အမေးများအတွက် အဖြေလွှာ

မိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။ December 10, 2009

Filed under: သက်သေခံချက်များ — amayaphay @ 12:09 pm
Tags:

ယောကျာ်းများစွာရှိပေမည့်စစ်မှန်သောမိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

ယခုလောလောလတ်လတ်အဖြစ်အပျက်လေးတစ်ခုကို သက်သေခံလို ပါသည်။ အိမ်သို့မကြာမကြာ လာရောက် လည်ပတ် တတ်သော သားသမီးငယ်လေးဦး ရှိသည့်မုဆိုးမတစ်ဦးရှိပါသည်။ တစ်နေ့သူနှင့် စကားလက်ဆုံ ပြောဖြစ်ကြစဉ် သူ့အမျိုး သားနာမကျန်းဖြစ်လာသောအခါ တန်ခိုးကြီး ဘုရားစုံသို့ လှည့်လည်သွားရောက်ဖူး လိုသော်လည်း နာမကျန်းဖြစ်သည်ကတစ်ကြောင်း ငွေကြေး အခက်အခဲရှိသည်က တစ်ကြောင်းတို့ကြောင့် သူ့ဧည့်ခန်းမတွင် တန်ခိုးကြီးသည်ဟူသော ဘုရားအစုံ၏ ရုပ်ပုံ နှင့် ရုပ်တုများတို့ကိုဝယ်ယူ ချိတ်ဆွဲထားပြီး ကိုးကွယ်ထားပါသည်။ သူ့အမျိုးသားဆုံးသွားပေမည့် ထိုဘုရားအစုံကို ယနေ့တိုင် ထားရှိကိုးကွယ် နေကြောင်း ပြောပြပါသည်။

ထိုအခါ ကျွန်တော်က သူ့အား “အမကြီး လောကမှ ယောကျာ်းများ စွာရှိပေမည့် မိမိရဲ့ ဖခင်စစ်ကတော့ တစ်ဦးတည်းရှိမည် ဆိုတာ လက်ခံလား” လို့ဆိုတော့ သူကပြာပြာသလဲ ထောက်ခံပါသည်။ “ထိုဖခင်က ငါသည် ယောကျာ်းဖြစ်သည့်အတွက် ယောကျာ်းတွေ မြင်တိုင်း အဖေလို့ ခေါ်လို့ ရတယ် လို့ပြောပါမည်လား” ဟုမေးလျှင် မပြောကြောင်းကို သူကဝန်ခံပါသည်။ “တကယ်လို့ အသိပညာ မကြွယ်သေးသည့် သူ့သား ငယ်တစ်ဦးက ယောကျာ်းတိုင်းကို အဖေဟု လိုက်ခေါ်ပါက ထိုအဖေက ဘယ်လိုပြောမလဲ” ဟု သူ့အားမေး သောအခါ “ငါကလွဲရင် ဘယ်သူ့ကိုမှ အဖေလို့မခေါ်ရဘူးလို့ပြောမှာပေါ့ ” ဟု သူကဆိုပါသည်။

ဒီလိုပဲ လောကမှာ “ဘုရားအများရှိပေမည့် စစ်မှန်သောဘုရားကတစ်ဆူ                                       တည်းရှိပါသည်။ ထိုစစ်မှန်သည့်တစ်ဆူတည်း သောဘုရားက ဘုရားဟုထင်တိုင်း လိုက်ပြီးကိုးကွယ်နေလျှင် ကြိုက်မည်လား” ဟုမေးသောအခါ၊ “အဖေတောင်မကြိုက်တာ ဘုရား ဆိုပိုပြီး မကြိုက်ဘူးပေါ့” ဟု ထိုအစ်မကြီးက ဝန်ခံပါသည်။ “ဒါဆိုဘုရားစစ်က ဘယ်လိုပညတ်မလဲ” ဟု သူ့ကိုသာ အဖြေပေးခိုင်း သောအခါ “ငါကလွဲရင်ဘယ်သူ့ကိုမှ ဘုရားလို့ မခေါ်ရဘူး၊ မကိုးကွယ်ရဘူးလို့ပညတ်မှာပေါ့” ဟု သူကိုယ်တိုင်ပဲ အဖြေပေးပါသည်။

ထိုအခါ ကျွန်တော်က “ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရ ၊ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်ရ ဦးမချ ဝတ်မပြု ရဟု ပညတ်သောဘုရားတစ်ဆူ တည်းရှိပါသည်။ ထိုကဲ့သို့ ပညတ်သောဘုရားဟာ ဘုရားစစ်ပဲ၊ ထိုဘုရားကို ရှာပါဟု” ကျွန်တော် ကသူ့အား ပြောပြပြီး သူ့လုပ်ငန်းနှင့် သားသမီးများတို့အတွက် ဆုတောင်းပေး လိုက်ပါသည်။ (more…)

 

ဘုရားတကယ်ရှိပါသည်။

Filed under: သက်သေခံချက်များ — amayaphay @ 12:03 pm
Tags:

ဘုရားတကယ်ရှိပါသည်။

မြို့နှင့် မလှမ်းမကမ်း ရွာသုံးရွာတွင် ဧဝံဂေလိပြောရန် အသင်းတော်မှ တာဝန် ပေးခဲ့ပါသည်။ သုံးရွာမြောက်ရောက်လျှင် မှောင်ချိန်ကျနေပြီဖြစ်ပါသည်။ ထိုသုံးရွာ မြောက်သို့ရောက်စဉ် သေခါနီးလူမမာတစ်ဦးနှင့် ကြုံတွေ့ရပါသည်။ ရောဂါဝေဒနာကို အပြင်း ခံစားနေပြီး အော်ဟစ်ညည်းတွားနေပါသည်။ ဆေးဆရာက ရှိပြီး ဆေးကမရှိ သည့်အတွက် ကျွန်တော်လည်း သနားပြီး လိုအပ်သော ဆေးများကိုမေးပြီး မြို့ဖက်သို့ပြန် လာပါသည်။ ပိုက်ဆံမရှိသည့်အတွက် ရင်းနှီးရာအိမ်တစ်အိမ်တွင်ဝင်ချေးရာ သူ့တွင်လည်းမရှိသည့်အတွက် ဘေးအိမ်မှ ထပ်ချေးပေးလိုက်ပါသည်။ မနက်ဖန် နေ့လည်ဖက်ပြန်လာပေးမည်ဖြစ်ကြောင်း ဂတိပေးခဲ့ပါသည်။ ဆေးဝယ်၍ ရွာသို့ တစ်ခါပြန်သွားပြီး လူနာအတွက်ဆေးများကိုပေးကာ ဆုတောင်းဆက်ကပ်ပြီး ပြန်လာခဲ့ ပါသည်။

