လူများက ငါ့ကိုမည်သူဖြစ်သည်ဟု ဆိုကြသနည်း? သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဟု ဆိုကြ သနည်း?
အတွေးအခေါ်ပညာရှင်များကတော့ ယေရှုခရစ်သည် တစ်ကမ္ဘာလုံးကသိခဲ့ကြသော ပုဂ္ဂိုလ်များထဲတွင် အကြီးမြတ်ဆုံးသောသူ ဖြစ်သည်ဟု ဆိုကြသည်။ ယေရှုသည် လူသားများထဲတွင် အင်္ကြးမြတ်ဆုံးသော လူသားတစ် ယောက်သာမကပါ။ သင်သည် သူ၏ အကြောင်း ပိုမိုလေ့လာ လေလေ ပိုမိုလေးစားကြည်ညို လေလေဖြစ်ပေမည်။ ကျော်ကြားသောဘုရားမဲ့ဝါဒီများကပင် သခင်ယေရှု၏ အနှိုင်းမဲ့ ကြီးမြတ် ခြင်းနှင့် ကမ္ဘာ့သမိုင်းတွင် မည်သူမျှတုနှိုင်း၍ မမှီနိုင်သော သူ၏ပေးဆပ်မှု နှင့်ပတ်သက်၍ ပြောဆိုမှုများမှာ-
ပြင်သစ် အတွေးအခေါ်ပညာရှင် ရီနင်က “အနာဂတ်တွင် အံ့ဩဖွယ်ပုဂ္ဂိုလ်များ ပေါ်လာလိမ့်ဦး မည်သို့သော်သေချာတာ တစ်ခုကသခင်ယေရှုကိုတော့ မည်သူမျှ ကျော်လွန်နိုင် မည်မဟုတ်” ဟု ဆို၏။
ပြင်သစ် အတွေးအခေါ်ပညာရှင် ရူဆိုးက သခင်ယေရှုကိုဆိုကရေးတီးနှင့် နှိုင်းယှဉ်ရာ၌ “ဆိုကရေးတီး၏ အသက်ရှင်လုပ်ဆောင် ခဲ့မှုများကြောင့် ၄င်းအား အတွေးအခေါ်ပညာရှင်ဟုသတ်မှတ်လျှင် သခင်ယေရှု၏ အသက်ရှင်လုပ်ဆောင်မှုများကို ကြည့်၍ ယေရှုသည် ဘုရား ဖြစ်သည်ဟု မှတ်ယူနိုင်သည်” ဟုဆိုခဲ့သည်။
စစ်သူကြီး နပိုလီယန်က “ကျွန်ုပ်လူများ စွာသိခဲ့ပါသည်သို့သော် ယေရှုသည် လူသားသက်သက်မျှ မကပါ” ဟုဆိုခဲ့သည်။
အင်္ဂလိပ်ကဗျာဆရာကြီး လော့ဘိုင်ရွန်က “အကယ်၍ လူတစ်ယောက်သာ ဘုရားဖြစ်ခဲ့လျှင် သို့မဟုတ် ဘုရားသာ လူတစ်ယောက် ဖြစ်ခဲ့လျှင်ယင်းသည် သခင် ယေရှုပင်ဖြစ်သည်”ဟုဆိုခဲ့သည်။
စာရေးဆရာတစ်ဦးကလည်း “ကမ္ဘာပေါ်တွင် ဖွဲ့စည်းသမျှသောစစ်တပ်ကြီးများ၊ ဖွဲ့စည်းခဲ့ သမျှသော အာဏာရှင်အဖွဲ့များ၊ အုပ်ချုပ်ခဲ့သမျှသောဘုရင်များ အားလုံးတို့၏ လူသားတို့အပေါ် ဩဇာ လွှမ်းမိုးသက်ရောက်မှုများကိုပေါင်းစည်းခဲ့လျှင် ယင်းသည် ယေရှုဟူသော ပုဂ္ဂိုလ်တစ်ယောက်၏ လူသားတို့အပေါ် ဩဇာသက်ရောက်နိုင်မှုကို မှီနိုင်မည် မဟုတ်ပေ” ဟုရေးသားခဲ့ပါသည်။
ဂျူးလူမျိုးသမိုင်းပညာရှင် ဖလေးဗိယပ်က သခင်ယေရှု၏ဘဝနှင့် အသက်ရှင်မှု ကို လေ့လာပြီး ယေရှုသည်မေရှိယဖြစ်သည်ဟု ခိုင်မာစွာဖော်ပြခဲ့သည်။ ဂျာမနီပြည်၌ အထင်ရှားဆုံးသော စာပေဂီတ ပါရမီရှင်ကြီး ဂျိုဟန်က သခင်ယေရှုအားသန့်ရှင်း မြင့်မြတ်သော ဘုရားဟု ခေါ်ခဲ့ပြီး အကယ်၍ဘုရားသည် ကမ္ဘာပေါ်သို့ တစ်ကြိမ် တစ်ခါကြွလာခဲ့သည် ဆိုလျှင်ယင်းသည် ယေရှုခရစ်တော် အားဖြင့်ကြွလာခဲ့ခြင်း ပင်ဖြစ်သည်ဟု ရေးသားခဲ့သည်။
သခင်ယေရှု၏ ဘုရားဖြစ်ကြောင်း ပြုခဲ့သောအမှုနှင့် မိန့်ဆိုချက်အချို့
ခရစ်ယာန်ဘာသာသည် တိကျမှန်ကန်သော အသိတရားအုတ်မြစ်ပေါ်၌ တည်ဆောက်ထား၍ သခင်ယေရှု မိန့်ဆိုချက်များကို ခိုင်ခိုင်မာမာနှင့် ရှင်းလင်းစွာ ဖေါ်ပြနိုင်ခြင်း ဖြစ်ပါသည်။ ယေရှုသည် ဘုရားဖြစ်ကြောင်းလေ့လာနိုင်ရန် ယေရှု၏ မိန့်ဆို ချက်အချို့ကို ဖေါ်ပြလိုပါသည်။
မွေးရာပါ မျက်စိကန်းသောသူကို ပြန်မြင်စေသော အခါ ယေရှုက ငါသည် လောက၏အလင်းဖြစ်သည်။
ငါးထောင်မကသောသူများကို မုန့်ငါးလုံး နှင့် ငါးနှစ်ကောင်အားတန်ခိုးနှင့် ပွါးစေလျက် လူများ ဝစွာစား ပြီးသောအခါ ယေရှုက ငါသည် အသက်မုန့် ဖြစ်သည်။
ယေရှုအားအဆုံးစီရင်မည့်နေ၌ ဘုရားသခင်၏သားတော် ဟုတ်မဟုတ် မေးသောအခါ ယေရှုက သင်ဆိုသည့်အတိုင်းမှန်၏။
ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်လာသောအခါ တပည့်တော်သော မကမြင်လျှင် အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ဆိုသောအခါ ယေရှုက ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။
သေပြီးလေးရက်ရှိပြီဖြစ်သော လာဇရုကို သင်္ချိုင်းဂူမှ ပြန်ရှင်စေပြီး ယေရှုက ငါသည် ထမြောက်ခြင်း အကြောင်း အသက် ရှင်ခြင်းအကြောင်း ဖြစ်၏။ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။