီးတစ်ဦး ကို စကားပြန်ဖြင့် တရားစဟောပါသည်။ စကားပြန်နှင့်အတူ တစ်နှစ်သားအရွယ် ကလေးတစ်ဦးလည်း လိုက်ပါလာပါသည်။

အပြစ်တရားအကြောင်းကိုစပြောစဉ် လူသည်မွေးဖွားလာကတည်းက ဗီဇ အပြစ်ပါလာကြောင်း ထို့ကြောင့် ကလေးဘဝ ကတည်းကပင် အပြစ်ကိုသင်ပေး စရာမလိုဘဲ လုပ်တတ်ကြောင်း ပြောသောအခါ အဒေါ်ကြီးက ရယ်ပါသည်။ လူသည် အပြစ်သား ဖြစ်သည်က ပထမ အပြစ်ပြုတတ်သည်က ဒုတိယဖြစ်ပြီး ထိုအပြစ်သား ဖြစ်သော လူသားတိုင်း ငရဲသားများသာ ဖြစ်ကြောင်း ရှင်းပြ သော်လည်း လက်မခံသည့် အပြင်သူသည် လူကောင်းတစ်ဦးဖြစ်ကြောင်းနှင့် သေလျှင် ကောင်းရာဘုံသို့ ရောက်မည့် သူဖြစ်ကြောင်း ကျွန်တော့ကို ယုံကြည်မှုအပြည့်နှင့် ပြန်ပြောနေပါသည်။ မည်သို့မျှ ရှင်းပြလို့လည်းမရပါ။ ထိုစဉ် စကားပြန် အမကြီးရဲ့သားကလည်း အိမ်ပြန်ဖို့ရန် ငိုယို အော်ဟစ်နေပါသည်။

တရားသုံးပါးတွင် နောက်ထပ်နှစ်ချက် ထပ်ပြောဖို့နေနေသာသာ ပထမအပြစ် တရားအကြောင်းပင် ရှင်းလို့မပြီး၊ ကလေး ကလည်း ပြန်ဖို့ တချိန်လုံး ငိုယိုဂျီကျ နေသည်။ စကားပြန်မှ စကားပြန်ဆိုပေးနေစဉ် ဘုရားကိုကျွန်တော်ကအကူအညီ တောင်းရ ပါတော့သည်။ မကြာပါ၊ လမ်းပင်မလျှောက်တတ်သေးဘဲ မတ်တတ်ရပ် တတ်ခါစသားလေးက ထိုင်နေသော သူ့အမေ၏ ဆံပင်ကို မလွှတ်တမ်းဆွဲပြီး ၊ ဒေါသ တကြီးနှင့် ငိုယိုအော်ဟစ် ကန်ကျောက်ပါ တော့သည်။ ကျွန်တော်နှင့် အဒေါ်ကြီးက ဝိုင်းဖြည်ပေးရပြီး တရား ဟောခြင်း ကိုလည်း ထိုနေရာမှပင်အဆုံးသတ် လိုက်ရပါ တော့သည်။

စကားပြန်အစ်မကြီးကလည်း ဒေါသတကြီး အော်ဟစ်ငိုယိုနေသော ကလေးငယ်ကိုချော့ရင်း နှုတ်ဆက်လျက် အိမ်သို့ ပြန်သွားပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း စကားပြန်မရှိတော့သည့်အတွက် ထိုအဒေါ်ကြီးကိုဘယ်လိုလဲ ဟူသော အကြည့် တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ ထိုအဒေါ်ကြီး၏စိတ်ထဲတွင် ထိုကလေးထံမှ သမ္မာတရား တစ်ခုကို သိရှိလိုက်သည့် အသိစိတ်အား သူ၏မျက်လုံးထဲ တွင် ကျွန်တော် မြင်တွေ့လိုက်ရပါသည်။ လူသည် အပြစ်သားဖြစ်သည့်အတွက် မွေးက တည်းကပင်လောဘ၊ ဒေါသ၊ မောဟတို့ ပါလာသည် မဟုတ်ပါလား။ အဲဒီနောက် ကျွန်တော်လည်း နှုတ်ဆက်လျက်အဒေါ်ကြီးအိမ်မှ ပြန်လာခဲ့ပါသည်။

