ဘုရားတကယ်ရှိပါသည်။
မြို့နှင့် မလှမ်းမကမ်း ရွာသုံးရွာတွင် ဧဝံဂေလိပြောရန် အသင်းတော်မှ တာဝန် ပေးခဲ့ပါသည်။ သုံးရွာမြောက်ရောက်လျှင် မှောင်ချိန်ကျနေပြီဖြစ်ပါသည်။ ထိုသုံးရွာ မြောက်သို့ရောက်စဉ် သေခါနီးလူမမာတစ်ဦးနှင့် ကြုံတွေ့ရပါသည်။ ရောဂါဝေဒနာကို အပြင်း ခံစားနေပြီး အော်ဟစ်ညည်းတွားနေပါသည်။ ဆေးဆရာက ရှိပြီး ဆေးကမရှိ သည့်အတွက် ကျွန်တော်လည်း သနားပြီး လိုအပ်သော ဆေးများကိုမေးပြီး မြို့ဖက်သို့ပြန် လာပါသည်။ ပိုက်ဆံမရှိသည့်အတွက် ရင်းနှီးရာအိမ်တစ်အိမ်တွင်ဝင်ချေးရာ သူ့တွင်လည်းမရှိသည့်အတွက် ဘေးအိမ်မှ ထပ်ချေးပေးလိုက်ပါသည်။ မနက်ဖန် နေ့လည်ဖက်ပြန်လာပေးမည်ဖြစ်ကြောင်း ဂတိပေးခဲ့ပါသည်။ ဆေးဝယ်၍ ရွာသို့ တစ်ခါပြန်သွားပြီး လူနာအတွက်ဆေးများကိုပေးကာ ဆုတောင်းဆက်ကပ်ပြီး ပြန်လာခဲ့ ပါသည်။
နောက်တစ်နေ့နံနက် နေ့တစ်ပိုင်းအစာရှောင်ဆုတောင်းရာအချိန်တွင် လူနာ လည်းဆုံးသွားပြီဖြစ်ကြောင်း ကြားသိရ ပါသည်။ ကျွန်တော်မနေ့ညက ထိုလူနာ အတွက်အလွန်ပင်ပန်း ‘ဒုက္ခရောက်ခဲ့ပါသည်။ ဘုရား၏အမှုတော်ကို ကိုယ်ကျိုးစွန့် လျက် ထမ်းဆောင်နေပြီး ငွေကြေးကလည်း မရှိပါ။ ထိုအစာရှောင်ဆုတောင်းရာအချိန် တွင် ဘုရားကို စမ်းသပ်ရန် ဝိညာဉ်တော်မှ နှိုးဆော်ခြင်းခံရသည့်အတွက် လိုအပ်ငွေအား အစာရှောင်ဆုတောင်းပြီးချိန်တွင် ရရန်နှင့် ထိုငွေကိုလည်း အတိအကျရလိုကြောင်း ဆုတောင်းခဲ့ပါသည်။ ၂၀ဝ၀ ခုနှစ်အချိန်အခါ ဖြစ်သည့်အတွက် အလှုငွေရလျှင် တစ်ရာနှင့် နှစ်ရာတန်တို့သာ ရတတ်သော်လည်း ကျွန်တော်ချေးလာသော ငွေကို ပြန်ပေးရန်အတွက် ခုနှစ်ရာကျပ်တိတိကို အတိအကျတောင်းခံခဲ့ပါသည်။
အစာရှောင်ဆုတောင်းအပြီး အဝေးသို့စက်ဘီးနင်းပြန်ရသူများသက်သာရန် ဆန်ပြုတ်တစ်ခွက်စီ အသင်းတော်မှ တိုက်ကျွေးပါသည်။ ကျွန်တော်လည်း ဆန်ပြုတ် စားပါသည်။ အလှူငွေက ရောက်မလာသေးပါ။ ဆန်ပြုတ်ကုန်ရန်နောက်ဆုံး တစ်ဇွန်းကိုစားနေစဉ် အဒေါ်ကြီးတစ်ဦးကရောက်လာပြီး ကျွန်တော့အား အလှူငွေ ပေးချင်စိတ် ပေါက်လာသည့်အတွက်ဟုဆိုပြီး သူစုထားသည့် ဆယ်ဖို့တစ်ဖို့ကို လာပေးပါသည်။ စာအိတ်က နည်းနည်းထူနေသည့်အတွက် ခုနှစ်ရာမကဟုထင်ပြီး စိတ်လှုပ်ရှားကာ နောက်ဖေးသို့သွားပြီး ထိုငွေကို ရေတွက်ကြည့်ပါသည်။ ငါးဆယ်တန် များဖြစ်သည့်အတွက် တစ်ရွက်ခြင်း ရေတွက်ကြည့်ရာ ခုနှစ်ရာအတိတွင် ရပ်သွား ပါသည်။ ထပ်မံ ရေတွက်ကြည့်သောအခါတွင်လည်း မပိုမလိုအတိအကျ ခုနှစ်ရာ ဖြစ်နေပါသည်။ ကျွန်တော် အံ့ဩ ထိတ်လန့်စွာဖြင့် ဘုရားက ‘ဒီအနားမှာပင်အမှန် တကယ်ရှိနေပါလားဆိုပြီး ဘုရားကို ယခင်ထက် ပိုမိုကြောက်ရွံ့ ကိုးကွယ်ခဲ့ပါသည်။
