အမေးများအတွက် အဖြေလွှာ

ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်? December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 11:15 am
Tags:

ယေရှု၏ မွေးနေ့ ရက်၊ လ၊ နှစ်တို့ကို ဖေါ်ပြပေးလို့ ရနိုင်ပါသလား၊ ဖေါ်ပြပေးနိုင်ပါက ယေရှုကို ကိုးကွယ်ပါမည်?

ယေရှု၏ မွေးနေ့ကို မေးသောမေးခွန်းကြီးမှာ ၁၉၃၆ ခုနှစ်တွင် ခရစ်ယာန် တို့ရှုံးနိမ့်သွားသည်ဆိုသည့် ဝါဒပြိုင်ပွဲမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထိုဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံမှာ ၄င်းရွာလေးတွင် ထမ်းပိုးမညီသော လူကြီးအိမ်တစ်အိမ်ရှိပါသည်။ နှစ်ဦးနှစ်ဖက်မှ ဘာသာရေး ခေါင်းဆောင်များလာတိုင်း ၄င်းတို့၏အိမ်တွင် တည်းခို ကြကာ ကျွေးမွေးဧည့်ခံရသည့် အကြောင်း တို့ကြောင့် ဧည့်ခံကျွေးမွေးစရိတ်နှင့် ကုန်ကျမှု များ များလာသည့်အတွက် လင်မယားချင်း ဆွေးနွေးပွဲစခဲ့ပါသည်။ ထို့နောက် နှစ်ဦးသဘောတူ ၄င်းတို့ရွာမှ ဘုန်းတော်ကြီးနှင့် သင်းအုပ်ဆရာတို့ကို တရားဆွေးနွေး စေခဲ့ပြီး အနိုင်ရ မှန်ကန်သောဖက်သို့ နှစ်ဦးစလုံး ဘာသာပြောင်းမည်ဟု ဆိုပြီး စတင်ဆွေးနွေးခဲ့ကြပါသည်။ တဆင့်ပြီးတဆင့် အဖြေမပေါ်ရာမှ တိုင်းသိပြည်သိ ဘာသာရေး ခေါင်းဆောင်များပါ ပါဝင်ဆွေးနွေးခဲ့ရသည်အထိ ၄င်းရွာလေးတွင် ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။ ထိုမျှမပြီးပြတ်ခဲ့ဘဲ ထိုဆွေးနွေးပွဲအကြောင်းကို ရေးသား မှတ်တမ်း တင်ထားသည့် စာအုပ်ကြောင့် ယနေ့တိုင် အငြင်းပွါးနေရဆဲဖြစ်နေပါသည်။ (more…)

 

ဓမ္မဟောင်းကာလတွင် (လူ့ဇာတိမခံယူမှီ) ယေရှုဘုရားအဘယ်မှာနည်း?

Filed under: ယေရှုခရစ်တော် — amayaphay @ 11:10 am
Tags:

ဓမ္မဟောင်းကာလတွင် (လူ့ဇာတိမခံယူမှီ) ယေရှုဘုရားဘယ်ကိုရောက်နေပါ သနည်း?