နောက်တစ်ရက်တွင် စကားပြန်အစ်မကြီးမှ ကျွန်တော်နေရာအိမ် သို့ရောက်လာပြီး မနေ့ကအဒေါ်ကြီးသည် သမ္မာကျမ်းစာ သင်ကြားခြင်းကို ဆက်လက်ခံ ယူလိုသည့်အတွက် ကျမ်းစာထပ်မံသင်ပေးဖို့ တောင်းဆိုလာ ပါသည်။ ယခုအခါ သူမတင်မက သူနှင့်အိမ်သူအိမ်သားအားလုံး ဗတ္တိဇံခံယူလျက်ယုံကြည်ခြင်း ခိုင်မာသော ခရစ်ယာန်များဖြစ်နေကြပြီဖြစ်ပါသည်။ မှတ်မှတ်ရရ ထိုနှစ်အသင်းတော်တွင် ဧဝံဂေလိ အမှုတော်ဆောင် တစ်ဆယ့်နှစ်ဦးဖြင့် အမှုတော်ဆောင်စေသည့်အတွက် အသင်းတော်၏ လစဉ် ပထမအပတ် ပွဲတော်နေ့တိုင်းတွင် ပြောင်းလဲလာသောလူသစ်များ၏ နှစ်ခြင်း မင်္ဂလာခံယူခြင်း အစီအစဉ် ရှိခဲ့ပါသည်။

ကျွန်တော်ထိုရွာကို ဧဝံဂေလိစဝင်စဉ် ထမ်းပိုးမညီ သုံးအိမ်သာရှိပါသည်။ တနည်းအားဖြင့် အိမ်ခြေနှစ်ရာကျော်ရှိသော ထိုရွာတွင် ခရစ်ယာန်သုံးဦးသာရှိပါသည်။ ထိုထမ်းပိုးမညီ အမျိုးသမီးသုံးဦးတို့၏ ဧဝံဂေလိ စိတ်အားထက်သန်မှု ၊ ရွာခံများ ဖြစ်သည့် သူတို့ကိုယ်တိုင်က ပါဝင်မှုနှင့် အသင်းတော်မှ ဝိုင်းဝန်း ဆုတောင်းပေးမှု တို့ကြောင့် ယခုအခါ ထိုရွာလေးတွင် ယုံကြည်သူမြောက်များစွာရှိလာပြီး အလွန် လှပသော ဘုရားကျောင်းကြီး တစ်ကျောင်းနှင့် သင်းအုပ်ဆရာမတစ်ဦးပင် ရှိနေပြီ ဖြစ်ပါသည်။

 

လူခပ်သိမ်းတို့သည်ယေရှုခရစ်၏ အကျိုးကိုမရှာ

Filed under: ကွဲပြားခြင်း — amayaphay @ 11:57 am
Tags:

လူခပ်သိမ်းတို့သည်ယေရှုခရစ်၏ အကျိုးကိုမရှာ၊ ကိုယ့်အကျိုးကိုသာရှာကြ၏။ (ဖိ ၂း၂၁)

ကျွန်ရောင်းဝယ်ရေးစင်မြင့်ပေါ်တွင် မိန်းမငယ်တစ်ဦး ဘဝကိုနာကြည်းစွာနဲ့ မျက်ရည်ကျနေပါသည်။ သူ့အလှည့်ရောက်သောအခါ ဈေးပြိုင်ပေးကြပြီး အမြင့်ဆုံး ဈေး၏ နှစ်ဆကို လူကြီးလူကောင်းတစ်ဦးက ပေးလိုက်ပါသည်။ စင်မြင့်ပေါ်မှ ထိုအမျိုး သမီးငယ်ကို ခေါ်ဆောင်လာပြီး အရောင်းအဝယ်စာချုပ်ကို ချုပ်ပေးပြီးသောအခါ ကျွန်ပိုင်ရှင်များက ထိုလူကြီးလက်ထဲသို့ အမျိုးသမီးငယ်အား အပ်ပေးစဉ် အမျိုးသမီး ငယ်က လူကြီးမင်း၏မျက်နှာအား တံတွေးနှင့် အားရပါးရ ထွေးလိုက်ပါသည်။ လူကြီးမင်းက တည်ငြိမ်စွာဖြင့် အိတ်ထဲမှ လက်ကိုင် ပုဝါကိုထုတ်ပြီး သုတ်လိုက်ပါ သည်။ ပြီးနောက် လူကြီးမင်းက ]မိန်းမငယ် ဒီစာချုပ်ကို သေသေချာချာ သိမ်းထားပါ၊ မင်းကိုဘယ်သူမှ ကျွန်မပြုနိုင်တော့ဘူး၊ မင်းကျွန်ဘဝကနေ လွတ်မြောက်သွားပြ}ီ ဟုဆိုပြီး စာချုပ်ကို မိန်းမငယ်လက်ထဲသို့ ထည့်ပေးခဲ့ကာ လှည့်ပြန်သွားပါသည်။ မိန်းမငယ်မှာ ခေတ္တမျှတွေဝေသွားပြီး စဉ်းစားကာ လူကြီးမင်းအနောက်သို့ပြေးလိုက်သွား ပါသည်။ အဲဒီနောက် လူကြီးမင်းရှေ့တွငဒူးထောက်ပြီး ]ကျွန်မကို ကျွန်ဘဝကနေ လွတ်မြောက်စေတဲ့ လူကြီးမင်းရဲ့ လက်ထဲမှာပဲ တစ်သက်လုံးကျွန်ခံပါရစေ} လို့ အခွင့် တောင်းခံ လိုက်ပါတော့သည်။ဒီလိုပဲ ကျွန်ုပ်တို့လူသားအားလုံးကို အပြစ်ကျွန်ဘဝမှ လွတ်မြောက်စေခဲ့တဲ့ ယေရှုဘုရားရဲ့ လက်တော်ထဲမှာ ကျွန်ခံရခြင်းထက် လုံခြုံစိတ်ချသောအသက်တာ အဘယ်မှာရရှိနိုင်ပါမည်နည်း။