နောက်တစ်နေ့နံနက် နေ့တစ်ပိုင်းအစာရှောင်ဆုတောင်းရာအချိန်တွင် လူနာ လည်းဆုံးသွားပြီဖြစ်ကြောင်း ကြားသိရ ပါသည်။ ကျွန်တော်မနေ့ညက ထိုလူနာ အတွက်အလွန်ပင်ပန်း ‘ဒုက္ခရောက်ခဲ့ပါသည်။ ဘုရား၏အမှုတော်ကို ကိုယ်ကျိုးစွန့် လျက် ထမ်းဆောင်နေပြီး ငွေကြေးကလည်း မရှိပါ။ ထိုအစာရှောင်ဆုတောင်းရာအချိန် တွင် ဘုရားကို စမ်းသပ်ရန် ဝိညာဉ်တော်မှ နှိုးဆော်ခြင်းခံရသည့်အတွက် လိုအပ်ငွေအား အစာရှောင်ဆုတောင်းပြီးချိန်တွင် ရရန်နှင့် ထိုငွေကိုလည်း အတိအကျရလိုကြောင်း ဆုတောင်းခဲ့ပါသည်။ ၂၀ဝ၀ ခုနှစ်အချိန်အခါ ဖြစ်သည့်အတွက် အလှုငွေရလျှင် တစ်ရာနှင့် နှစ်ရာတန်တို့သာ  ရတတ်သော်လည်း ကျွန်တော်ချေးလာသော ငွေကို ပြန်ပေးရန်အတွက် ခုနှစ်ရာကျပ်တိတိကို အတိအကျတောင်းခံခဲ့ပါသည်။

အစာရှောင်ဆုတောင်းအပြီး အဝေးသို့စက်ဘီးနင်းပြန်ရသူများသက်သာရန် ဆန်ပြုတ်တစ်ခွက်စီ အသင်းတော်မှ တိုက်ကျွေးပါသည်။ ကျွန်တော်လည်း ဆန်ပြုတ် စားပါသည်။ အလှူငွေက ရောက်မလာသေးပါ။ ဆန်ပြုတ်ကုန်ရန်နောက်ဆုံး တစ်ဇွန်းကိုစားနေစဉ် အဒေါ်ကြီးတစ်ဦးကရောက်လာပြီး ကျွန်တော့အား အလှူငွေ ပေးချင်စိတ် ပေါက်လာသည့်အတွက်ဟုဆိုပြီး သူစုထားသည့် ဆယ်ဖို့တစ်ဖို့ကို လာပေးပါသည်။ စာအိတ်က နည်းနည်းထူနေသည့်အတွက် ခုနှစ်ရာမကဟုထင်ပြီး စိတ်လှုပ်ရှားကာ နောက်ဖေးသို့သွားပြီး ထိုငွေကို ရေတွက်ကြည့်ပါသည်။ ငါးဆယ်တန် များဖြစ်သည့်အတွက် တစ်ရွက်ခြင်း ရေတွက်ကြည့်ရာ ခုနှစ်ရာအတိတွင် ရပ်သွား ပါသည်။ ထပ်မံ ရေတွက်ကြည့်သောအခါတွင်လည်း မပိုမလိုအတိအကျ ခုနှစ်ရာ ဖြစ်နေပါသည်။ ကျွန်တော် အံ့ဩ ထိတ်လန့်စွာဖြင့် ဘုရားက ‘ဒီအနားမှာပင်အမှန် တကယ်ရှိနေပါလားဆိုပြီး ဘုရားကို ယခင်ထက် ပိုမိုကြောက်ရွံ့ ကိုးကွယ်ခဲ့ပါသည်။

ကျွန်တော်သည် ဧဝံဂေလိအမှုတော် စတင်ထမ်းဆောင်စဉ် အမှန်တကယ် ချို့တဲ့ခဲ့သည်မှန်သော်လည်း သုံးလသာ ကြာပါသည်။ ကျမ်းစာက ဘုရား၏ အမှုတော် ကိုဆောင်သော သူသည် အခကိုခံထိုက်သည် ဆိုသည့် အတိုင်း နောက်ပိုင်း အလှူငွေ များကို ငြင်းပယ်လောက်ရသည်အထိ လက်ခံရရှိခဲ့ပါသည်။ ထို အလှူငွေများ တို့သည်လည်း ကျွန်တော်အမှုတော် ဆောင်ရာဒေသမှမဟုတ်ဘဲ မထင်မှတ်သောအရပ် ဒေသတို့မှ ရောက်လာခြင်း ဖြစ်ပါသည်။ ကျွန်တော် အမှုတော်ဆောင်ရန် တာဝန်ကျရာ ရွာသားများမှာ အမှန်တကယ်ခက်ခဲ ဆင်းရဲကြပါသည်။

ငွေကြေးနှင့်ပတ်သက်ပြီး အံ့ဩဖွယ်ရာနောက်တစ်ချက်ကို သက်သေခံလိုပါ သည်။ အလုပ်ရှာဖွေရာတွင်  ဘုရားအလိုတော်နှင့် ညီသောအလုပ်ကို သာလုပ်ဖို့၊ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ဖို့နှင့် ရသမျှကို ဘုရားအတွက် ဆက်ကပ်အပ်နှံဖို့ ဆက်ကပ် ထားသည့်အတိုင်း၊ ထိုခသနှစ်ထောင် အထူးတစ်နှစ်တာ ဆက်ကပ်အပြီး နယ်လှည့် ဆေးကုသသာသနာတွင် ဆက်ကပ် ခဲ့ပါသည်။ ကျွန်တော်တို့အဖွဲ့ မြို့ငယ်လေး တစ်မြို့သို့ရောက်ပြီး နောက်ဆုံးဆေးကုသရက်၏ညတွင် သူခိုးအခိုးခံရ ပါသည်။ အားလုံးမောပန်းအိပ်မောကျ နေသည့်အတွက် ကျွန်တော်တို့အဖွဲ့ဝင်အားလုံး  သူခိုးအခိုး ခံရပါသည်။ ပိုက်ဆံတစ်ပြား မကျန် ယူသွားပြီး အိတ်ထဲ နှစ်ရာသာရှိသူ၏ ပိုက်ဆံပင် ချမ်းသာမပေးပါ။ သူခိုးက အိတ်များ အားလုံးကို အိမ်အောက်သို့ သယ်သွားပြီး တန်ဖိုးရှိ ပစ္စည်းများ အားလုံးကို ရှာဖွေယူသွားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော့ပိုက်ဆံ အိတ်ဇစ်များပွင့်နေပြီး ဖွထားသည့်အတွက် ပါသွားပြီဟုထင်ပြီး စစ်ကြည့်လိုက်ရာ ဘောက်ချာစာရွက်များကြားမှ ကျွန်တော့ပိုက်ဆံ တစ်သောင်းကျော်သည် တစ်ပြားမှ ပါမသွားဘဲရှိနေသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်ပါသည်။ ကျွန်တော့် အိပ်ယာဘေးတွင် ထားသည့် ငယ်စဉ်ကတည်းက အမြတ်တနိုးပတ်သည့် စီကို နာရီကိုလည်း အောက်ထပ် တွင် ချန်ထားခဲ့ကာ ကျွန်တော့ထံမှ ဘာမျှပါမသွားခဲ့ပါ။

ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်း အကြောင်းကို ရောနှောတော်မမူ။ (သု ၁၀း၂၂)

 

ဘုရားမတတ်နိုင်သောအမှုမရှိ။

ဘုရားမတတ်နိုင်သောအမှုမရှိ။

ကျွန်တော်ဧဝံဂေလိအမှုတော်ကို ထမ်းဆောင်ရင်း လူနာများစွာကို အားပေး နှစ်သိမ့်ခြင်းနှင့် ဆုတောင်း ပေးခြင်းများ များစွာပြုခဲ့ရဖူးပါသည်။ အချို့တို့သည်လည်း အံ့ဩဖွယ်ရာပင် ပြန်ကောင်းလာကြသည်များတို့ကိုလည်း မြင်တွေ့ရပါသည်။ ပျောက် ကင်းသူများတို့တွင် ဖျားနာသူ၊ ရူးသွပ်သောသူ၊ ဖျားနာပြီး နားမကြားမျက်စိ မမြင်တော့ရာမှ ပြန်ကောင်းလာသူ၊ နတ်ဆိုးကြောင့်နာမကျန်းဖြစ်ရာမှ နတ်ဆိုးနှင် ထုတ်ပေးပြီးပြန်ကောင်း လာသူများ များစွာကြုံတွေ့ခဲ့ရဖူးပါသည်။

သူတို့တတွေကို ယေရှုနာမ၌ အားပေးနှစ်သိမ့်ပျောက်ကင်းစေခဲ့သော်လည်း တစ်နေ့တွင် ကျွန်တော်ကိုယ်တိုင် ဝေဒနာခံစားရပြီး ပြန်မကောင်း နိုင်တော့ဘူးဟူသော ဆရာဝန်ကြီး၏ မှတ်ချက်ချခြင်းကိုခံခဲ့ရစဉ် နာရီဝက်ခန့် ထိတ်လန့်တုန်လှုပ်ခဲ့ကာ ကျေးဇူးတော်လည်း မချီးမွမ်း နိုင်ခဲ့ပါ။

တစ်နေ့ (ျွှသမို ဗှီုပေ) အတွက် ပြခန်းတွင် ဓ“ါတ်ပုံများချိတ်ဆွဲကြသော အခါလိုအပ်သော စာလုံးအညွှန်းများရိုက်ရန် ရုံးသို့ ကျွန်တော်ပြန်လာခဲ့ပါသည်။ စာများ ကိုရိုက်ပြီး အလောတကြီးပြခန်းသို့ပြန်လာစဉ် ရှေ့မှ ဆိုင်ကယ်တစ်စင်းက ရုတ်တရက် ဖြတ်ကွေ့ လိုက်သောကြောင့် ကျွန်တော့ဆိုင်ကယ်ကို ချက်ခြင်းရပ်ဖို့ ကြိုးစားရင်း တိမ်းမှောက်သွားပါသည်။ ထိုစဉ်ရှေ့နှင့်နောက်သာကွေးလို့ရသော ကျွန်တော့ ညာဖက် ဒူးမှာ ဘယ်ညာကွေးလို့ ရနေပါသည်။ လမ်းမလျှောက်နိုင်တော့ဘဲ ဆေးရုံသို့ရောက်ခဲ့ ပါသည်။ (more…)

 

ခရစ်တော်စိတ်သဘော

ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။

ကျွန်တော်တို့ နေအိမ်လမ်းထိပ်တွင်လူတိုင်း၏ ချစ်ခင်လေးစားခြင်းကိုခံရသော အဒေါ်ကြီးတစ်ဦး ရှိပါသည်။ သူသည် ကွမ်းယာနှင့် မုန့်စုံဆိုင်လေးလည်းဖွင့်ထား ပါသည်။ ယုံကြည်သူမဟုတ်ပေမည့် လိုအပ်ချက်များရှိလျှင် အမှုတော်ဆောင်များကို ခေါ်ပြီး ဆုတောင်းစေတတ်ပါသည်။ သူ့တွင် သားတစ်ဦးရှိပြီး ထောင်ကျနေကြောင်း လည်းသိရပါသည်။ အဒေါ်ကြီးသည်လည်း မကြာမကြာထောင်ဝင်စာသွားတွေ့ လေ့ရှိပါသည်။

တစ်နေ့ သူ့သားထောင်မှလွတ်လာပါသည်။ ထောင်မှလွတ်လာသော်လည်း ဆက်လက်ဆိုးသွမ်း နေဆဲဖြစ်ပါသည်။ အထူးသဖြင့် သူ့အမေထံမှ အရက်ဖိုးတောင်း မရပါက အော်ဟစ်ဆဲဆို ရန်တွေ့တတ်လေ့ရှိပြီး နေ့စဉ်နီးနီး ထိုအသံကို ကြားနေ ရပါသည်။ ကျွန်တော်ထိုဆိုင်ရှေ့မှဖြတ်သွားတိုင်း စိတ်ထဲတွင် တာဝန်တစ်ခုကို လွှဲရှောင် နေသလို ခံစားနေရပါသည်။

ယေရှုက ငါသည်ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်း ငှါလာသည် မဟုတ်၊ အပြစ်ရှိသောသူတို့ကို ကယ်တင်ဖို့ရန် ကြွလာသတည်း။ (မ ၉း၁၃) ယေရှုခရစ် ၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့၊ ဆိုသည့် ထာဝရဘုရား၏ အမိန့်တော်ကို ငြင်းဆန်နေသကဲ့သို့ ခံစားရကာ ငြိမ်သက်ဝမ်းမြောက်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် အဒေါ်ကြီး၏ သားကို သွားရောက်စကားပြောရန် အတွက် ကြိုတင် ဆုတောင်း ဆက်ကပ်ခဲ့ပြီး ထိုဆိုင်ဖက်သို့ သွားခဲ့ပါသည်။

မနက်စောစောဖြစ်သည့်အတွက် အဒေါ်ကြီး၏သားမှာ အရက်မသောက်ရ သေးပါ၊ ထို့ကြောင့် ကျွန်တော်က သူ့အား ကျွန်တော် နောက်ထပ် သုံးရက်လောက် နေရင် တစ်နှစ်တာ ဧဝံဂေလိလုပ်ဖို့ဆက်ကပ်ထားသည့် အသင်းတော်သို့ ပြန်သွားမှာ ဖြစ်သည့် အတွက် လိုက်လည်ပါလားဟု ခေါ်ဖိတ်ကြည့်ပါသည်။ သူကလည်း လိုက်လိုကြောင်းပြန်ပြောသောအခါ၊ ‘ဒါဆို အရက်ဖြတ်မှဖြစ်မယ်၊ ဒီနေ့ပဲ ဖြတ်လိုက်ပါ လားဟုဆိုစဉ် ၊ သူကိုယ်တိုင်က ‘ဒီလို ချက်ခြင်းဖြတ်လို့ရမှာ မဟုတ်ဘူး၊ ‘ဒုက္ခရောက် လိမ့်မည်ဟု ပြန်ပြောပါသည်။ ကျွန်တော်ကလည်း မစိုးရိမ် ပါနဲ့ကျွန်တော့အိမ်မှာ လိုက်နေပါဟုဆိုပြီး သူ့ကိုတခါတည်း ခေါ်ခဲ့ပါသည်။

