အမေးများအတွက် အဖြေလွှာ

သေခြင်းသုံးမျိုးမှ လွတ်ရာလမ်း December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 10:52 am
Tags:

လူတို့၏အပြစ်ကြောင့် ရင်ဆိုင်ရမည့်သေခြင်းသုံးမျိုးမှ ယေရှုဘုရားက အဘယ်ကဲ့သို့ လွတ်မြောက်စေခဲ့ ပါသနည်း?

လူသည်အပြစ်ကြောင့် ဘုရားနှင့် အဆက်ပြတ် နေခဲ့ပါသည်။ ထို့အတွက် ယေရှုသည် ကားတိုင်ထက်တွင် လူသားများ၏ အပြစ်ကို ယူတင်လိုက်သောအခါ လူတို့၏ အပြစ်ကြောင့် ခမည်းတော်ဘုရားနှင့် အဆက်ပြတ်ခဲ့ရပါသည်။ ထို့ကြောင့် ယေရှုက ကားတိုင် ထက်တွင် “အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟု (မ ၂၇း၄၆) ဆိုခဲ့ပါသည်။ ထိုကဲ့သို့ ဘုရား၏ စွန့်ပစ်ခြင်းကို ခံပေးခဲ့ပြီးသောကြောင့် ယေရှုရှင်ပြန်ထမြောက်ပြီး ယုံကြည်သူတို့အား “ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အစဉ်မပြတ် ရှိတော်မူမည်” ဟု ဂတိပေးခဲ့ခြင်း ဖြစ်ပါသည်။ ( မ ၂၈း၂၀)  ယုံကြည်သူသည် ယေရှုအားဖြင့် အပြစ်ပြေလျက် သန့်ရှင်းသောဘုရားနှင့် ပြန်လည် သင့်မြတ်ခွင့်ကို ရကြပါသည်။

လူတိုင်းတစ်နေ့ ခန္ဓာနှင့် ဝိညာဉ်အဆက်ပြတ်ခြင်းတည်းဟူသော သေခြင်း တရားကို ရင်ဆိုင်ကြရပါမည်။ ထို့အတွက် ယေရှု သည် လက်ဝါးကပ်တိုင်ထက် လူများရှေ့တွင် အသေခံခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ပါသည်။ (မ ၂၇း၅၀) ရှင်ပြန်ထမြောက်ခဲ့သည့် အရှင်ယေရှုက “ငါ့ကို ယုံကြည်သောသူသည် သေလွန် သော်လည်းအသက်ရှင်လိမ့်မည်” ဟု ဂတိပြုခဲ့ခြင်း ဖြစ်ပါသည်။ (ယော ၁၁း၂၅) လူတို့က ယနေ့ ခရစ်ယာန်တွေ သေနေတာပဲ ဘယ်မှာပြန်ရှင်လို့လဲဟု မေးတတ်ကြပါသည်။ ယေရှုသည် အသေခံပြီး သဂြိုဟ်ခြင်းကို ခံယူခဲ့သည်နည်းတူ ယုံကြည်သူများလည်း သေပြီး သဂြိုဟ်ခြင်းကို ခံကြရမည်ဖြစ်ကာ ယေရှုသည် သင်္ချိုင်းဂူမှ ပြန်လည် ရှင်ပြန် ထမြောက်သကဲ့သို့ ယုံကြည်သူများလည်း သင်္ချိုင်းဂူမှ တစ်နေ့ ပြန်လည်ပြီးရှင်ပြန်ထမြောက်မည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားသော လူပုဂ္ဂိုလ်တို့၏ သမိုင်းဝင် သင်္ချိုင်းဂူများထဲမှ တစ်ခုတည်း သောအလောင်းမရှိတော့သည့် သခင်ယေရှု၏ သချိုင်းဂူက ယုံကြည်သူတို့ အတွက် ယုံလောက်သော သက်သေနှင့် ဝမ်းမြောက်ဖွယ်ရာ မျှော်လင့်ခြင်းဖြစ်ပါသည်။ (more…)