 

ပေးကမ်လှူဒါန်းခြင်းဆိုသည်မှာ

ပေးကမ်လှူဒါန်းခြင်းဆိုသည်မှာ

ဘုရင်မကြီးတစ်ဦးသည် တောတွင်းလျှောက်လမ်းအတိုင်း သာမန်အရပ်သား ဝတ်စုံဖြင့် လမ်းလျှောက်ထွက်လေ့ရှိပါသည်။ တစ်နေ့ လမ်းလျှောက်နေစဉ် မိုးသည်း ထန်စွာ ရွာသွန်းလာသည့်အတွက် နီးရာတဲတစ်ခုအတွင်းသို့ ဝင်ရောက်ခိုနားခဲ့ပါသည်။ များမကြာမှီ ထိုတဲပိုင်ရှင်အမျိုးသမီးကြီးပြန်လာပါသည်။ မိုးကလည်း မစဲနိုင်သည့် အတွက် ထိုအမျိုးသမီးကြီးထံမှ ထီးတစ်လက်ငှါးပေးပါရန် အကူအညီ တောင်းခံခဲ့ ပါသည်။ ထိုအမျိုးသမီးကြီးက ၄င်း၏ ထီးနှစ်လက်ရှိသည့်အနက်မှ ထီးအစုတ် တစ်လက်ကို ငှါးပေးလိုက်ပြီး စကားမာမာဖြင့် ဆက်ဆက်ပြန်လာပေးဖို့ အထပ်ထပ် မှာလိုက်ပါသည်။ နောက်တစ်နေ့တွင် ထိုအမျိုးသမီးကြီး၏ တဲရှေ့သို့ ဘုရင့်နန်းတော်မှ မြင်းရထားများ ဆိုက်ရောက်လာပြီး ကိုယ်ရံတော်တစ်ဦးက ဘုရင်မကြီးငှါးသွားသည့် ထီးကိုပြန်လာပေးကြောင်း ပြောပြီးပြန်သွားပါသည်။ ထိုအခါမှ ဘုရင်မကြီးကို အကောင်းဆုံးမပေးလိုက်ရ၊ ဧည့်မခံလိုက်ရသည့်အတွက် နောင်တကြီးစွာ ရလေသတည်း။ ကျမ်းစာက အငယ်ဆုံးသောသူ တစ်ယောက်အားပြုသမျှသည် ငါ့အား ပြုပြီ။ မင်းကြီးကငါအမှန်ဆိုသည်ကား သင်တို့ သည် ဤသူတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား မပြုသမျှတို့ကို ငါ့အားမပြုကြပြီဟု ပြန်၍ မိန့်တော် မူလတံ့။(မ ၂၅း၄၅) မိမိရရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို ဖယ်ပြီး ဘုရား၏အမှုတော်ဆောင်၊ မိမိဝန်းကျင်ရှိ  အမှန်တကယ်အကူအညီလိုအပ်နေသော တပါး အမျိုးသားများ၊ (ယေရှုက မိမိဝန်းကျင်ရှိ ခက်ခဲဆင်းရဲဒုက္ခရောက်နေ သူတိုင်းအား လူမျိုး၊ ဘာသာ၊ သာသနာမခွဲခြားဘဲ၊ အယုတ်အမြတ်မရွေး ဖေးမကူညီ ခြင်းသည် ယေရှုကို ကူညီခြင်းနှင့် အတူဖြစ်၏ဟု ပညတ်ခဲ့ပါသည်။) မိဘမဲ့နှင့် မုဆိုးမတို့ကို ဝစွာကျွေးမွေး ပေးကမ်းဖို့ ဆိုထားပါသည်။(တရား ၂၆း၁၂)