ဓမ္မဟောင်းကာလကတည်းက ယေရှုရှိလျက် အလုပ်လုပ်နေကြောင်း အချက်များစွာရှိသည့်အထဲမှ အချို့ကို ဖေါ်ပြပေး လိုပါသည်။ ယေရှု၏ နာမသည် ထာဝရအဘဖြစ်သည့်အတွက် (ဟေရှာ ၉း၆) ထာဝရတည်ရှိသော အရှင်ဖြစ်ပါသည်။ ယေရှုသည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီး စကြာဝဋ္ဌာကြီးမရှိမှီကပင် ရှိတော်မူ၏။(ယော ၁း၁-၁၄) ထို့ကြောင့် ယေရှုသည် လူ့ဇာတိအားဖြင့် အသက်သုံးဆယ်သာရှိချိန်တွင် ဣသရေလခေါင်းဆောင်များအား အာဗြဟံမဖြစ်မှီ ငါဖြစ်၏ ဟုဆိုခြင်းကြောင့် သူတို့က ကျောက်ခဲနှင့်ပေါက်သတ်ရန်ကြိုးစားကြ၏။ သူတို့သည် ဝိညာဉ်မျက်စိကွယ်သောကြောင့် ယေရှုသည် ဘုရားဖြစ်ကြောင်း မသိမြင်ကြပါ။(ယော ၈း၅၆-၅၉) ယေရှုသည် တပည့်တော်များနှင့် ညစာစားပြီးနောက် လက်နှစ်ဖက်ကို အထက်သို့မြှောက်၍ ဆုတောင်းသော အချက်ဟူမူကား “ခမည်းတော်နှင့်အကျွန်ုပ်သည် ဤကမ္ဘာမတည်မရှိမှီခံစားသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ” ဟုဆုတောင်းလေ၏။ (ယော ၁၇း၅) ဣသရေလတို့ကိုဦးဆောင်သောမောရှေနှင့် အတူ ယေရှုရှိခဲ့ ကြောင်း ရှင်ပေါလုမှ ဆိုခဲ့ပါသည်။(၁ကော ၁၀း၁-၄)

ဓမ္မဟောင်းကျမ်းတွင် ယေရှုကို ယေရှုဟူသောအမည်နာမဖြင့် မတွေ့ရပေမည့် ဘုရားသခင်၊ ထာဝရအဘ၊ ခရစ်တော်၊ ယေဟောဝါ၊ ယေဟောဝါရှလုမ်း၊ ယေဟော ဝါရာဖ၊ ယေဟောဝါနီဆီး၊ ယေဟောဝါရိရဲ့၊ ယေဟောဝါရာအ၊ အာလဖနှင့်ဩမေဃ အစရှိသည့် အမည်နာမများနှင့် ထင်ရှားဖေါ်ပြခဲ့ပါသည်။

 

ယေရှုကို ကိုးကွယ်ခြင်းသည် မှန်သောကိုးကွယ်ခြင်းဖြစ်ပါသလား။

Filed under: ယေရှုခရစ်တော် — amayaphay @ 11:04 am
Tags:

ယေရှုကို ကိုးကွယ်ခြင်းသည် မှန်သောကိုးကွယ်ခြင်းဖြစ်ပါသလား။

ယေရှုကို ကိုးကွယ်မှုသည် စစ်မှန်သော ကိုးကွယ်မှုဟု အဘယ့်ကြောင့် အတတ်ပြောနိုင်ရပါသနည်း?

-ယေရှုကိုယ်တော်တိုင်က ပြောခြင်းဖြစ်ပါသည်။ (ယော ၁၄း၆)

-အမှားအယွင်းကင်းသော သမ္မာကျမ်းစာက ပြောပါသည်။ (ယော ၁၇း၁၇)

-ထိုသမ္မာကျမ်းစာတော်မြတ်ကို ဖျက်ဆီး၍မရခြင်းတို့ကြောင့် ဖြစ်ပါသည်။                (မ ၅း၁၈)