အိမ်သို့ရောက်သည်နှင့် သူ့အတွက်ဆုတောင်းဆက်ကပ်ပြီး အရက်ထွက် သောက်လိုစိတ်မရှိစေရန် သူ့အနားမှ မခွါ နေပေးခဲ့ပါသည်။ မကြာပါ ခြေလက်များ တုန်လာပြီး စားသောက်သမျှ ပြန်အန်ပါတော့သည်၊ သူ့အန်ဖတ်များ ကျုံးပေးရသလို နောက်တစ်နေ့တွင် ခွက် ဇွန်းများပင် မကိုင်နိုင်သည့်အတွက် ကျွန်တော်ကိုယ်တိုင် သူ့ကိုခွံ့ကျွေးခဲ့ရပါသည်။ သုံးရက်ခန့် ကြာသောအခါ အစာ အဖတ်များစားနိုင်လာ သည့်အတွက် သူနှင့် အတူခရီးထွက်ခဲ့ပါသည်။

အသင်းတော်သို့ရောက်သောအခါ သူအား ကျွန်တော်သွားလေရာသို့ လိုက်ပြီးလေ့လာစေခဲ့ပါသည်။ ဒေသခံများနှင့်လည်း မိတ်ဆက်ပေးပါသည်။ သုံးပတ် ခန့်ရှိသောအခါအသင်းတော်တွင် ကျမ်းစာသင်တန်းရှိသည့်အတွက် သူ့ကိုပါ တက်ခိုင်းပါသည်။ ထိုစဉ် ဆရာကစစ်မှန်သော နောင်တအကြောင်း သင်ပေးပြီး ဘုရားက ထိုကဲ့သို့နောင်တရသောသူကို ခွင့်လွှတ်ကယ်တင်နိုင်ကြောင်း နှင့် ကားတိုင်ထက်မှ လူဆိုးကြီးအား ယေရှုဘုရား ကယ်တင်ခဲ့ပုံကို ဥပမာပေး၍သင်ကြားခဲ့ပါသည်။

ထိုသင်္ခန်းစာအပြီး သူနှစ်ခြင်းမင်္ဂလာခံယူမည့်အကြောင်း ကျွန်တော့ကို ပြောလာပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ချိန်က အလွန်အမင်း ဆိုးသွမ်းခဲ့သည့်အတွက် ငရဲကျမည့်အတူတူ မထူးဇာတ်ခင်းလျက် ဆက်လက်မိုက်မဲ နေခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု သူ့ကို ခွင့်လွှတ်ကယ်တင်နိုင်မည့်အရှင်အကြောင်းကို သိရသည့်အတွက် ထိုအရှင်ကို ကိုးကွယ်လိုကြောင်းပြောလာပါသည်။ ထို့နောက် သူသည် နှစ်ခြင်းမင်္ဂလာခံယူဖြစ်ပြီး သာသနာပြုလုပ်ငန်းတစ်ခုတွင် မော်တော်ယဉ်မောင်း သူအဖြစ် သွားရောက် ဆက်ကပ်ခဲ့ပါသည်။

ကျွန်တော့ကို ဘုရားကခွန်အားမပေးလျှင် နေ့စဉ်လမ်းဘေးတွင်မူးလဲနံစော် နေသောသူအား အိမ်သို့ခေါ်၍ ပြုစုစောင့် ရှောက်ရန် မဖြစ်နိုင်ပါ၊ ဘုရား၏ ခွင့်လွှတ်ခြင်း တရားအကြောင်းကို ထိုသူမသိရှိခဲ့လျှင်၊ သို့မဟုတ် လောကတွင် ဘုရား၏ခွင့်လွှတ် ခြင်းတရားအကြောင်းမရှိခဲ့လျှင် ထိုသူ၏ မထူးဇာတ်ခင်းပြီးဆိုးသွမ်းနေမှုသည် သူနှင့် အတူ လူပေါင်းမည်မျှကို ဒုက္ခရောက်စေနိုင်မည် မသိနိုင်ပါ။ ဘုရားရှင်၏ ခွင့်လွှတ်ခြင်း တရားနှင့် ယေရှုခရစ်၌အသစ်သော အသက်တာသစ်ကို လူတိုင်းရရှိခံစားနိုင်ကြပါ စေသော။

 

မိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

Filed under: သက်သေခံချက်များ — amayaphay @ 12:00 pm
Tags:

ယောကျာ်းများစွာရှိပေမည့်စစ်မှန်သောမိမိ၏ဖခင်ကတော့တစ်ဦးတည်းပါ။

ယခုလောလောလတ်လတ်အဖြစ်အပျက်လေးတစ်ခုကို သက်သေခံလို ပါသည်။ အိမ်သို့မကြာမကြာ လာရောက် လည်ပတ် တတ်သော သားသမီးငယ်လေးဦး ရှိသည့်မုဆိုးမတစ်ဦးရှိပါသည်။ တစ်နေ့သူနှင့် စကားလက်ဆုံ ပြောဖြစ်ကြစဉ် သူ့အမျိုး သားနာမကျန်းဖြစ်လာသောအခါ တန်ခိုးကြီး ဘုရားစုံသို့ လှည့်လည်သွားရောက်ဖူး လိုသော်လည်း နာမကျန်းဖြစ်သည်ကတစ်ကြောင်း ငွေကြေး အခက်အခဲရှိသည်က တစ်ကြောင်းတို့ကြောင့် သူ့ဧည့်ခန်းမတွင် တန်ခိုးကြီးသည်ဟူသော ဘုရားအစုံ၏ ရုပ်ပုံ နှင့် ရုပ်တုများတို့ကိုဝယ်ယူ ချိတ်ဆွဲထားပြီး ကိုးကွယ်ထားပါသည်။ သူ့အမျိုးသားဆုံးသွားပေမည့် ထိုဘုရားအစုံကို ယနေ့တိုင် ထားရှိကိုးကွယ် နေကြောင်း ပြောပြပါသည်။

ထိုအခါ ကျွန်တော်က သူ့အား “အမကြီး လောကမှ ယောကျာ်းများ စွာရှိပေမည့် မိမိရဲ့ ဖခင်စစ်ကတော့ တစ်ဦးတည်းရှိမည် ဆိုတာ လက်ခံလား” လို့ဆိုတော့ သူကပြာပြာသလဲ ထောက်ခံပါသည်။ “ထိုဖခင်က ငါသည် ယောကျာ်းဖြစ်သည့်အတွက် ယောကျာ်းတွေ မြင်တိုင်း အဖေလို့ ခေါ်လို့ ရတယ် လို့ပြောပါမည်လား” ဟုမေးလျှင် မပြောကြောင်းကို သူကဝန်ခံပါသည်။ “တကယ်လို့ အသိပညာ မကြွယ်သေးသည့် သူ့သား ငယ်တစ်ဦးက ယောကျာ်းတိုင်းကို အဖေဟု လိုက်ခေါ်ပါက ထိုအဖေက ဘယ်လိုပြောမလဲ” ဟု သူ့အားမေး သောအခါ “ငါကလွဲရင် ဘယ်သူ့ကိုမှ အဖေလို့မခေါ်ရဘူးလို့ပြောမှာပေါ့ ” ဟု သူကဆိုပါသည်။

