ယေရှုသည် လူ့ဇာတိ ဘယ်နှစ်ရာခိုင်နှုန်း ၊ ဘုရားဇာတိဘယ်နှစ်ရာခိုင်နှုန်း ပါဝင်ပါသနည်း ?
ဘုရားမှလူ့ဇာတိခံယူခဲ့သော ယေရှုတွင် လူ့ဇာတိ ၁၀ဝ% နှင့် ဘုရားဇာတိ ၁၀ဝ% ပါဝင်ပါသည်။ သို့သော် ယေရှုဘုရား လူ့ဇာတိခံယူစဉ် ဘုရား၏ ဇာတိတန်ခိုးကို လုံးဝအသုံးမပြုဘဲ လူ့ဇာတိအပြည့်နှင့် ဝိညာဉ်တော်ဘုရား၏ မစမှုကိုယူကာ ခမည်းတော် ဘုရား၏ အလိုတော်နှင့်အညီ တန်ခိုးနိမိတ်သက်သေ များကိုပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ယေရှုက ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ငါပြုသောအမှုတို့ထက်သာ၍ ကြီးမားသော အမှုတို့ကိုပင်ပြုလိမ့်မည်ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ယေရှု သည် ဘုရားဖြစ်၍ ကျင့်နိုင် လုပ်နိုင်သည်ဟု ပြောဆိုအကြောင်းပြပိုင်ခွင့်မရှိပါ။ လူအချို့က လူ့ဇာတိခံယူလာသော ယေရှု၏ သက်တော်စဉ် တွင် ဘုရားဖြစ်ခြင်း၏ပြုခဲ့သော သက်သေများကို မယူဘဲ လူသားဖြစ် ခြင်း၏ အပြုအမူများတို့ကိုယူကာ ယေရှုသည်ဘုရား မဟုတ်ဟု ဝေဖန်ခဲ့ကြ ပါသည်။ ထိုကဲ့သို့ အမြင်တစ်ဖက်တည်းဖြင့် အမှန်တရားကို ရှာဖွေကတွေ့လိမ့်မည် မဟုတ်ပါ။