ကျမ်းဟောင်းတွင် ဘုရားက ရက်စက်ကြမ်းကြုတ်ပြီး ကျမ်းသစ်တွင် ဘုရား ကနူးညံ့ကာ အသွင်မတူတာ ဘာ့ကြောင့်ပါလဲ?
ဘုရားသည် လူကို မျက်နှာမလိုက်ဘဲ အပြစ်ရှိသည်အလျှောက်စီရင်တတ် သလို ကောင်းမြတ်သူကိုလည်း ဆုပေးတတ်ကာ နောင်တရသူကိုလည်း ခွင့်လွှတ်တော် မူတတ်သည့် မေတ္တာရှင်လည်းဖြစ်ပါသည်။ ကျမ်းဟောင်းသည် လူကိုစဖန်ဆင်းချိန်မှ နှစ်ပေါင်းလေးထောင်ခန့်၏ မှတ်တမ်းများကိုဖေါ်ပြပြီး ကျမ်းသစ်မှာ ယေရှု လူ့ဇာတိခံယူချိန်မှစလို့ သူ၏တမန်တော်များအကြောင်း နှစ်ပေါင်းတစ်ရာအတွင်း ပြုခဲ့သောအမှုများကိုသာ မှတ်တမ်းတင် ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ နှစ်တစ်ရာအတွင်း နှင့် နှစ်လေးထောင်ခန့်အတွင်း ဖေါ်ပြမှတ်တမ်းခြင်း မတူညီသော်လည်း ဘုရား၏ သဘောတော်ကတော့ အတူတူပဲဖြစ်ပါသည်။