ဒီလိုပဲ လောကမှာ “ဘုရားအများရှိပေမည့် စစ်မှန်သောဘုရားကတစ်ဆူ                                       တည်းရှိပါသည်။ ထိုစစ်မှန်သည့်တစ်ဆူတည်း သောဘုရားက ဘုရားဟုထင်တိုင်း လိုက်ပြီးကိုးကွယ်နေလျှင် ကြိုက်မည်လား” ဟုမေးသောအခါ၊ “အဖေတောင်မကြိုက်တာ ဘုရား ဆိုပိုပြီး မကြိုက်ဘူးပေါ့” ဟု ထိုအစ်မကြီးက ဝန်ခံပါသည်။ “ဒါဆိုဘုရားစစ်က ဘယ်လိုပညတ်မလဲ” ဟု သူ့ကိုသာ အဖြေပေးခိုင်း သောအခါ “ငါကလွဲရင်ဘယ်သူ့ကိုမှ ဘုရားလို့ မခေါ်ရဘူး၊ မကိုးကွယ်ရဘူးလို့ပညတ်မှာပေါ့” ဟု သူကိုယ်တိုင်ပဲ အဖြေပေးပါသည်။

ထိုအခါ ကျွန်တော်က “ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရ ၊ ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်ရ ဦးမချ ဝတ်မပြု ရဟု ပညတ်သောဘုရားတစ်ဆူ တည်းရှိပါသည်။ ထိုကဲ့သို့ ပညတ်သောဘုရားဟာ ဘုရားစစ်ပဲ၊ ထိုဘုရားကို ရှာပါဟု” ကျွန်တော် ကသူ့အား ပြောပြပြီး သူ့လုပ်ငန်းနှင့် သားသမီးများတို့အတွက် ဆုတောင်းပေး လိုက်ပါသည်။ (more…)

 

လက်တွေ့ဧဝံဂေလိဆိုင်ရာသက်သေခံချက်များ

Filed under: သက်သေခံချက်များ — amayaphay @ 11:58 am
Tags:

ဧဝံဂေလိပြောရန် ကျွန်တော်သည် တန်ဆာပလာသာဖြစ်ပြီး အမှန်တကယ်ပြောသူမှာ ဘုရားဖြစ်၏။

ကျွန်တော်ခသ ၂၀ဝ၀ အထူး ဧဝံဂေလိလုပ်ငန်းတွင် ဆက်ကပ်ရန် တပည့် တော်ဖြစ်သင်တန်း သုံးလကို အရင်တက်ရ ပါသည်။ လူတို့ထံ အဘယ်ကဲ့သို့ ချဉ်းကပ် ရမည် အဘယ်ကဲ့သို့ပြောရမည်ကို ဆရာက စာတွေ့နှင့် အတွေ့အကြုံများကို သင်ပေးပြီး နှစ်ယောက်တစ်တွဲ အပြန်အလှန်ပြောဆို လေ့ကျင့်ရပါသည်။ ထို့နောက် ညနေပိုင်းတွင် ဆေးရုံသို့သွားပြီး  အရိုးဌာနရှိ လူနာများ အား သွားရောက် ပြောဆို လေ့ကျင့်ခဲ့ပါသည်။ နောက်တစ်နေ့တွင် ရပ်ကွက်ထဲဆင်း၍ လေ့ကျင့်ပြောကြားစေခဲ့ပါသည်။ လူတို့နား ထောင်လိုသည်ဖြစ်စေ နားမထောင်လိုသည်ဖြစ်စေ ပြောဆိုခြင်းမျိုးမပြုပါဘဲ ဝိညာဉ် တော်ဘုရား၏ လမ်းပြမှုအတိုင်း အရင်ဆုံး မိတ်ဖွဲ့ စကားပြောကာ ဧဝံဂေလိ ပြောဖို့ အခွင့်သာမှသာလျှင်ပြောပြီး အခွင့်မသာပါက ဝေစာလောက်သာပေး၍ ပြန်ခဲ့ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး အောက်ကျို့လျက် ဧဝံဂေလိကိုပြောရန် ဘုရားရှင်၏ ဝိညာဉ်တော်မစမှုမပါရှိဘဲ ပြုနိုင်ဖို့ မဖြစ်နိုင်ပါ။

ကျွန်တော်တတ်သည်က တရားသုံးပါးအကြောင်းသာဖြစ်ပါသည်။ ကျွန်တော် ဧဝံဂေလိပြောရန် တာဝန်ပေး ထားသော ရွာလေးသည် မြန်မာစကားသိပ်မပြောတတ်ကြ ပါ။ ထို့ကြောင့် စကားပြန်နှင့် ဧဝံဂေလိ ပြောရပါသည်။ ထိုရွာတွင် အဒေါ်ကြီးတစ်ဦး ကို စကားပြန်ဖြင့် တရားစဟောပါသည်။ စကားပြန်နှင့်အတူ တစ်နှစ်သားအရွယ် ကလေးတစ်ဦးလည်း လိုက်ပါလာပါသည်။

အပြစ်တရားအကြောင်းကိုစပြောစဉ် လူသည်မွေးဖွားလာကတည်းက ဗီဇ အပြစ်ပါလာကြောင်း ထို့ကြောင့် ကလေးဘဝ ကတည်းကပင် အပြစ်ကိုသင်ပေး စရာမလိုဘဲ လုပ်တတ်ကြောင်း ပြောသောအခါ အဒေါ်ကြီးက ရယ်ပါသည်။ လူသည် အပြစ်သား ဖြစ်သည်က ပထမ အပြစ်ပြုတတ်သည်က ဒုတိယဖြစ်ပြီး ထိုအပြစ်သား ဖြစ်သော လူသားတိုင်း ငရဲသားများသာ ဖြစ်ကြောင်း ရှင်းပြ သော်လည်း လက်မခံသည့် အပြင်သူသည် လူကောင်းတစ်ဦးဖြစ်ကြောင်းနှင့် သေလျှင် ကောင်းရာဘုံသို့ ရောက်မည့် သူဖြစ်ကြောင်း ကျွန်တော့ကို ယုံကြည်မှုအပြည့်နှင့် ပြန်ပြောနေပါသည်။ မည်သို့မျှ ရှင်းပြလို့လည်းမရပါ။ ထိုစဉ် စကားပြန် အမကြီးရဲ့သားကလည်း အိမ်ပြန်ဖို့ရန် ငိုယို အော်ဟစ်နေပါသည်။

