အမေးများအတွက် အဖြေလွှာ

အပြစ်တရား၏ အကျိုးဆက်များ December 10, 2009

Filed under: အကျင့်တရား — amayaphay @ 9:15 am
Tags:

က. ဘုရားနှင့်လူအဆက်ပြတ်ခြင်း

ကမ္ဘာဦးလူသားအာဒံ၏ ဘုရားစကားနားမထောင်မှုကြောင့် အာဒံမှဆင်းသက်လာသော လူသားတိုင်းဘုရား နှင့်အဆက်ပြတ်ခဲ့ရပါသည်။ လူသည်ဘုရားနှင့်အဆက်ပြတ်ကာ မွေးဖွါးလာကြခြင်းကြောင့် ဘုရားကိုမသိပါ။ သို့သော် လူသည် ဘုရားထံမှ ဆင်းသက် လာပြီး လူ့အတွင်းမှ ဝိညာဉ်ရှိခြင်းကြောင့် ဘုရားကို ကိုးကွယ်လိုစိတ်ရှိကြခြင်း ဖြစ်ပါသည်။ ဝိညာဉ်ဆိုသည်မှာ ဝိ= အထူး နှင့် ညာဉ်= သိခြင်းတို့ပေါင်းစပ် ထားပြီး ထိုအထူးသိခြင်းဆိုသည်က ဘုရားကိုကိုးကွယ်လိုခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့်ယနေ့ ကမ္ဘာပေါ်တွင် လူတို့က ဘုရားဟုသတ်မှတ် ကိုးကွယ်ကြသောအရှင်ပေါင်း မြောက်များ စွာရှိနေပါသည်။ သို့သော် စစ်မှန်သောဘုရားကတော့ တစ်ဆူတည်းရှိပါသည်။

ခ. ခန္ဓာနှင့်ဝိညာဉ်အဆက်ပြတ်ခြင်း

လူသားတိုင်းတစ်နေ့သေကြရမည်ဖြစ်ပါသည်း။ ဘုရားကလူကို သူ၏သဏ္ဍာန်တော် နှင့်အညီ ဖန်ဆင်းထားသည်ဟု ဆိုခြင်းကြောင့် ဘုရားသည်နာမ်ဝိညာဉ်ဖြစ်သလို လူသည်လည်း နာမ်ဝိညာဉ်ဖြစ်ပါသည်။ ခန္ဓာသည် ဝိညာဉ်ခေတ္တကျိန်းဝပ်ရာ အခွံသာဖြစ်ပြီး ကျမ်းစာကဆိုထားသည့်အတိုင်း မြေကြီးမှလာသော ထိုခန္ဓာသည် မြေကြီးသို့သာ ပြန်သွားရမည်ဖြစ်ပါသည်။ သို့သော် ဝိညာဉ်ကတော့ ထာဝရဘုရားထံမှ လာ၍ ထာဝရတည်မြဲပါသည်။ လူအစစ်အမှန်ဆိုသည်မှာ လူ့ခန္ဓာအတွင်းမှ ဝိညာဉ်ဖြစ် ပါသည်။ လမ်းသွားရင်းဖိနပ် ပြတ်သွားပါက နီးရာအိမ်တွင်အကူအညီ တောင်းခံကာ ခေတ္တထားခဲ့ပြီး အပြန်မှ ဝင်ယူမည်ဆိုလျှင် အိမ်တိုင်း လက်ခံနိုင်သော်လည်း လမ်းသွား ရင်းမတော်တဆသေသွားသောလူသေကို နီးရာအိမ်တွင်ခေတ္တထားခွင့်ပြုပါ ဆိုလျှင် မည်သည့်အိမ်မှ လက်ခံမည်မဟုတ်ပါ။ ဝိညာဉ်ထွက်ခွါသွားသောလူ့ခန္ဓာသည် ဖိနပ်လောက်မျှပင် တန်ဘိုးမရှိတော့ပါ။  လူသည်မနက်ဖန်ကိုအမှီပြု၍မဝါကြွားရ၊ တစ်နေ့ ခြင်းပင်အဘယ်ကဲ့သို့ဖြစ်မည်ကို မသိနိုင်။ သေခြင်း တရားသည်အရွယ် မရွေးပါ။ ထို့ပြင် လူ့ဘဝသည် သင်္ချိုင်းတွင်သာ ပြီးဆုံးသွားလိမ့် မည်မဟုတ်ပါ။