ရာနှင့်ချီသော ဓမ္မဟောင်းကျမ်းမှ ပရော ဖက်ပြုချက်များအားလုံး ယေရှုတွင် ပြည့်စုံခဲ့သည်။ သူ့တွင်အပြစ်ရှာ၍မရပါ။ အပြစ်မဲ့သော သူ၏သက်တော်စဉ်၊ သူပြုခဲ့သော အနှိုင်းမဲ့ သဘာဝလွန်တန်ခိုးနိမိတ်လက္ခဏာများနှင့် သူ၏ သေခြင်းမှ ရှင်ပြန် ထမြောက်ခြင်း အမှုတို့အားဖြင့် မိမိသည် မျက်မြင်မရသော ဘုရား၏ ဘိသိတ်ခံဘုရားဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထင်ရှားသော ဘာသာရေး ခေါင်းဆောင်များတို့၏ အသက်ရှင်မှုတွင် အပြစ်ကင်းသော သဘာဝကို မတွေ့ရသကဲ့သို့ မည့်သည့် အံ့ဖွယ်နိမိတ်လက္ခဏာ တစ်စုံတစ်ခု မျှမရှိခဲ့ပါ။ သူတို့၏ ရုပ်ကလပ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ လောကတွင် ရှိနေကြပြီး သေခြင်းတရားကို မအောင်မြင်ခဲ့ပါ။ သို့သော်  ယေရှု၏ သချိုင်းဂူထဲတွင် ဘာမျှမရှိတော့ပါ။ ယေရှု၏သေခြင်းမှ ရှင်ပြန်ထမြောက် ခြင်းနှင့် အံ့ဩဘွယ် နိမိတ် လက္ခဏာမျိုးကို အခြားမည်သည့် ဘာသာတရားတွင်မှ မတွေ့နိုင်ပါ၊ ထို့ကြောင့် ဤအချက်သည် ကိုးကွယ်မှုဆိုင်ရာ အရေးကြီးသည့် မတူညီ သောအချက်ကြီးတစ်ရပ်ဖြစ်ပါသည်။   ယေရှုသည် အသက်ရှင်စေသော အာဏာ စက်နှင့် ပြည့်စုံပြီး လူသားတိုင်းတို့၏ ကိုးကွယ်ယုံကြည်ခြင်းကို ခံထိုက်သော သက်သေ များနှင့် ပြည့်စုံသည့် တစ်ပါးတည်းသော ကယ်တင်ရှင် ဘုရားသခင် ဖြစ်ပါသည်။

 

လိမ်ညာခဲ့ကြခြင်း မဖြစ်နိုင်ပါ သလော?

ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကို အနီးကပ်ဆုံး လက်ရုံးတော်တပည့်တော် များက လိမ်ညာခဲ့ကြခြင်း မဖြစ်နိုင်ပါ သလော?

လူလိမ်များ လိမ်ညာပြောဆိုကြခြင်း အကြောင်းရင်းမှာ သူတို့၏ အတ္တအတွက်ပါ၊ တမန်တော်တို့က လိမ်ညာခဲ့ရိုးမှန်လျှင် အဘယ့်ကြောင့် သူတို့ရဲ့ တရားစကားတွေအပေါ် ရပ်တည်ခဲ့ကြရပါသလဲ၊ သူတို့၏ တရားစကားကြောင့် လူများ၏ နားလည်မှုနှင့် အထင်လွဲခြင်းခံရ၊ ဆန့်ကျင်ကန့်ကွက်ခံရ၊ အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်ခံရ၊ အနိုင်ကျင့်ခံရ၊ ထောင်ချခံရပြီးနောက်ဆုံး ရက်စက်စွာ အသက်ခံခဲ့ကြ ရပါသည်။ သူတို့ ပြခဲ့သော သက်သေသည် သူတို့အတ္တအတွက် လိမ်ညာ အကွက်ဆင် ခဲ့ကြတာပါဟု ဆိုလျှင် ကြောင်းကျိုး ညီညွတ်မှု လုံးဝမရှိသော အကြောင်းအရာပင်ဖြစ်ပါသည်။

 

ကြီးမြတ်သော ယေရှုခရစ်တော်

Filed under: ယေရှုခရစ်တော် — amayaphay @ 10:59 am
Tags:

ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များထက် ထူးခြားသည့်ပုဂ္ဂိုလ်တစ်ပါး။ ခောတ်အဆက်ဆက်တွင် လူအများ၏ ကြည်ညိုလေးစား ကိုးကွယ်ခြင်းကိုခံခဲ့ ရသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ များစွာ ပေါ်ထွန်းခဲ့ကြဖူးပါသည်။ ထိုပုဂ္ဂိုလ်များ သက်ရှိထင်ရှားရှိစဉ်အခါ လူများအပေါ် တန်ခိုးဩဇာအာဏာ လွှမ်းမိုး သက်ရောက် နိုင်ခဲ့ခြင်း ရှိခဲ့ပါသော်ငြားလည်း သူတို့ ကွယ်လွန်ပြီးနောက်ပိုင်း ၄င်းတို့၏ ဆောင်ရွက်ချက်များနှင့် လူတို့အပေါ် လွှမ်းမိုးနိုင် စွမ်းများ တဖြည်းဖြည်း မှေးမှိန်လာကာ အချို့ကိုပင် လူများမေ့ပျောက်ကုန်ကြပြီ ဖြစ်ပါသည်။ သို့သော် ထိုအထဲမှ ပုဂ္ဂိုလ်တစ်ဦး မှာ ထိုကဲ့သို့ မဟုတ်ပါ။ ခောတ်ကာလ တိုးတက် ပြောင်းလဲလာလေ သူ့ကိုယုံကြည် လက်ခံသူများ များပြားလာလေဖြစ်ပြီး နှစ်များ ကြာလာလေ လူသားတို့အပေါ် သူ၏တန်ခိုး ဩဇာလွှမ်းမိုးနိုင်စွမ်း ကြီးမားလာလေပင် ဖြစ်ပါသည်။ အကြောင်းမှာ လက်ဝါးကားတိုင်ထက် လူများရှေ့တွင် သူ့ကို ကွပ်မျက်လိုက်ကြသော်လည်း ကျမ်းစာ လာသည့်အတိုင်း သုံးရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ပြီး ယနေ့တိုင် အသက်ရှင်လျက် အလုပ်လုပ်နေခြင်းကြောင့် သူ၏လုပ်ငန်းများ မှေးမှိန် ပျောက်ကွယ် သွားခြင်း မရှိဘဲ တိုးတက် ကြီးထွားလာရခြင်းပင် ဖြစ်ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် ယေရှုကို ကိုးကွယ် ယုံကြည်သူပေါင်း ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ ကျော်ပင် ရှိနေပြီ ဖြစ်ပါသည်။ သူ့ကို ကိုးကွယ်သည့်သူများ အားလုံးတို့တွင် စဉ်းစား ဆင်ခြင်ဥာဏ် နည်းပါးသူ၊ ပညာမတတ်သူ၊ သာ၍ကူးသွားသူ၊ ဆိုးသွမ်းသူများဟု လုံးဝ မဆိုနိုင်သည့်အပြင် ကောင်းမှုနှင့်ပတ်သက်၍ နာမည်အရခဲ့ဆုံးသော လူအများစုမှာ ယေရှုကို ယုံကြည်သူများ ဖြစ်ကြပါသည်။

 

ရှင်ပြန်ထမြောက်ခြင်းသက်သေ

ယေရှုဘုရားသေခြင်းမှ အမှန်တကယ်ရှင်ပြန်ထမြောက်ကြောင်း အဘယ့်ကြောင့်အတတ်ပြောနိုင် ရပါသနည်း?

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က လူထုရှေ့တွင် ယေရှုဘုရားကို လက်ဝါးကပ်တိုင်ပေါ်၌ အသေသတ်ပြီး မြေ‘မြှုပ် သင်္ဂြိုဟ်ခဲ့ပါသည်။ သူ့နောက်လိုက် များမပြောနှင့် သူ့တပည့်တော်ရင်းများပင် သူ့ကို ကျောခိုင်းခဲ့ကြပါသည်။ သို့သော် မကြာလိုက်ပါ ထိုမြို့၌ပင် ခရစ်ယာန်တည်းဟူသော လူ့အသိုင်းအဝိုင်းတစ်ခု ရုတ်တရက်ပေါ်ပေါက်ကြီးထွား လာပါသည်။ သူတို့အားလုံးက ရှင်ပြန်ထမြောက် ခဲ့သော အရှင်ယေရှုကို မြင်တွေ့ရရုံမျှမက သူတို့နှင့်အတူ ရက်ပေါင်း ၄၀ ပင်နေထိုင် ခဲ့သည်ဟု တညီတညွတ်တည်း ဆိုကြ၏။ (more…)

