အမေးများအတွက် အဖြေလွှာ

ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်? December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 11:15 am
Tags:

ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်?

ယေရှု၏ မွေးနေ့ကို မေးသောမေးခွန်းကြီးမှာ ၁၉၃၆ ခုနှစ်တွင် ခရစ်ယာန် တို့ရှုံးနိမ့်သွားသည်ဆိုသည့် ဝါဒပြိုင်ပွဲမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံမှာ ၄င်းရွာလေးတွင် ထမ်းပိုးမညီသော လူကြီးအိမ်တစ်အိမ်ရှိပါသည်။ နှစ်ဦးနှစ်ဖက်မှ ဘာသာရေး ခေါင်းဆောင်များလာတိုင်း ၄င်းတို့၏အိမ်တွင် တည်းခို ကြကာ ကျွေးမွေးဧည့်ခံရသည့် အကြောင်း တို့ကြောင့် ဧည့်ခံကျွေးမွေးစရိတ်နှင့် ကုန်ကျမှု များ များလာသည့်အတွက် လင်မယားချင်း ဆွေးနွေးပွဲစခဲ့ပါသည်။ ထို့နောက် နှစ်ဦးသဘောတူ ၄င်းတို့ရွာမှ ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့ကို တရားဆွေးနွေး စေခဲ့ပြီး အနိုင်ရ မှန်ကန်သောဖက်သို့ နှစ်ဦးစလုံး ဘာသာပြောင်းမည်ဟု ဆိုပြီး စတင်ဆွေးနွေးခဲ့ကြပါသည်။ တဆင့်ပြီးတဆင့် အဖြေမပေါ်ရာမှ တိုင်းသိပြည်သိ ဘာသာရေး ခေါင်းဆောင်များပါ ပါဝင်ဆွေးနွေးခဲ့ရသည်အထိ ၄င်းရွာလေးတွင် ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။ ထိုမျှမပြီးပြတ်ခဲ့ဘဲ ထိုဆွေးနွေးပွဲအကြောင်းကို ရေးသား မှတ်တမ်း တင်ထားသည့် စာအုပ်ကြောင့် ယနေ့တိုင် အငြင်းပွါးနေရဆဲဖြစ်နေပါသည်။ (more…)