ဂ. ဘုရားနှင့် လူ ထာဝရအဆက်ပြတ်ခြင်း

လူသည်တစ်ခါတည်းသေ၍ထို့နောက်မှတရားစီရင် ခြင်းခံရပါလိမ့်မည်။ တစ်နေ့ လူသားတိုင်း ယေရှုခရစ်တော်ဘုရား၏ တရားပလ္လင်ရှေ့သို့ရောက်ရကြမည်ဖြစ်ကြောင်း သမ္မာကျမ်းစာကဆိုထားပါသည်။ ယေရှုဘုရားကိုယ်တော်တိုင်ကလည်း သေခြင်းမှ ရှင်ပြန် ထမြောက်ပြီး မြေကြီးပေါ်၌၄င်း ကောင်းကင်ပေါ်၌၄င်း စီရင်ပိုင်သော အခွင့် တန်ခိုးရှိသမျှကို ငါခံရပြီဟု မိန့်ဆိုခဲ့ပါသည်။ထို့ကြောင့် ယေရှုကို ယုံကြည်လက်ခံ ခြင်းမရှိပါက ငရဲသို့သွားရမည်ဖြစ်ပြီး ဘုရားနှင့် ထာဝရ ခွဲခွါရပါလိမ့်မည်။

( က ၁း၂၇၊ က ၂း၁၇၊ က ၃း၆၊ က ၆း၅-၆၊ ၁ယော ၃း၎၊ ရော ၅း၁၂၊ ရော ၆း၂၃၊ ရော ၃း၂၃၊ ရော ၉း၂၀၊ ရော ၁၃း၁၃၊ ရော ၂း၁၂၊ ယာကုပ် ၄း၁၇၊ ၁ယော ၃း၈၊ မ ၅း၂၈၊)

၂. ပညတ်တရား

ပညတ်တရားသည်မောရှေအားဖြင့် ဤကမ္ဘာလောကသို့ ဝင်ရောက် လာပြီး ထိုပညတ်တရားအားဖြင့် လူတိုင်းမှာ အပြစ်ရှိကြောင်းကိုသိရ ပါသည်။

သမ္မာကျမ်းစာတွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ပညတ်၊ အုပ်ချုပ်စီမံရေး ဆိုင်ရာပညတ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ် ဟူ၍ ဆောင်ရန် ရှောင်ရန်အချက် (၆၁၃) ချက်ရှိပါသည်။ ပညတ်တို့သည်အကုန်အစင်အချိန်တိုင်း ကျင့်ရမည်ဖြစ်ပြီး တစ်ချက်ကျူးလွန် မိပါက အလုံးစုံတို့ကို လွန်ကျူးရာသို့ရောက်ပါသည်။ ဥပမာ၊ စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာကျက စာမေးပွဲကျ ပါသည်။

မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်ဟု ကျမ်းစာက ဆိုထားသကဲ့သို့ အပြစ်သားဖြစ်သော လူသားတိုင်းတို့သည် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ သွန်သင်မှုအတိုင်း ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်ကြပါသော်လည်း စံချိန်မှီအောင် ကျင့်နိုင်သော လူသား တစ်ဦးယောက်မျှ လောကတွင်မပေါ်မရှိသေးပါ။ ထို့ကြောင့် ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်သူဖြစ်စေ၊ ကြိုးစား အားထုတ်မှု မရှိသောသူဖြစ်စေ ထိုကောင်းမှုတို့ဖြင့် အပြစ်မှလွတ်နိုင်ခြင်းငှါမတတ်စွမ်းနိုင်ကြပါ။ အပြစ်သားများသာ ဖြစ်ကြပါသည်။ ဥပမာ ကောင်းရာဘုံသို့ ရောက်ရှိဖို့ မိမိကိုယ်ပိုင်အရည်အချင်းတို့ဖြင့် ကြိုးစားအားထုတ်သူသည် သမုဒ္ဒရာ၏တစ်ဖက် ကမ်းသို့ လက်ပြစ်ကူးပြီးသွားဖို့ကြိုးစားသူနှင့် တူပါသည်။ လူအချို့က မီတာတစ်ရာ ကူးနိုင်မည်ဖြစ်ပြီး လူအချို့က မီတာငါးရာထိကူးနိုင်သည့်တိုင် မည်သူတစ်ဦး တစ်ယောက်မျှ တစ်ဖက်ကမ်းသို့ ရောက်နိုင်ကြမည်မဟုတ်ပါ။ ကောင်းမှုကုသိုလ်မလုပ်ရ ဟု မဆိုလိုပါ၊ ထိုအပိုင်းက ‘ဒုတိယပိုင်းဖြစ်ပါသည်။

