ပေးကမ်လှူဒါန်းခြင်းဆိုသည်မှာ
ဘုရင်မကြီးတစ်ဦးသည် တောတွင်းလျှောက်လမ်းအတိုင်း သာမန်အရပ်သား ဝတ်စုံဖြင့် လမ်းလျှောက်ထွက်လေ့ရှိပါသည်။ တစ်နေ့ လမ်းလျှောက်နေစဉ် မိုးသည်း ထန်စွာ ရွာသွန်းလာသည့်အတွက် နီးရာတဲတစ်ခုအတွင်းသို့ ဝင်ရောက်ခိုနားခဲ့ပါသည်။ များမကြာမှီ ထိုတဲပိုင်ရှင်အမျိုးသမီးကြီးပြန်လာပါသည်။ မိုးကလည်း မစဲနိုင်သည့် အတွက် ထိုအမျိုးသမီးကြီးထံမှ ထီးတစ်လက်ငှါးပေးပါရန် အကူအညီ တောင်းခံခဲ့ ပါသည်။ ထိုအမျိုးသမီးကြီးက ၄င်း၏ ထီးနှစ်လက်ရှိသည့်အနက်မှ ထီးအစုတ် တစ်လက်ကို ငှါးပေးလိုက်ပြီး စကားမာမာဖြင့် ဆက်ဆက်ပြန်လာပေးဖို့ အထပ်ထပ် မှာလိုက်ပါသည်။ နောက်တစ်နေ့တွင် ထိုအမျိုးသမီးကြီး၏ တဲရှေ့သို့ ဘုရင့်နန်းတော်မှ မြင်းရထားများ ဆိုက်ရောက်လာပြီး ကိုယ်ရံတော်တစ်ဦးက ဘုရင်မကြီးငှါးသွားသည့် ထီးကိုပြန်လာပေးကြောင်း ပြောပြီးပြန်သွားပါသည်။ ထိုအခါမှ ဘုရင်မကြီးကို အကောင်းဆုံးမပေးလိုက်ရ၊ ဧည့်မခံလိုက်ရသည့်အတွက် နောင်တကြီးစွာ ရလေသတည်း။ ကျမ်းစာက အငယ်ဆုံးသောသူ တစ်ယောက်အားပြုသမျှသည် ငါ့အား ပြုပြီ။ မင်းကြီးကငါအမှန်ဆိုသည်ကား သင်တို့ သည် ဤသူတို့တွင် အငယ်ဆုံးသောသူ တစ်ယောက်အား မပြုသမျှတို့ကို ငါ့အားမပြုကြပြီဟု ပြန်၍ မိန့်တော် မူလတံ့။(မ ၂၅း၄၅) မိမိရရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို ဖယ်ပြီး ဘုရား၏အမှုတော်ဆောင်၊ မိမိဝန်းကျင်ရှိ အမှန်တကယ်အကူအညီလိုအပ်နေသော တပါး အမျိုးသားများ၊ (ယေရှုက မိမိဝန်းကျင်ရှိ ခက်ခဲဆင်းရဲဒုက္ခရောက်နေ သူတိုင်းအား လူမျိုး၊ ဘာသာ၊ သာသနာမခွဲခြားဘဲ၊ အယုတ်အမြတ်မရွေး ဖေးမကူညီ ခြင်းသည် ယေရှုကို ကူညီခြင်းနှင့် အတူဖြစ်၏ဟု ပညတ်ခဲ့ပါသည်။) မိဘမဲ့နှင့် မုဆိုးမတို့ကို ဝစွာကျွေးမွေး ပေးကမ်းဖို့ ဆိုထားပါသည်။(တရား ၂၆း၁၂)
God loves cheerful givers.
ဓမ္မသစ်၌ ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်း သည် ဓမ္မဟောင်း ဆယ်ဘို့တစ်ဘို့ ပေးလှူခြင်းနှင့် မတူပါ။ အသီးသီး ကောင်းသားသည့်အတိုင်း စေတနာစိတ်နှင့် သာ ပေးလှူ ခြင်း ဖြစ်ရမည်။ ဓမ္မဟောင်း ပညတ်ကြောင့် ပေးလှူခြင်း မျိုး မဖြစ်ရပါ။ အသီးသီးကောင်းစားသည့်အတိုင်း ဟု ဆိုသောကြောင့် ခံစားရသည့် အပေါ် များသည် ဖြစ်စေ၊ နည်းသည် ဖြစ်စေ တတ်နိုင်သည့်အတိုင်း စေတနာစိတ်နှင့် သာ ပေးလှူပါ။ ဓမ္မသစ်၌ ဆယ်ဘို့တစ်ဘို့ မကန့်သတ် ထားပါ။ မာကေဒေါနိ အသင်းတော်များ သည် ဆင်းရဲလျှက်ပင် တတ်နိုင် တာထက် ပေးလှူကြောင်းကို ဖတ်ရပါသည်။ ငွေကြေး၊ ဥစ္စာ ထက် ကိုယ်ခန္ဒာ၊ စိတ်၊ ၀ိညာဉ် တို့ကို ပေးလှူ ပါသည်။ မုဆိုးမ၏ ပေးလှူခြင်း မျိုးဖြစ်ရပေမည်။
[…] ပေးကမ်လှူဒါန်းခြင်းဆိုသည်မှာ […]
[…] Comments (2) […]