 

သေခြင်းသုံးမျိုးမှ လွတ်ရာလမ်း

Filed under: ယေရှုခရစ်တော် — amayaphay @ 10:52 am
Tags:

လူတို့၏အပြစ်ကြောင့် ရင်ဆိုင်ရမည့်သေခြင်းသုံးမျိုးမှ ယေရှုဘုရားက အဘယ်ကဲ့သို့ လွတ်မြောက်စေခဲ့ ပါသနည်း?

လူသည်အပြစ်ကြောင့် ဘုရားနှင့် အဆက်ပြတ် နေခဲ့ပါသည်။ ထို့အတွက် ယေရှုသည် ကားတိုင်ထက်တွင် လူသားများ၏ အပြစ်ကို ယူတင်လိုက်သောအခါ လူတို့၏ အပြစ်ကြောင့် ခမည်းတော်ဘုရားနှင့် အဆက်ပြတ်ခဲ့ရပါသည်။ ထို့ကြောင့် ယေရှုက ကားတိုင် ထက်တွင် “အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟု (မ ၂၇း၄၆) ဆိုခဲ့ပါသည်။ ထိုကဲ့သို့ ဘုရား၏ စွန့်ပစ်ခြင်းကို ခံပေးခဲ့ပြီးသောကြောင့် ယေရှုရှင်ပြန်ထမြောက်ပြီး ယုံကြည်သူတို့အား “ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အစဉ်မပြတ် ရှိတော်မူမည်” ဟု ဂတိပေးခဲ့ခြင်း ဖြစ်ပါသည်။ ( မ ၂၈း၂၀)  ယုံကြည်သူသည် ယေရှုအားဖြင့် အပြစ်ပြေလျက် သန့်ရှင်းသောဘုရားနှင့် ပြန်လည် သင့်မြတ်ခွင့်ကို ရကြပါသည်။

လူတိုင်းတစ်နေ့ ခန္ဓာနှင့် ဝိညာဉ်အဆက်ပြတ်ခြင်းတည်းဟူသော သေခြင်း တရားကို ရင်ဆိုင်ကြရပါမည်။ ထို့အတွက် ယေရှု သည် လက်ဝါးကပ်တိုင်ထက် လူများရှေ့တွင် အသေခံခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ပါသည်။ (မ ၂၇း၅၀) ရှင်ပြန်ထမြောက်ခဲ့သည့် အရှင်ယေရှုက “ငါ့ကို ယုံကြည်သောသူသည် သေလွန် သော်လည်းအသက်ရှင်လိမ့်မည်” ဟု ဂတိပြုခဲ့ခြင်း ဖြစ်ပါသည်။ (ယော ၁၁း၂၅) လူတို့က ယနေ့ ခရစ်ယာန်တွေ သေနေတာပဲ ဘယ်မှာပြန်ရှင်လို့လဲဟု မေးတတ်ကြပါသည်။ ယေရှုသည် အသေခံပြီး သဂြိုဟ်ခြင်းကို ခံယူခဲ့သည်နည်းတူ ယုံကြည်သူများလည်း သေပြီး သဂြိုဟ်ခြင်းကို ခံကြရမည်ဖြစ်ကာ ယေရှုသည် သင်္ချိုင်းဂူမှ ပြန်လည် ရှင်ပြန် ထမြောက်သကဲ့သို့ ယုံကြည်သူများလည်း သင်္ချိုင်းဂူမှ တစ်နေ့ ပြန်လည်ပြီးရှင်ပြန်ထမြောက်မည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားသော လူပုဂ္ဂိုလ်တို့၏ သမိုင်းဝင် သင်္ချိုင်းဂူများထဲမှ တစ်ခုတည်း သောအလောင်းမရှိတော့သည့် သခင်ယေရှု၏ သချိုင်းဂူက ယုံကြည်သူတို့ အတွက် ယုံလောက်သော သက်သေနှင့် ဝမ်းမြောက်ဖွယ်ရာ မျှော်လင့်ခြင်းဖြစ်ပါသည်။ (more…)