သမ္မာကျမ်းစာက ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ် ရာသို့မရောက်နိုင်၊ ပြုဘူးသမျှသော ကောင်းမှုကုသိုလ် တို့သည်လည်း ဘုရားရှေ့တွင် ညစ်သောအဝတ်နှင့်သာတူပါ၏ဟု ဆိုထားပါသည်။ ကောင်းမှုကုသိုလ်အကျင့် သီလတို့ဖြင့် ဖြောင့်မတ်ရာသို့ရောက်ဖို့ သန့်ရှင်းသောဘုရားရှေ့တွင် ကြိုးစားအားထုတ် နေသူသည် ဥပမာ- အနူအစိုလက်နှင့်သုပ်သော လ္ဘက်သုပ်နှင့်တူပါသည်။ လ္ဘက်သုပ်မှာ အလွန်ကောင်းပါသော်လည်း သုပ်သောလက်က နူနေခြင်းကြောင့် သန့်ရှင်းခြင်းမရှိပါ။

 

ကွဲပြားသော ကျေးဇူးတရား

Filed under: အကျင့်တရား — amayaphay @ 9:14 am
Tags:

ကျေးဇူးတရား

ကျေးဇူးတရားသည် ယေရှုအားဖြင့် ဤကမ္ဘာလောက သို့ဝင်ရောက် လာပြီး ယေရှုကိုလက်ခံယုံကြည်သောသူအပေါင်း အပြစ်မှ လွှတ်ခြင်းအခွင့် နှင့် အပယ်ငရဲမှလွတ်မြောက်ခွင့်ကိုရကြပါသည်။

သမ္မာကျမ်းစာတော်မြတ်တွင် လူသားတိုင်းတို့သည် အပြစ်နည်းသည်နှင့် များသည်သာကွာကြပြီး ဘုရားရှေ့တွင် အပြစ်သားများသာ ဖြစ်ကြပါသည်။ ထိုအပြစ် အတွက်လူသားတိုင်း ငရဲသို့ရောက်ရမည်ဖြစ်သော်လည်း လူအချို့ကတော့ အပယ်ငရဲမှ လွတ်ခွင့်ကို ရကြပါသည်။ ထိုလူနှစ်မျိုးတို့ကတော့ မိမိရဲ့ ကုသိုလ်ကောင်းမှုကို အမှီပြုသူနှင့် ဘုရားက လူတို့အတွက် ပြုပေးသော ကုသိုလ် ကောင်းမှုကို  လက်ခံခြင်း လက်မခံခြင်းအပေါ်တွင်သာမူတည်ပါသည်။

လူသားနှင့် သန့်ရှင်းသောဘုရားအကြားတွင် အပြစ်ဆိုသောတန်တိုင်းကြီးက ခြားထားပြီး ပညတ်တရား၏အကျင့်အားဖြင့်လည်း ထိုအပြစ်ကြွေးတို့ကို မဆပ်နိုင် ကြပါ။ လူ၏ဝိညာဉ်သည်လည်း စကြာဝဠာထက်မက တန်ဘိုးရှိပြီး ထိုဝိညာဉ်၏ တန်ဘိုးကို ဘုရားသခင်အား ပေးနိုင်ခြင်းငှါလည်း မတတ်စွမ်းနိုင်ကြပါ။