 

စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း၏ နှလုံးသား

စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း၏ နှလုံးသား

မိမိ၏ တိုင်းသူပြည်သား အများအကျိုးအတွက် မနားမနေအလုပ်ကြိုးစားနေ သော သမ္မတကြီးတစ်ဦးရှိပါသည်။ သူ့ကိုတွေ့ဖို့ လူများတန်းစီစောင့်နေကြပါသည်။ လူတိုင်းကိုလည်း အဖြစ်နိုင်ဆုံးအကူအညီများတို့ကို ပေးခဲ့ပါသည်။ဒီလိုနှင့် မုဆိုးမကြီးတစ်ဦး အလှည့်ရောက်လာပါသည်။ သမ္မတကြီးကအမျိုးသမီးကြီးအား ပြုံးပြလျက် “ဘာအကူအညီ ပေးရမှာလဲ” ဟု မေးသောအခါ “ကျွန်မက အကူအညီလိုချင် လို့မဟုတ်ပါဘူး သမ္မတကြီးရဲ့ စိတ်စေတနာကို ဂုဏ်ပြုလိုတဲ့အတွက် ကျွန်မတတ်ကျွမ်း သည့်ပညာဖြင့် အကောင်းဆုံး ကိတ်မုန့်တစ်လုံးကို ဖုတ်ပြီး စားဖို့လာပေးတာပါ”ဟုဆိုပါသည်။ ထိုစဉ်သမ္မတကြီးက ဝမ်းနည်းဝမ်းသာဖြင့် မျက်ရည်ကျလျက် လူတိုင်း က သူ့ထံမှ အကူအညီတောင်းဖို့နှင့် ရဖို့ရန်သာလာကြပေသည်။ ဒီအမျိုးသမီးကြီးကဖြင့် သူ့အား ပေးဖို့လာခဲ့သည်ဆိုသည်မှာ အံ့ဩဝမ်းမြောက်ဖွယ်ရာပင် ဖြစ်နေပါသည်။ သေချာတာတစ်ခုက ထိုအမျိုးသမီးကြီးသည် အမှန်တကယ် ဘာမျှ မလိုချင်သော်လည်း သူများထက် အကျိုးထူးများ ရသွားမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်ထိုမေတ္တာ မျိုးဖြင့် ဘုရားကိုကိုးကွယ်ဖို့လိုပါသည်။

 

ခရစ်ယာန်အသက်တာဆိုသည်မှာ

Filed under: ကွဲပြားခြင်း — amayaphay @ 11:55 am
Tags:

ခရစ်ယာန်အသက်တာဆိုသည်မှာ

လူအချို့က သင်တို့သည် ကောင်းမြတ်သည့်ဘုရားကို ကိုးကွယ်သည်ဟုဆိုပြီး သူတို့နှင့် မခြား ဆင်းရဲဒုက္ခနှင့် ရောဂါဝေဒနာများ အဘယ့်ကြောင့် ခံစားနေရသေး သနည်းဟု မေးလေ့ရှိပါသည်။ အကြောင်းအရာတစ်ခုနှင့် သက်သေခံလျက် ရှင်းပြရ လျှင်၊ တစ်ခါက ကင်ဆာရောဂါကုဌာန၏အထူးခန်းတွင် လူနာနှစ်ဦးရှိနေပြီး နှစ်ဦးလုံး မကြာမှီ သေဆုံးရမည့်သူများ ဖြစ်ကြပါသည်။ လူနာတစ်ဦးက ၄င်း၏ဘဝအတွက် မကျေမနပ်ဖြစ်ကာ ယူကျုံးမရ ဝမ်းနည်းငိုကြွေးနေသော်လည်း သူ့နံဘေးမှ လူနာက ဝေဒနာ ခံစားနေရသည့်ကြားမှ ၄င်းအား အားပေးနှစ်သိမ့်လျက် ယေရှု အကြောင်း ပြောပြပြီး ဆုတောင်းပေးနေသည်ကို တွေ့ရပါသည်။ ခရစ်ယာန်များလည်း လူသားထဲမှ လူသားပေမို့ အခက်အခဲ ဒုက္ခဆင်းရဲနှင့် ရောဂါဝေဒနာများ ခံစားရနိုင်ပါ သေးသည်။ သို့သော် ထိုအရာများတို့က ဘုရား၏ ချစ်ခြင်းမေတ္တာနှင့် ဝေးကွာမသွားစေ နိုင်ပါ။ လူတစ်ဦးအနေဖြင့် ရင်ဆိုင်ကြုံတွေ့ရမည့် လောကဓံကို မကြောက်တော့ခြင်းသည် သာ စစ်မှန်သော လွတ်မြောက်ခြင်းသာတည်း။ သေခြင်းတရားသည် အို နာ သေခြင်း ကင်းဝေးသည့် ကောင်းကင်ဘုံသို့ ဝင်စားရာ တံခါးတစ်ချပ်သာတည်း။

