အမေးများအတွက် အဖြေလွှာ

သမ္မာတရား ဆိုသည်မှာ အဘယ်နည်း။ December 10, 2009

Filed under: နှုတ်ကပါတ်တော် — amayaphay @ 10:47 am
Tags:

လူရယ်လို့ဖြစ်လာလျှင် သိအပ်သောအကြောင်းအရာများစွာရှိသည့်အနက် မသိမဖြစ်သောအကြောင်းအရာကား အဘယ်အရာနည်း?

အမှန်တရားဆိုသည့် အကြောင်းအရာများထက် တစ်ခုတည်းသာရှိသည့် သမ္မာတရား (မှန်သောဘုရား) ကိုသိဖို့ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမှန်တရားဟုဆိုသော အကြောင်း အရာအချို့တို့သည် လူသားတိုင်း နေရာတိုင်း အချိန်တိုင်းအတွက် မမှန်ကန်ပါ။ သမ္မာတရားဆိုသည်မှာ လူသားတိုင်း နေရာတိုင်း အချိန်တိုင်းအတွက် အမှန်တရား ဖြစ်ပါသည်။ ထို့ထက် သမ္မာတရားသည် ထာဝရ ကာလအတွက်လည်း မှန်ကန်သော အကြောင်းတရား ဖြစ်ပါသည်။ ထိုတရားကိုသိပါမှ လောကတွင် လူဖြစ်ရခြင်း၏ အဓိပ္ပါယ်ကို အပြည့်အဝ ခံစားရရှိနိုင်မည် ဖြစ်ပါသည်။