တရားသုံးပါးတွင် နောက်ထပ်နှစ်ချက် ထပ်ပြောဖို့နေနေသာသာ ပထမအပြစ် တရားအကြောင်းပင် ရှင်းလို့မပြီး၊ ကလေး ကလည်း ပြန်ဖို့ တချိန်လုံး ငိုယိုဂျီကျ နေသည်။ စကားပြန်မှ စကားပြန်ဆိုပေးနေစဉ် ဘုရားကိုကျွန်တော်ကအကူအညီ တောင်းရ ပါတော့သည်။ မကြာပါ၊ လမ်းပင်မလျှောက်တတ်သေးဘဲ မတ်တတ်ရပ် တတ်ခါစသားလေးက ထိုင်နေသော သူ့အမေ၏ ဆံပင်ကို မလွှတ်တမ်းဆွဲပြီး ၊ ဒေါသ တကြီးနှင့် ငိုယိုအော်ဟစ် ကန်ကျောက်ပါ တော့သည်။ ကျွန်တော်နှင့် အဒေါ်ကြီးက ဝိုင်းဖြည်ပေးရပြီး တရား ဟောခြင်း ကိုလည်း ထိုနေရာမှပင်အဆုံးသတ် လိုက်ရပါ တော့သည်။

စကားပြန်အစ်မကြီးကလည်း ဒေါသတကြီး အော်ဟစ်ငိုယိုနေသော ကလေးငယ်ကိုချော့ရင်း နှုတ်ဆက်လျက် အိမ်သို့ ပြန်သွားပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း စကားပြန်မရှိတော့သည့်အတွက် ထိုအဒေါ်ကြီးကိုဘယ်လိုလဲ ဟူသော အကြည့် တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ရာ ထိုအဒေါ်ကြီး၏စိတ်ထဲတွင် ထိုကလေးထံမှ သမ္မာတရား တစ်ခုကို သိရှိလိုက်သည့် အသိစိတ်အား သူ၏မျက်လုံးထဲ တွင် ကျွန်တော် မြင်တွေ့လိုက်ရပါသည်။ လူသည် အပြစ်သားဖြစ်သည့်အတွက် မွေးက တည်းကပင်လောဘ၊ ဒေါသ၊ မောဟတို့ ပါလာသည် မဟုတ်ပါလား။ အဲဒီနောက် ကျွန်တော်လည်း နှုတ်ဆက်လျက်အဒေါ်ကြီးအိမ်မှ ပြန်လာခဲ့ပါသည်။

နောက်တစ်ရက်တွင် စကားပြန်အစ်မကြီးမှ ကျွန်တော်နေရာအိမ် သို့ရောက်လာပြီး မနေ့ကအဒေါ်ကြီးသည် သမ္မာကျမ်းစာ သင်ကြားခြင်းကို ဆက်လက်ခံ ယူလိုသည့်အတွက် ကျမ်းစာထပ်မံသင်ပေးဖို့ တောင်းဆိုလာ ပါသည်။ ယခုအခါ သူမတင်မက သူနှင့်အိမ်သူအိမ်သားအားလုံး ဗတ္တိဇံခံယူလျက်ယုံကြည်ခြင်း ခိုင်မာသော ခရစ်ယာန်များဖြစ်နေကြပြီဖြစ်ပါသည်။ မှတ်မှတ်ရရ ထိုနှစ်အသင်းတော်တွင် ဧဝံဂေလိ အမှုတော်ဆောင် တစ်ဆယ့်နှစ်ဦးဖြင့် အမှုတော်ဆောင်စေသည့်အတွက် အသင်းတော်၏ လစဉ် ပထမအပတ် ပွဲတော်နေ့တိုင်းတွင် ပြောင်းလဲလာသောလူသစ်များ၏ နှစ်ခြင်း မင်္ဂလာခံယူခြင်း အစီအစဉ် ရှိခဲ့ပါသည်။

ကျွန်တော်ထိုရွာကို ဧဝံဂေလိစဝင်စဉ် ထမ်းပိုးမညီ သုံးအိမ်သာရှိပါသည်။ တနည်းအားဖြင့် အိမ်ခြေနှစ်ရာကျော်ရှိသော ထိုရွာတွင် ခရစ်ယာန်သုံးဦးသာရှိပါသည်။ ထိုထမ်းပိုးမညီ အမျိုးသမီးသုံးဦးတို့၏ ဧဝံဂေလိ စိတ်အားထက်သန်မှု ၊ ရွာခံများ ဖြစ်သည့် သူတို့ကိုယ်တိုင်က ပါဝင်မှုနှင့် အသင်းတော်မှ ဝိုင်းဝန်း ဆုတောင်းပေးမှု တို့ကြောင့် ယခုအခါ ထိုရွာလေးတွင် ယုံကြည်သူမြောက်များစွာရှိလာပြီး အလွန် လှပသော ဘုရားကျောင်းကြီး တစ်ကျောင်းနှင့် သင်းအုပ်ဆရာမတစ်ဦးပင် ရှိနေပြီ ဖြစ်ပါသည်။

 

အကျွန်ုပ်အားကျမိသော သင်းအုပ်ဆရာနှင့် အသင်းတော်တစ်ပါးအကြောင်း။

Filed under: သက်သေခံချက်များ — amayaphay @ 10:14 am
Tags:

အကျွန်ုပ်အားကျမိသော သင်းအုပ်ဆရာနှင့် အသင်းတော်တစ်ပါးအကြောင်း။

ယနေ့ အသင်းတော် အချို့တို့သည် မိမိသိုးများ အခြားဂိုဏ်းဂဏသို့ ပါသွား မည်ဟုစိုးရိမ်ကာ စည်းကမ်းတန်တိုင်းကြီးများ တို့ဖြင့် အထပ်ထပ်ကာရံထား တတ်ကြ ပါသည်။ သို့သော် အသင်းတော်တစ်ပါးကတော့ ထိုကဲ့သို့မဟုတ်ပါ။ ဝတ်ပြုကိုးကွယ် ရာ တနင်္ဂနွေနေ့တွင် သူ့အသင်းသားများအား ဂိုဏ်းဂဏ အသီးသီးသို့ စေလွှတ်ပြီး ညနေခင်းရောက်မှစုပေါင်းဝတ်ပြုကိုးကွယ်ကြကာ ဂိုဏ်းဂဏအသီးသီးမှ ခွန်အား ရလာသော အချက်များ တို့ကို အချင်းချင်း ပြန်လည် ဝေငှ သက်သေခံကြပါသည်။