 

မာန်ငါးပါး

Filed under: ယေရှုခရစ်တော် — amayaphay @ 10:50 am
Tags:

မိမိကိုးကွယ်ရာအရှင်သည် အာမခံချက်ရှိသောစစ်မှန်သည့်အရှင်ဖြစ်ကြောင်း အဘယ်ကဲ့သို့ရွေးချယ်ရမည်နည်း ?

အကြောင်းအရာများစွာရှိသည့်အနက် ကျွန်တော်တို့နေထိုင်ရာ အရှေ့တိုင်း မှာတော့ မာန်ငါးပါးကိုအမှန်တကယ် အောင်သော အရှင်ဖြစ်ရမည်ဟု သတ်မှတ် ပါသည်။

မာန်ငါးပါးကို အမှန်အောင်မြင်ခဲ့သောအရှင် သမိုင်းတွင် ပေါ်ထွန်းခဲ့ဖူး ပါသလား?

အောင်မြင်ခဲ့သည်ဟု ဆိုသောအရှင် တစ်ပါးမကပါ၊ သို့သော် အောင်မြင်မှု စံနှုန်းခြင်းတော့ မတူညီကြပါ၊ ထိုအရှင်များထဲမှ ယေရှုဟု အမည်နာမရှိသော အရှင်တစ်ပါး၏ အောင်မြင်ပုံကို ဖေါ်ပြ ပေးလိုပါသည်။ ထိုအရှင်က ငါသည် သမ္မာတရား ဖြစ်၏ဟု ကြွေးကြော်ခဲ့သူလည်း ဖြစ်ပါသည်။ ရွေးချယ်မှုက သင့်အပိုင်းသာလျှင်ဖြစ်ပါသည်။ (ယော ၁၄း၆)

၁)      ကိလေသာမာန်။ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ တန်ခိုးတော်အားဖြင့် လူ့ဇာတိခံယူရန် မယ်တော် မာရိ၏ ဝမ်းကိုအသုံးပြုခဲ့သော်လည်း မိခင်ဖခင်တို့၏ လူ့ဇာတိ အသွေးအသား (စပ်ယှက်မှု) လုံးဝမပါဝင်ပါ။ မှားယွင်း ခြင်း အပြစ်နှင့်ကင်းသော လူပျိုဘုရားလည်း ဖြစ်တော်မူ၏။

(မ ၁း၂၀-၂၁)

၂)      ဒေဝပုတ္တာမာန်။ ယေရှုသည် တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ယေရှု မပြုနိုင်သောအမှုမရှိ။ (မာ ၅း၁၃)

၃)      မဉ္ဇုမာန်။ ယေရှုသည် သေခြင်းမှ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်တော်မူ၏။(၁ကော ၁၅း၃-၄)

၎)      ခန္ဓာမာန်။ ယေရှု၏ကိုယ်ခန္ဓာသည်ပုပ်ပျက်ပြောင်းလဲမှု မရှိခဲ့ပါ။ (တ ၁း၉-၁၁)

၅)      အဘိသင်္ခါရမာန်။ ယေရှုသည် မနေ့ ယနေ့ နောင်ကာလ မပြောင်းမလဲ ထာဝရတည်တော်မူ၏။(မ ၂၈း၂၀)

ယေရှုဘုရားသည် အပျိုကညာကနေ ဖွားမြင်သည်ဆိုသည့် အကြောင်းမှာ အဘယ်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း?

