အမေးများအတွက် အဖြေလွှာ

ဘာ့ကြောင့်မယုံကြတာလည်း December 10, 2009

ယေရှုသည် ဘုရားဖြစ်ကြောင်း သက်သေအခိုင်အမာရှိပါသော်လည်း ယေရှုကိုလက်မခံနိုင်သောသူများ ဘာ့ကြောင့်ရှိနေရပါသနည်း?

ယေရှုသည် ဘုရားဖြစ်ခြင်းနှင့်သေခြင်းတရားကို အောင်မြင်ခဲ့ကြောင်း သမိုင်းသက်သေများခိုင်လုံစွာမရှိလို့မဟုတ်ပါ၊ လွဲမှားသည့်ဒဿန အတွေးအခေါ်များ နှင့် မိမိအသိကို ပိတ်ထားသောကြောင့်စစ်မှန်သော အမှန်တရားသည်သူတို့အထဲသို့ မဝင်ရောက်နိုင်ခြင်း ဖြစ်ပါသည်။ ယေရှုဘုရားကိုယ်တိုင်ကလည်း မြေကြီးပေါ်မှာရှိသော မောရှေမှစ၍ ပရောဖက်တို့၏ စကားကို လက်မခံလျှင် သေသောသူထဲမှဆင်း ပြောလည်း လက်ခံနိုင်ကြလိမ့်မည်မဟုတ်ဟု ဆိုခဲ့ပါသည်။ (လု ၁၆း၃၁)

ယနေ့ ကမ္ဘာကြီးတွင် ဘုရားပေါင်းမြောက်များစွာရှိနေပါသည်။ လူအချို့ တို့သည် ရှေးယခင်အချိန်က နွားအားဖြင့်သာ ထွန်ယက် စားသောက်ကြရသောကြောင့် နွားကို ကျေးဇူးရှင်အနေဖြင့် ဘုရားဟုပင်သတ်မှတ်ကာ ကိုးကွယ်လာခဲ့ကြပါသည်။ ယခုအခါ ထွန်စက် တစ်စင်းဖြင့် တစ်နေ့ကို လယ်မြေဧက ၅၀ဝ ခန့်ထွန်ယက် စိုက်ပျိုး နိုင်ပြီး အချိန်ကုန်လူပန်းသက်သာစေသော ကျေးဇူးကိုရကြပြီ ဖြစ်ပါသည်။ သို့သော်လူတို့သည် ထွန်စက်ကိုတော့ မကိုးကွယ်ပါဘဲ ရှေးရိုး အစဉ်အလာအရ နွားကိုသာကိုးကွယ်နေကြဆဲဖြစ်ပါသည်။

ထိုနည်း၎င်းဘုရားမှန်ကိုမသိခဲ့သည့်အတွက် မိရိုးဖလာအရ ဘုရားဖြစ်ကြောင်း ပြုခဲ့သောအမှုနှင့် အဆိုအမိန့် သက်သေမရှိပေမည့် ထိုအရှင်ကိုသာ ကိုးကွယ် လာခဲ့ကြသော်လည်း ယနေ့ ဘုရားစစ်အကြောင်း ကိုသိလာကြပေမည့် မိရိုးဖလာ ဘုရားကို မစွန့်နိုင်ကြခြင်းမှာ မိမိ၏ အတ္တစွဲ လွဲမှားသည့် ရွေးချယ်မှုသာလျှင်ဖြစ်ပါသည်။

 

2 Responses to “ဘာ့ကြောင့်မယုံကြတာလည်း”

  1. naungnaung Says:

    ဘယ်ဟာကိုကျင့်ပြီးဘုရားဇြစ်သွားတာတုန်း။မွေးကတည်းကautoဘုရားဇြစ်နေတာလား။
    ထမင်းစားချင်ရင်တောင်ထခူးရသေးတာပဲ။

  2. Little John Says:

    ဒီဘလော့ဂ် က အတော်လေးကို ပြည့်စုံတဲ့ ပိုစ့်ပေါင်းများစွာရှိနေပါတယ်…
    အခုလို ဖြေရှင်းပေးတဲ့ အတွက်လည်း ကျေးဇူးဥပကာရ တင်ရှိပါတယ်..
    တစ်ခြား သိလိုသည်များရှိပါက ဘယ် mail ကို စာပို့ပြီး မေးနိုင်မလဲ သိချင်ပါတယ်.. ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s