ထိုအသင်းတော်မှာ အာဂျင်တီးနားနိုင်ငံရှိ သင်းအုပ်ဆရာတော် ဟွမ်ကားလို့စ် ၏ အသင်းတော် ပင်ဖြစ်ပါသည်။ ထိုအသင်းတော်ရှိ အသင်းသားတိုင်းတို့သည် အလုပ်အလွန်များကြသော်လည်း ညစဉ်ညတိုင်း အချိန်ပေးကာ သမ္မာကျမ်းစာကို အိမ်ထောင်စုအလိုက် လေ့လာ ကြပါသည်။ ဆယ်အိမ်လျှင်တစ်ဖွဲ့ဖြစ်ပြီး ထိုဆယ်အိမ်မှ ရသောဆယ်ဖို့တစ်ဖို့အားဖြင့် ၄င်းတို့အထဲမှ အခက်အခဲရှိသူ မိသားစုကို ဝိုင်းဝန်း ကူညီကြပါသည်။ အလုပ်လိုအပ်သောအိမ်ထောင်စုကိုလည်း အလုပ်များဝိုင်းရှာပေးကြပြီး အလုပ်မရခင်အတောအတွင်း ထိုအိမ်၏ လိုအပ်ချက်ကို ကျန်ကိုးအိမ်မှ ဖြည့်ဆည်း ပေးကြလို့ ၄င်းတို့၏ အသင်းတော်တွင် ဆင်းရဲ ခက်ခဲဒုက္ခရောက်သူဟူ၍ မရှိပါ။ သင်းအုပ်ဆရာကလည်း မိမိအသင်းသားတို့အား မေတ္တာ အပြည့်အဝပြကာ နှုတ်ကပတ်တော်လည်း အဝကျွေးမွေးသောကြောင့် မည်သည့်အသင်းသားမျှ အခြား ဂိုဏ်းဂဏသို့ ပါမသွားသည့်အပြင် အခြားအသင်းတော်များကပင် သူ့အသင်းသား ဖြစ်ချင်လာကြပါသည်။ ဤကဲ့သို့ပြော၍ အားနည်းသောအသင်း တော်တို့ကို အပြစ်တင်ခြင်းမဟုတ်သလို၊ လူငယ်များလည်း မိမိအသင်းတော်ကို ပုန်ကန်ဖို့ရန် အတွက်မဟုတ်ပါ။ အခြေအနေအချိန်အခါခြင်းမတူသောကြောင့် မိမိအသင်းတော်တွင် မိမိသည် မည်သည့်အခန်းကဏ္ဍမှ မည်ကဲ့သို့ ပါဝင်အားဖြည့်ရမည်ကို မြင်လာဖို့ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ မိမိအသင်းတော် တိုးတက်ဖို့ သင်းအုပ်ဆရာနှင့် အမှုဆောင်များတွင်သာတာဝန်ရှိသည်မဟုတ်ပါ၊ သင့်တွင်လည်း အပြည့်အဝ တာဝန်ရှိ ပါသည်။ သင့်အားဖြင့် အသင်းတော်နိုးထပြောင်းလဲခြင်းရှိဖို့နှင့် တိုင်းနိုင်ငံများနိုးထ ပြောင်းလဲခြင်းရှိလာဖို့အထိ ဘုရားရှင်မှ အလုပ်လုပ်နိုင်ပါသည်။

 

လူငယ်တိုင်းတို့အတွက် စံပြလူငယ်တစ်ဦး။

Filed under: သက်သေခံချက်များ — amayaphay @ 10:13 am
Tags:

လူငယ်တိုင်းတို့အတွက် စံပြလူငယ်တစ်ဦး။

ယနေ့လူငယ်များတို့တွင် အချို့တိုသည် ကျောင်းသား၊ အချို့တို့သည် အလုပ်သမားနှင့် လူငယ်အချို့တို့သည် ပြည်ပတွင်သွားရောက်အလုပ်လုပ် နေကြ ပါသည်။ ကျွန်တော်သည် လူလတ်ပိုင်းသာ ရှိသေးသော်လည်း ငယ်စဉ်က ကျွန်တော့် သူငယ်ချင်း အတော်များများတို့သည် ယခုအခါ အမျိုးမျိုးသော မကောင်းသတင်း တို့ဖြင့် ကျရှုံးဘဝပျက်နေကြပြီး သူငယ်ချင်းအချို့ဆိုလျှင် အရွယ်မရောက်သေးပါဘဲ ဆုံးပါးသွားကြပြီ ဖြစ်ပါသည်။

သမ္မာကျမ်းတွင် ယောသပ်ဆိုသောလူငယ်လေး၏ဘဝသည် ကျွန်တော်တို့ လူငယ်တိုင်းအတွက် သင်္ခန်းစာ ယူစရာ စံပြပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပါသည်။ သူ့ အစ်ကိုတို့ ၏ မနာလိုမှုဖြင့် ရေတွင်းပျက်ထဲသို့ ပစ်ချခြင်းခံရ၊ ထိုမှတဆင့် ကုန်သည်များထံသို့ ရောင်းစားခြင်းခံရ၊ ထို့နောက် ကျွန်အဖြစ် ထပ်မံ ရောင်းစားခြင်းခံရ၊ ပိုဆိုးသည်က သူ့မယားကို ပြစ်မှားသည်ဟု ယိုးစွပ်မှုဖြင့် ထောင်ချခြင်းခံရပြန်ပါသေးသည်။ ထိုဘဝ တို့ကို ဖြတ်သန်းရစဉ် ယောသပ်သည် ကျရှုံးခဲ့ခြင်းမရှိပါဘဲ ဘုရားနှင့်လူတို့ကို ပြစ်မှားခြင်းမရှိခဲ့ပါ။ သို့သော် ထိုဖြတ်သန်းခဲ့ရသော ခါးသည်းဖွယ်ရာများတို့သည်ကား အသက်သုံးဆယ်အရွယ်တွင် ဘုရင်ခံအဖြစ် ချီးမြှောက်ခြင်း ခံရဖို့ရန်အတွက် ဘုရားကပေးသာ သင်္ခန်းစာများပင် ဖြစ်ပါသည်။ ယနေ့လူငယ် အတော်များများသည် ပထမစာမေးပွဲမှာတွင်ပင် ကျရှုံးတတ်ကြပါသည်။ ခရစ်ယာန်တို့၏ ဘဝအသက်တာ တွင် မတော်တဆဖြစ်လာသောအကြောင်း အရာများတို့ဖြင့် ကြုံ တွေ့ရ သည်ဟူ၍ မရှိသည်ကို သတိချပ်ဖို့လိုအပ်ပါသည်။ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းရင်း အခက်အခဲ များကို ဘုရားရှင်ထံမှ ခွန်အားတောင်းခံလျက် ရင်ဆိုင် ကျော်လွှားရပါမည်။

