အမေးများအတွက် အဖြေလွှာ

ဘာ့ကြောင်း ဘုရားစီရင်သနည်း? December 10, 2009

ဘုရားက မေတ္တာရှင်ဟုဆိုပြီး ခေတ်အဆက်ဆက် သူဖန်ဆင်းထားသော လူသားများတို့ကို  မီးနှင့်၎င်း၊ ရေနှင့်၎င်း၊ ရက်စက်စွာ စီရင်ခဲ့ကြောင်း သိရပါသည်။ အဘယ့်ကြောင့်နည်း?

၁. ဘုရားသည်ဖြောင့်မတ်သည့်အတွက် အပြစ်ရှိသူကို အပြစ်ရှိသည်အလျှောက် မျက်နှာမလိုက်ဘဲစီရင်တော်မူသောတရားမင်းဖြစ်တော်မူ၏။

၂. ဘုရားသည် ကောင်းမြတ်သည့်အတွက် ကောင်းမြတ်သူကို ကောင်းမြတ်သည် အလျှောက် ဆုပေးတော်မူသော သစ္စာရှင်ဖြစ်တော်မူ၏။

၃.ဘုရားသည်ကရုဏာရှင်ဖြစ်သည့်အတွက်မိမိအပြစ်မှ အမှန်တကယ် နောင်တရသူကို ခွင့်လွှတ်တော်မူတတ်သော မေတ္တာရှင်လည်းဖြစ်၏။

လူအများ ဘုရား၏အနှိုင်းမဲ့ကောင်းမြတ်ခြင်းနှင့် မေတ္တာရှင်ဖြစ်သည်ဟူသော အချက်နှစ်ချက်ကို မမှတ်ယူဘဲ အပြစ်ရှိသည် အလျောက် မျက်နှာမလိုက်ဘဲ စီရင်သောအချက်များတို့ကိုသာထောက်ပြကာ ဘုရားကို ရက်စက်သောဘုရားအဖြစ် ဝေဖန်တတ်ကြပါသည်။ ကျမ်းစာတွင် ဘုရားနှစ်မျိုးရှိပါသည်။ ထာဝရဘုရား (God သည် အပြစ်ရှိသူကိုလည်း မစီရင်၊ ကောင်းမြတ်သူကိုလည်း ဆုမပေးနိုင်၊ အပြစ်မှ နောင်တရသူကိုလည်း ခွင့်လွှတ်နိုင်ခြင်းငှါ မစွမ်းသည့်  အရှင်များ၊ ဘုရားများ (God)  နှင့်တော့ မတူနိုင်ပါ။  (God)  ကစီရင်ရာနေ့တွင် ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်း သောလူတို့သတ်မှတ်သည် (Gods)  တို့ကိုပါ တရားစီရင်လိမ့်မည့်အကြောင်းသမ္မာ ကျမ်းစာက ဆိုထားပါသည်။ (ဆာ ၈၂း၁)