ယေရှုက သာမန်လူလိုမွေး သာမန်လူလိုသေသွားသော အရှင်မဟုတ်ပါ။ ယေရှုသည် အပျိုစင် မယ်တော်မာရိ၏ ဝမ်းကို အသုံးပြုပြီး လူ့ဇာတိခံယူခဲ့သော အရှင်ဖြစ်ပါသည်။ ထိုမဖြစ်နိုင်သော သဘာဝလွန် အကြောင်းအရာကို ဖြစ်နိုင်ကြောင်း သက်သေတော် အနေဖြင့် ယေရှု၏ သက်တော်စဉ် တစ်လျှောက်လုံး မဖြစ်နိုင်သော သဘာဝလွန် တန်ခိုးနိမိတ် ဖြစ်ရပ်များနှင့် ပြည့်နေပါသည်။ အံ့ဩဖွယ် အကောင်းဆုံးက ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း ပင်ဖြစ်ပါသည်။ ထိုမဖြစ်နိုင်သော ဒဏ္ဍာရီမဟုတ်သည့် သဘာဝလွန် ဖြစ်ရပ်များတို့ကြောင့် ယေရှုကို ဘုရားဟု သတ်မှတ်ကြခြင်းလည်း ဖြစ်ပါသည်။ မိန်းမကမွေးလို့ ဘုရားဟု မသတ်မှတ်နိုင် ပါဟု ဆိုကြလျှင် ဘုရားက လူ့ဇာတိ ခံယူဖို့ အပျိုကညာ၏ ဝမ်းကိုအသုံးပြုပြီး လူ့ဇာတိ ခံယူခြင်းထက် အခြားသော နည်းလမ်းဖြင့် ထို့ထက် သဘာဝကျပြီး ယုတ္တိတန်သော အကြောင်းတရား ရှိနိုင်ပါမည်လား။ ယနေ့ သိပံ္ပပညာရှင်များ ပင် အပျိုကညာဝမ်းမှ သားဖွါးပေးခြင်း အမှုကို ပြုနိုင်ကြပြီဖြစ်ရာ အနန္တတန်ခိုးတော်ရှင် ဖြစ်သည့် ဘုရားက အဘယ့်ကြောင့် ထိုအမှုကို မပြုဘဲ မနေနိုင်ရ ပါမည်နည်း။

 

ယေရှုသည်သူတော်စင်တစ်ဦးသာဖြစ်သည် မဟုတ်ပါလား?

Filed under: ယေရှုခရစ်တော် — amayaphay @ 10:33 am
Tags:

ယေရှုသည်သူတော်စင်တစ်ဦးသာဖြစ်သည် မဟုတ်ပါလား?

အောက်စဖို့စ် တက္ကသိုလ်၏ ပါမောက္ခ ဖြစ်သူ စီအက်လူးဝစ်သည် ဘုရားမဲ့ဝါဒီ တစ်ဦးဖြစ် သော်လည်း ယေရှုအကြောင်း ကိုလေ့လာပြီးသောအခါ ယေရှုအားဘုရား အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သည်။ သူက ယေရှုနှင့်ပတ်သက်လို့မပြတ်မသား ဒွိဟဖြစ်နေသူများကို အောက်ပါအတိုင်း ပြောခဲ့ပါသည်။

