အမေးများအတွက် အဖြေလွှာ

လူခပ်သိမ်းတို့သည်ယေရှုခရစ်၏ အကျိုးကိုမရှာ December 10, 2009

Filed under: ကွဲပြားခြင်း — amayaphay @ 11:57 am
Tags:

လူခပ်သိမ်းတို့သည်ယေရှုခရစ်၏ အကျိုးကိုမရှာ၊ ကိုယ့်အကျိုးကိုသာရှာကြ၏။ (ဖိ ၂း၂၁)

ကျွန်ရောင်းဝယ်ရေးစင်မြင့်ပေါ်တွင် မိန်းမငယ်တစ်ဦး ဘဝကိုနာကြည်းစွာနဲ့ မျက်ရည်ကျနေပါသည်။ သူ့အလှည့်ရောက်သောအခါ ဈေးပြိုင်ပေးကြပြီး အမြင့်ဆုံး ဈေး၏ နှစ်ဆကို လူကြီးလူကောင်းတစ်ဦးက ပေးလိုက်ပါသည်။ စင်မြင့်ပေါ်မှ ထိုအမျိုး သမီးငယ်ကို ခေါ်ဆောင်လာပြီး အရောင်းအဝယ်စာချုပ်ကို ချုပ်ပေးပြီးသောအခါ ကျွန်ပိုင်ရှင်များက ထိုလူကြီးလက်ထဲသို့ အမျိုးသမီးငယ်အား အပ်ပေးစဉ် အမျိုးသမီး ငယ်က လူကြီးမင်း၏မျက်နှာအား တံတွေးနှင့် အားရပါးရ ထွေးလိုက်ပါသည်။ လူကြီးမင်းက တည်ငြိမ်စွာဖြင့် အိတ်ထဲမှ လက်ကိုင် ပုဝါကိုထုတ်ပြီး သုတ်လိုက်ပါ သည်။ ပြီးနောက် လူကြီးမင်းက ]မိန်းမငယ် ဒီစာချုပ်ကို သေသေချာချာ သိမ်းထားပါ၊ မင်းကိုဘယ်သူမှ ကျွန်မပြုနိုင်တော့ဘူး၊ မင်းကျွန်ဘဝကနေ လွတ်မြောက်သွားပြ}ီ ဟုဆိုပြီး စာချုပ်ကို မိန်းမငယ်လက်ထဲသို့ ထည့်ပေးခဲ့ကာ လှည့်ပြန်သွားပါသည်။ မိန်းမငယ်မှာ ခေတ္တမျှတွေဝေသွားပြီး စဉ်းစားကာ လူကြီးမင်းအနောက်သို့ပြေးလိုက်သွား ပါသည်။ အဲဒီနောက် လူကြီးမင်းရှေ့တွငဒူးထောက်ပြီး ]ကျွန်မကို ကျွန်ဘဝကနေ လွတ်မြောက်စေတဲ့ လူကြီးမင်းရဲ့ လက်ထဲမှာပဲ တစ်သက်လုံးကျွန်ခံပါရစေ} လို့ အခွင့် တောင်းခံ လိုက်ပါတော့သည်။ဒီလိုပဲ ကျွန်ုပ်တို့လူသားအားလုံးကို အပြစ်ကျွန်ဘဝမှ လွတ်မြောက်စေခဲ့တဲ့ ယေရှုဘုရားရဲ့ လက်တော်ထဲမှာ ကျွန်ခံရခြင်းထက် လုံခြုံစိတ်ချသောအသက်တာ အဘယ်မှာရရှိနိုင်ပါမည်နည်း။