လူသားတိုင်းကောင်းရာသို့ရောက်ဖို့လူ့အပိုင်းမှဘာမျှမတတ် နိုင်ပါ၊ ဘာမျှလည်းမလုပ်နိုင်ကြပါ။ ဘုရားကသာ လျှင်တတ်နိုင်ပြီး၊ ဘုရား ကသာလျှင် ပြုလုပ်ပေးနိုင်သောအပိုင်းဖြစ်ပါသည်။

ဘုရား ကပြုပေးသောအမှုကို လူ့ဖက်မှ လက်ခံယုံကြည်ရန်သာ ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း လူမတတ်နိုင်သောအမှုကို ဘုရားတတ်နိုင်သည်ဟု မိန့်ဆိုခဲ့ပါသည်။ တပည့်များမဖြေနိုင်သောစာမေးပွဲ မေးခွန်းကို ထုတ်သောဆရာသမား ကောင်းဟူသည် လောကတွင်ရှိပါမည်လား။ ထိုနည်းတူ လူသားတိုင်းကောင်းရာဘုံသို့ ရောက်ဖို့ လူသားတိုင်းကျင့်ကြံအားထုတ်နိုင်ခြင်းငှါ မတတ်စွမ်းနိုင်သော ပညတ်ချက်တို့ဖြင့် ကြိုးစားအားထုတ်ကာ ငါ့ထံသို့လာကြပါဟု ဘုရားကဆိုလျှင် ထိုဘုရားသည် တရားပါမည်လား။ (more…)

 

ကောင်းမှုကုသိလု

Filed under: အကျင့်တရား — amayaphay @ 9:10 am
Tags:

ကောင်းတာလုပ်ရင် ကောင်းရာသို့ရောက်လိမ့်မည် မဟုတ်ပါလား?

ကောင်းမှုတစ်ခုနေ့စဉ်ပြုဟု လူတို့ဆိုရိုးစကားရှိသော်လည်း ၊ လက်တွေ့မှာမူ မလုပ်နိုင်သည့်အပြင် မကောင်းမှုများတို့ကိုတော့ နေ့စဉ်မှန်မှန်ကျူးလွန်မိတတ်ကြ ပါသည်။ ထို့ကြောင့်လူတို့သည်မွေးဖွါးချိန်မှစ၍ ယခုအချိန်အထိ လွန်ကျူးခဲ့သော အပြစ်ကြွေးများအတွက် အပါယ်လားရမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါသည်။ လူသားတိုင်း မှာ ဘာသာသာတရားအသီးသီးရှိကြပါသည်။ ထိုဘာသာတရားတို့သည် ဥပဒေနှင့် တူပြီး အပြစ်ထင်ရှားကြောင်းကိုသာ ဖေါ်ပြပါသည်။ ဘာသာတရားသည် ကျွန်ုပ်တို့ကို အပြစ်နှင့် သေခြင်းတရား၏ လက်မှ မကယ်တင်နိုင်ပါ။ ထို့ကြောင့် ဘာသာတရားက လူကိုကယ်တင်နိုင်မည်လား၊ ဘုရားကသာလျှင်လူကို ကယ်တင်နိုင်မည်လားဆိုသည်ကို ခွဲခြားသိမြင်တတ်ပြီး တရားပေးသောဘုရားနှင့် အသက်ပေးသောဘုရား မည်သည့် ဘုရားကို မိမိ၏ ထာဝရကာလအတွက် ကိုးကွယ်ရမည်ကို ပြတ်ပြတ် သားသား ရွေးချယ်တတ်ကြဖို့ အလွန်အရေးကြီးပါသည်။

( ယော ၇း၁၉၊ ရော ၃း၂၀၊ ရော ၇း၇၊ ဂလာတိ ၃း၁၀-၁၃၊ ဂလာတိ ၃း၂၄၊ ဂလာတိ ၂း၁၅၊ ဂလာတိ ၅း၎၊ တရား ၂၇း၂၆၊ဟေရှာ ၆၄း၆)