ကျွန်တော်သည် ဧဝံဂေလိအမှုတော် စတင်ထမ်းဆောင်စဉ် အမှန်တကယ် ချို့တဲ့ခဲ့သည်မှန်သော်လည်း သုံးလသာ ကြာပါသည်။ ကျမ်းစာက ဘုရား၏ အမှုတော် ကိုဆောင်သော သူသည် အခကိုခံထိုက်သည် ဆိုသည့် အတိုင်း နောက်ပိုင်း အလှူငွေ များကို ငြင်းပယ်လောက်ရသည်အထိ လက်ခံရရှိခဲ့ပါသည်။ ထို အလှူငွေများ တို့သည်လည်း ကျွန်တော်အမှုတော် ဆောင်ရာဒေသမှမဟုတ်ဘဲ မထင်မှတ်သောအရပ် ဒေသတို့မှ ရောက်လာခြင်း ဖြစ်ပါသည်။ ကျွန်တော် အမှုတော်ဆောင်ရန် တာဝန်ကျရာ ရွာသားများမှာ အမှန်တကယ်ခက်ခဲ ဆင်းရဲကြပါသည်။
ငွေကြေးနှင့်ပတ်သက်ပြီး အံ့ဩဖွယ်ရာနောက်တစ်ချက်ကို သက်သေခံလိုပါ သည်။ အလုပ်ရှာဖွေရာတွင် ဘုရားအလိုတော်နှင့် ညီသောအလုပ်ကို သာလုပ်ဖို့၊ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ဖို့နှင့် ရသမျှကို ဘုရားအတွက် ဆက်ကပ်အပ်နှံဖို့ ဆက်ကပ် ထားသည့်အတိုင်း၊ ထိုခသနှစ်ထောင် အထူးတစ်နှစ်တာ ဆက်ကပ်အပြီး နယ်လှည့် ဆေးကုသသာသနာတွင် ဆက်ကပ် ခဲ့ပါသည်။ ကျွန်တော်တို့အဖွဲ့ မြို့ငယ်လေး တစ်မြို့သို့ရောက်ပြီး နောက်ဆုံးဆေးကုသရက်၏ညတွင် သူခိုးအခိုးခံရ ပါသည်။ အားလုံးမောပန်းအိပ်မောကျ နေသည့်အတွက် ကျွန်တော်တို့အဖွဲ့ဝင်အားလုံး သူခိုးအခိုး ခံရပါသည်။ ပိုက်ဆံတစ်ပြား မကျန် ယူသွားပြီး အိတ်ထဲ နှစ်ရာသာရှိသူ၏ ပိုက်ဆံပင် ချမ်းသာမပေးပါ။ သူခိုးက အိတ်များ အားလုံးကို အိမ်အောက်သို့ သယ်သွားပြီး တန်ဖိုးရှိ ပစ္စည်းများ အားလုံးကို ရှာဖွေယူသွားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့ပိုက်ဆံ အိတ်ဇစ်များပွင့်နေပြီး ဖွထားသည့်အတွက် ပါသွားပြီဟုထင်ပြီး စစ်ကြည့်လိုက်ရာ ဘောက်ချာစာရွက်များကြားမှ ကျွန်တော့ပိုက်ဆံ တစ်သောင်းကျော်သည် တစ်ပြားမှ ပါမသွားဘဲရှိနေသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်ပါသည်။ ကျွန်တော့် အိပ်ယာဘေးတွင် ထားသည့် ငယ်စဉ်ကတည်းက အမြတ်တနိုးပတ်သည့် စီကို နာရီကိုလည်း အောက်ထပ် တွင် ချန်ထားခဲ့ကာ ကျွန်တော့ထံမှ ဘာမျှပါမသွားခဲ့ပါ။
ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်း အကြောင်းကို ရောနှောတော်မမူ။ (သု ၁၀း၂၂)