တရားသုံးပါး(ရော ၅း၁၂-၁၅)
၁. အပြစ်တရား
အပြစ်တရားသည်ဤလောကသို့ ကမ္ဘာဦးလူသား နှင့် လူသားအားလုံး၏ ဖခင်ဖြစ်သော အာဒံ၏ဘုရားစကား နားမထောင် ခြင်းကြောင့် ဝင်ရောက် လာပြီး အာဒံပြုမိသောအပြစ်ကြောင့် သန့်ရှင်းသောဘုရားနှင့် အဆက်ပြတ် ကာ အာဒံမှဆင်းသက် လာသော လူသားတိုင်းလည်း သန့်ရှင်းသောဘုရား နှင့် အဆက်ပြတ်ခဲ့ရပါသည်။
အပြစ်ဆိုသည်မှာ ပစ်မှတ်လွဲချော်ခြင်း၊ဘုရားသခင်၏ သတ်မှတ်စံနှုန်းကို လိုက်၍မမှီခြင်းနှင့် ဘုရားစကားကိုနားမထောင်ခြင်း တို့ကို အပြစ်ဟုခေါ်ပါသည်။ အာဒံသည်ဘုရားသခင်က မစားရဟု တားမြစ်ထားသော ဧဒင်ဥယျာဉ်အလယ်ရှိအသီးကို ယူ၍စားခြင်း ကြောင့် ဘုရားသားမှ အပြစ်သားဖြစ်သွားရခြင်းဖြစ်ပါသည်။ အပြစ်ကြောင့် သန့်ရှင်းသောဘုရားနှင့် အဆက်ပြတ်ခဲ့ရပြီး အာဒံမှ ဆင်းသက်လာသော လူသားတိုင်း လည်းဘုရားနှင့် အဆက်ပြတ်ခဲ့ရပါသည်။
မည်သည့်ဘာသာတရားမျှ လောကကြီးတွင်မရှိမှီ အပြစ်တရားနှင့် သေခြင်း တရားက လောကကြီးတွင် အရင်ရှိနှင့်ပြီဖြစ်ပါသည်။ ဘာသာတရားအားလုံး၏ အရင်း အမြစ်ဖြစ်သော ထိုအပြစ်တရားအကြောင်းကို မသိမရှိ ပါဘဲ အပြစ်မှလွတ်ရာလမ်းမှန်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ မြင်တွေ့နိုင်သည်ဟု ဆိုပါကလည်း မှန်ကန်မှုမရှိသော စိတ်အထင်သာလျှင်ဖြစ်လျက် လည်သွားသောတရားဖြစ်ပေလိမ့်မည်။