လူတစ်ချို့က ယေရှုသည် ကိုယ်ကျင့်တရား ကောင်းမွန်သော သူတော်စင် အဖြစ်လက်ခံပါသည် သို့သော် ဘုရားအဖြစ်တော့ လက်မခံနိုင်ပါဟု စဉ်းစားဥာဏ်မရှိဘဲ ပြောဆိုမှုများကို ကျွန်ုပ်လုံးဝ ကန့်ကွက်ပါသည်။ ယင်းသည်ကျွန်ုပ်တို့ ပြောရမည့်စကား မဟုတ်ပါ။ ယေရှု၏သက်တော်စဉ်နှင့် လုပ်ဆောင်ချက်များကို ကြည့်ပြီးယေရှုသည် ဘုရားဖြစ်သည် သို့တည်းမဟုတ် ရူးသွပ် နေသော ငရဲမှလာသည့်နတ်မိစ္ဆာသာဖြစ်သည် ဟူသော ခံယူ ချက်နှစ်ခုထဲမှတစ်ခုကို ရွေးချယ်ရန်လိုအပ်လာသည်။

သင်သည် သူ့အား အရူးတစ်ယောက်အနေဖြင့် လစ်လျူရှုထားနိုင်ပါသည်။ နတ်မိစ္ဆာဟုသတ်မှတ်၍ တံတွေးဖြင့် ထွေးနိုင်ပါသည်။ ထိုသို့မပြုလိုပါက သူ၏ခြေရင်း တွင် ဦးညွှတ်၍ကျွန်ုပ်၏ သခင် ဘုရားရှင်ဟု ခေါ်နိုင်ပါသည်။ သို့သော် အနှစ်သာရ မဲ့ပြီး အဓိပ္ပါယ် မရှိသောယူဆချက်ဖြစ်သည့် ယေရှုသည် ကိုယ်ကျင့်တရား ကောင်းမွန် သည့်ဆရာသမားဖြစ်သည် စသည့်သာမန်လူသားတစ်ယောက်သာ ဖြစ်သည်ဟူသော စကားကိုမူ ရပ်တန့်ရမည်ဖြစ်သည်။ သင်သည် အသိဥာဏ် ဖြောင့်မတ်မှန်ကန်ခြင်းကို လက်ခံလိုသောဆန္ဒရှိပါက မပီပြင် မပြတ်သားသော ကြားနေအယူအဆကို လက်မခံ သင့်ပါ။ ယေရှုသည် ဘုရားဖြစ်သည်ဟု လက်ခံလိုက်ခြင်းက ပိုမိုလွယ်ကူပေမည်။

 

ယခု ယေရှုဘယ်မှာရှိနေပါသနည်း?

Filed under: ယေရှုခရစ်တော် — amayaphay @ 10:10 am
Tags:

(ဟေရှာယ ၉း၆) တွင် ငါတို့အဖို့သူငယ်ကိုဖွားမြင်မည်.. နာမတော်မူကား အံ့ဩဖွယ် တိုင်ပင်ဖက် တန်ခိုးကြီးသော ဘုရားသခင်.. ဖြစ်ပါသည်။

(ယော ၄း၂၄) မှာ ဘုရားသခင်သည်နာမ်ဝိညာဉ် ဖြစ်တော်မူ၏ဟုဆိုထားသောကြောင့် ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွ သွားသော်လည်း ယခုအခါ နာမ်ဝိညာဉ်အနေဖြင့် နေရာတိုင်းတွင် တပြိုင်နက် ရှိနေပါသည်။

(ဗျာဒိတ် ၃း၂၀) မှလည်း ယေရှုခရစ်တော်က ငါသည်တခါးရှေ့မှာရပ်၍ ခေါက်လျက် နေ၏… .. ဟုဆိုထားပါသည်။

ထိုယေရှုခရစ်တော်သာ ကျွန်တော်တို့အထဲရောက်လာလျှင် ဖာရိရှဲ ကျမ်းပြုဆရာ တို့ကျင့်သောအကျင့်ထက် သာလွန်သော သူများ ဖြစ်သွားပါမည်။

(ရောမ ၈း၉) ခရစ်တော်၏ဝိညာဉ်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင် ဟုအတိအလင်း  ဆိုထားပါသည်။ (more…)