အမေးများအတွက် အဖြေလွှာ

ယခု ယေရှုဘယ်မှာရှိနေပါသနည်း? December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 10:10 am
Tags:

(ဟေရှာယ ၉း၆) တွင် ငါတို့အဖို့သူငယ်ကိုဖွားမြင်မည်.. နာမတော်မူကား အံ့ဩဖွယ် တိုင်ပင်ဖက် တန်ခိုးကြီးသော ဘုရားသခင်.. ဖြစ်ပါသည်။

(ယော ၄း၂၄) မှာ ဘုရားသခင်သည်နာမ်ဝိညာဉ် ဖြစ်တော်မူ၏ဟုဆိုထားသောကြောင့် ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွ သွားသော်လည်း ယခုအခါ နာမ်ဝိညာဉ်အနေဖြင့် နေရာတိုင်းတွင် တပြိုင်နက် ရှိနေပါသည်။

(ဗျာဒိတ် ၃း၂၀) မှလည်း ယေရှုခရစ်တော်က ငါသည်တခါးရှေ့မှာရပ်၍ ခေါက်လျက် နေ၏… .. ဟုဆိုထားပါသည်။

ထိုယေရှုခရစ်တော်သာ ကျွန်တော်တို့အထဲရောက်လာလျှင် ဖာရိရှဲ ကျမ်းပြုဆရာ တို့ကျင့်သောအကျင့်ထက် သာလွန်သော သူများ ဖြစ်သွားပါမည်။

(ရောမ ၈း၉) ခရစ်တော်၏ဝိညာဉ်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင် ဟုအတိအလင်း  ဆိုထားပါသည်။

ခရစ်တော်၏ဝိညာဉ်ကို ဘယ်လိုရနိုင်မည်နည်း?

(ဧဖက် ၃း၁ရ)ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးထဲ၌ ကျိန်းဝပ်တော် မူမည် ဟုဆိုထားပါသည်။

ယုံကြည်ခြင်းဖြင့် ယေရှုခရစ်တော်သည် ငါ၏အထဲ၌တည်နေသည်ဟု သင်ယုံကြည်ပါ ကသင့်ကို မည်သူမျှ ပြုစား၍ ရတော့မည် မဟုတ်ပါ။

(၁ကော၃း၁၆) သင်တို့သည်ဘုရားခင်၏ဗိမာန်တော်ဖြစ်သည်ကို၎င်း ဘုရားခင်၏ ဝိညာဉ်တော် သည်သင်တို့ထဲ၌ ကျိန်းဝပ်တော်မူ သည်ကို၎င်း မသိကြသလော၊

(၂ ကော ၁၃း၅) ယေရှုခရစ်တော်သည် သင်တို့၌တည်တော်မူသည်ဟု ကိုယ်အကြောင်း ကို ကိုယ်မသိကြသလော၊

(ဂလာတိ ၄း၁၉) ခရစ်တော်သည် သင်တို့အထဲ၌တည်လျက်ရှိတော်မူသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s