အမေးများအတွက် အဖြေလွှာ

မိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။ December 10, 2009

Filed under: သက်သေခံချက်များ — amayaphay @ 12:09 pm
Tags:

ယောကျာ်းများစွာရှိပေမည့်စစ်မှန်သောမိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

ယခုလောလောလတ်လတ်အဖြစ်အပျက်လေးတစ်ခုကို သက်သေခံလို ပါသည်။ အိမ်သို့မကြာမကြာ လာရောက် လည်ပတ် တတ်သော သားသမီးငယ်လေးဦး ရှိသည့်မုဆိုးမတစ်ဦးရှိပါသည်။ တစ်နေ့သူနှင့် စကားလက်ဆုံ ပြောဖြစ်ကြစဉ် သူ့အမျိုး သားနာမကျန်းဖြစ်လာသောအခါ တန်ခိုးကြီး ဘုရားစုံသို့ လှည့်လည်သွားရောက်ဖူး လိုသော်လည်း နာမကျန်းဖြစ်သည်ကတစ်ကြောင်း ငွေကြေး အခက်အခဲရှိသည်က တစ်ကြောင်းတို့ကြောင့် သူ့ဧည့်ခန်းမတွင် တန်ခိုးကြီးသည်ဟူသော ဘုရားအစုံ၏ ရုပ်ပုံ နှင့် ရုပ်တုများတို့ကိုဝယ်ယူ ချိတ်ဆွဲထားပြီး ကိုးကွယ်ထားပါသည်။ သူ့အမျိုးသားဆုံးသွားပေမည့် ထိုဘုရားအစုံကို ယနေ့တိုင် ထားရှိကိုးကွယ် နေကြောင်း ပြောပြပါသည်။

ထိုအခါ ကျွန်တော်က သူ့အား “အမကြီး လောကမှ ယောကျာ်းများ စွာရှိပေမည့် မိမိရဲ့ ဖခင်စစ်ကတော့ တစ်ဦးတည်းရှိမည် ဆိုတာ လက်ခံလား” လို့ဆိုတော့ သူကပြာပြာသလဲ ထောက်ခံပါသည်။ “ထိုဖခင်က ငါသည် ယောကျာ်းဖြစ်သည့်အတွက် ယောကျာ်းတွေ မြင်တိုင်း အဖေလို့ ခေါ်လို့ ရတယ် လို့ပြောပါမည်လား” ဟုမေးလျှင် မပြောကြောင်းကို သူကဝန်ခံပါသည်။ “တကယ်လို့ အသိပညာ မကြွယ်သေးသည့် သူ့သား ငယ်တစ်ဦးက ယောကျာ်းတိုင်းကို အဖေဟု လိုက်ခေါ်ပါက ထိုအဖေက ဘယ်လိုပြောမလဲ” ဟု သူ့အားမေး သောအခါ “ငါကလွဲရင် ဘယ်သူ့ကိုမှ အဖေလို့မခေါ်ရဘူးလို့ပြောမှာပေါ့ ” ဟု သူကဆိုပါသည်။

ဒီလိုပဲ လောကမှာ “ဘုရားအများရှိပေမည့် စစ်မှန်သောဘုရားကတစ်ဆူ                                       တည်းရှိပါသည်။ ထိုစစ်မှန်သည့်တစ်ဆူတည်း သောဘုရားက ဘုရားဟုထင်တိုင်း လိုက်ပြီးကိုးကွယ်နေလျှင် ကြိုက်မည်လား” ဟုမေးသောအခါ၊ “အဖေတောင်မကြိုက်တာ ဘုရား ဆိုပိုပြီး မကြိုက်ဘူးပေါ့” ဟု ထိုအစ်မကြီးက ဝန်ခံပါသည်။ “ဒါဆိုဘုရားစစ်က ဘယ်လိုပညတ်မလဲ” ဟု သူ့ကိုသာ အဖြေပေးခိုင်း သောအခါ “ငါကလွဲရင်ဘယ်သူ့ကိုမှ ဘုရားလို့ မခေါ်ရဘူး၊ မကိုးကွယ်ရဘူးလို့ပညတ်မှာပေါ့” ဟု သူကိုယ်တိုင်ပဲ အဖြေပေးပါသည်။

ထိုအခါ ကျွန်တော်က “ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရ ၊ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်ရ ဦးမချ ဝတ်မပြု ရဟု ပညတ်သောဘုရားတစ်ဆူ တည်းရှိပါသည်။ ထိုကဲ့သို့ ပညတ်သောဘုရားဟာ ဘုရားစစ်ပဲ၊ ထိုဘုရားကို ရှာပါဟု” ကျွန်တော် ကသူ့အား ပြောပြပြီး သူ့လုပ်ငန်းနှင့် သားသမီးများတို့အတွက် ဆုတောင်းပေး လိုက်ပါသည်။ (more…)