 

ဘာသာကြီးများ၏ အယူဝါဒနှင့် ခရစ်ယာန်အယူဝါဒဆိုင်ရာ မေးခွန်းများ

Filed under: ဘာသာလေးရပ် — amayaphay @ 11:54 am
Tags:

ဘာသာကြီးများ၏ အယူဝါဒနှင့် ခရစ်ယာန်အယူဝါဒဆိုင်ရာ မေးခွန်းများ

ဘာသာတရားတိုင်းရဲ့ဆုံးမသွန်သင်မှုတရားလမ်းကကောင်းရာဘုံသို့ရောက်စေမည် မဟုတ်လား?

လမ်းအားလုံး ရောမမြို့သို့ရောက်၏ဟု အလွယ်ဆိုတတ်ကြပေမယ့် တမလွန် ခရီးသည် မျက်မြင်ရသော ရောမမြို့သို့သွားရာ လမ်းခရီးနှင့်လုံးဝမတူပါ။ သင်လုံး ဝမရောက်ဖူးသည့်နေရာသို့ လမ်းပြမြေပုံကိုကြည့်ပြီး ရောက်နိုင်သည်ဆိုပါက ကမ္ဘာပေါ် တွင် လမ်းပြဆိုသည့် အလုပ်လုံးဝရှိတော့မည်မဟုတ်ပါ။ မျက်မြင်ရသော လောကကြီး၌ ပင် လမ်းပြလိုအပ်လျှင် မျက်မြင်မရသော တမလွန်ခရီး အတွက် အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း။ တမလွန်ခရီးကို တမလွန်ကမ္ဘာမှလာသော အရှင်ကသာလျှင် လမ်းပြပေး နိုင်ပါလိမ့်မည်။

သေပြီး ဘယ်ကိုရောက်မည်ဆိုတာ သေသောအခါမှသာ လျှင်အတိအကျ သိမည်မို့ သေခြင်းတရားကိုအောင်မြင်သောအရှင်က ပြသောလမ်းမှ သာလျှင် တိကျပေ လိမ့်မည်။ ထိုကဲ့သို့သော အရည်အချင်းနှင့်ပြည့်စုံသူ ကမ္ဘာ့သမိုင်းတွင် ယေရှုတစ်ပါး တည်းသာ ပေါ်ထွန်းခဲ့ပါသည်။ သင်မရောက်ဖူးသောနေရာသို့ သင်၏ အသက်အိုးအိမ် စည်းစိမ်ကိုအပ်ပြီး သင်မသိကျွမ်းသော လမ်းပြနှင့် ခရီးသွားလျင် စိုးရိမ်မှုကင်းသော စိတ်ချရာလမ်းခရီးဖြစ်ပါတော့မည်လား။ ယနေ့သင့်တမလွန်ခရီးအတွက် စိုးရိမ်မှု ကင်းလျက် စိတ်ချရာလမ်းပြကိုရပြီးပါပြီလား။

ကျွန်တော့်အိမ်ကို အဘယ်ကဲ့သို့သွားရမည်၊ ကျွန်တော့်အိမ်မှာ ဘာတွေရှိ သည်ကို သင်သိနိုင်ပါသလား၊ သို့သော် ကျွန်တော့် အိမ်ကို ဘယ်လိုသွားရပြီး အိမ်မှာ ဘာတွေရှိသည်ဆိုသည်ကို ကျွန်တော်သာ အသိဆုံဖြစ်၍ ကျွန်တော်ပြောပြမှသာ သင်သိနိုင်သလို ကျွန်တော် ပြောပြသော လမ်းအားဖြင့်သာလျှင် ကျွန်တော့်အိမ်သို့ ရောက်နိုင်မည်ဖြစ်ပါသည်။ ထိုနည်း၎င်း တမလွန်ခရီးနှင့် ကောင်းကင်ဘုံအကြောင်းကို တမလွန်ကမ္ဘာမှလာသော ယေရှုပြောသောလမ်းသည်သာ စိတ်ချနိုင်မည် ဖြစ်ပါ ပေသည်။