ယောသပ်က ငါနှင့်အတူ ဘုရားသခင်ရှိတော်မူသည်၊ ထို့ကြောင့် ငါပြုလေ သမျှတို့၌ အောင်မြင်ခြင်း အခွင့်ကိုရသည်ဟု ကြွေးကြော်ဝါကြွားစရာမလိုပါဘဲ သူ၏ သခင်ပေါတိဖာက သူ့ကိုကြည့် သည်နှင့် အလိုလို သိနေပါသည်။ ယနေ့ လူငယ်များ တို့သည် မိမိ၏မိတ်ဆွေများ၊ ဆရာသမားနှင့် ပတ်ဝန်းကျင်က သင့်ကိုမြင်သောအခါ သင်နှင့်အတူ ဘုရားရှိကြောင်း တွေ့မြင်သွားပါရဲ့လား? သို့တည်းမဟုတ် သင်၏ အသက်တာသည် သူတစ်ပါးအတွက် ထိမိ၍လဲစရာအကြောင်းဖြစ်နေပါသလား? ယေရှုက သင်တို့သည် ဤလောက၏ ဆား နှင့် အလင်းများဖြစ်ကြ၏ ဟု မိန့်ဆိုထားသည်ကို သတိရစေလိုပါသည်။  မိမိ ၏ ပတ်ဝန်းကျင်မကောင်းလေ ကောင်းမြတ်သောဘုရား၏အကြောင်းကို ဖေါ်ပြခွင့်ရလေ ဖြစ်ပြီး၊ မိမိ၏ပတ်ဝန်ကျင် တွင် ဒုစရိုက်အမှောင်တို့ဖုံးလွှမ်းလေ မိမိ၏ အလင်းသည် ပိုမို၍ ထွန်းလင်းတောက်ပခွင့် ရမည်ပင် ဖြစ်ပါသည်။ မိမိပတ်ဝန်းကျင်ရှိ မကောင်းသောအမှုအရာများတို့သည် မိမိအတွက် ကောင်းကြီးမင်္ဂလာများပင်ဖြစ်ပါသည်။ ငယ်သောအရွယ်မှစလို့ ဘုရားနှင့်အတူ လျှောက်လှမ်းသွားလာ တတ်သော သူများဖြစ်နိုင်ကြပါစေ။

တပါးအမျိုးသားတို့သည် သင်တို့အကျင့်ကိုထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။ (ရော ၂း၂၄)

 

ဆုတောင်းခြင်းအကျိုး

ဆုတောင်းခြင်းအစာရှောင်ခြင်းမှတပါးထိုအမျိုးသည်မထွက်တတ် (ရက်ပေါင်းလေးဆယ်အစာရှောင်ဆုတောင်းခြင်း)

ကျွန်တော်တစ်ချိန်က ကွမ်းသီးဖြန့်ချီရေးလုပ်ငန်းလုပ်ခဲ့သလို ကိုယ်တိုင် ကလည်းကွမ်းယာကို စွဲမက်စွာ စားသုံးခဲ့သောကြောင့် အသင်းတော်တွင် လူငယ် ဥက္ကဌလုပ်နေပြီး လူငယ်များရှေ့တွင်ထိမိ၍လဲစရာဖြစ်နေပါသည်။ ဖြတ်ဖို့ကြိုးစား သော်လည်း ဖြတ်မရပါ။ ဤသို့ဖြင့် တစ်နေ့ အမှုတော်ဆောင်တစ်ပါးအိမ်သို့ ရောက်လာပြီး သူသည် ညနေစာမစားဘဲ အစာရှောင်နေချိန်ဖြစ်ပါသည်။ သူကလည်း ကျွန်တော့ကိုသမ္မာတရားနှင့်အညီသွန်သင်ပြီး အစာရှောင်ဆုတောင်းဖို့ တိုက်တွန်းသည့် အတွက် ညနေစာမစားဘဲ ရက်ပေါင်းလေးဆယ် အစာရှောင်ခဲ့သောအခါ အောင်မြင်ခဲ့ပြီး ကွမ်းယာလည်းပြတ်သွားပါသည်။ ထို့နောက် နောက်တစ်နှစ်၏ နှစ်သစ်အစကို အစာရှောင် ဆုတောင်းခြင်းဖြင့် ကူးမည်ဟုဆုံးဖြတ်ကာ ဆုတောင်းဆက်ကပ်ခဲ့သည့် အတိုင်း အောင်မြင်ခဲ့ပြန်ပါသည်။ အပတ်စဉ် သောကြာနေ့တိုင်းတွင်လည်း နေ့တစ်ပိုင်းအစာရှောင်ဆုတောင်းဖြစ်ပါသည်။

မရမ်းချောင် အနာကြီးရောဂါသာသနာအတွက် ဆက်ကပ်ခဲ့သည့် ဆရာတော် လန်းထွန်းနှင့် တွေ့ဆုံခွင့်ရသောအခါ သူသည် ရက်ပေါင်းလေးဆယ်လိမ္မော်ရည် တစ်မျိုးတည်းဖြင့် အစာရှောင်ဆုတောင်းကာ သာသနာထဲသို့စတင်ဝင်ရောက်ခဲ့ကြောင်း သက်သေခံချက်ကို ကြားနာရခဲ့ပါသည်။ ဇွဲကပင်တောင်ခြေတွင် မောစရီးရွာကို ဦးဆောင်နေသော အဘိုးကလည်း နွားနို့ တစ်မျိုးတည်းသောက်ကာ ရက်ပေါင်း လေးဆယ် အစာရှောင်ဆုတောင်းခြင်းဖြင့် သူ၏ရွာကို ဘုရားနှင့်အတူသွားလာနိုင်ရန် ဦးဆောင်နိုင်ခဲ့ကြောင်း ကြားသိခဲ့ ရပါသည်။ ထို့ကြောင့် ကျွန်တော်လည်း (၂၀ဝ၁)ခုနှစ်ကူးလျှင် ထမင်းရည် တစ်မျိုးတည်းသောက်ကာ ရက်ပေါင်းလေးဆယ် အစာရှောင်ဆုတောင်းခြင်းဖြင့် ဘုရားရှင်၏ အမှုတော်ကိုထမ်းဆောင်မည်ဟု ကြိုတင်ဆုတောင်းထားသည့်အတိုင်း ပြုနိုင်ခဲ့ပါသည်။ ကျွန်တော့ကို ဘုရားရှင်က အခွင့်ပေး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်လို့ လူတိုင်းလိုက်လုပ်ရမည် မတိုက်တွန်း လိုပါ။ ထိုအချိန်အတောအတွင်း လူတို့က မိမိကိုယ်ကို သတ်နေတာလားဟု မေးကြလျှင် ကျွန်တော်က ဟုတ်ပါသည်၊ ကျွန်တော်သေသွားပါမှ ယေရှုသည် ကျွန်တော့် အသက်တာထဲ၌ အပြည့်အဝ အသက် ရှင်နိုင်ပါမည်ဟုသာ ဖြေကြားခဲ့ပါသည်။ ကျွန်တော်သည်လူသားထဲမှ လူသားတစ်ဦးဖြစ်ပေမည့် အားနည်းချက်များ ရှိသော်လည်း ကျွန်တော် အားအကျဆုံး ပုဂ္ဂိုလ်မှာ ယေရှု ဖြစ်ပါသည်။ ယေရှုသည် ကျွန်တော် ၏ခွန်အားနှင့် သူရဲကောင်းဖြစ်ပါသည်။

 

ခရစ္စမတ်၏ သက်သေ

ခရစ္စမတ်အချိန်အခါဖြစ်ပါသည်။ အဘိုးမူးလယ် သာသနာပြုခဲ့သော ရွာလေးတစ်ရွာတွင် ခရစ္စမတ်ပွဲ သွားရောက် ပြုလုပ်ရင်း ဧဝံဂေလိတရားဟောကြား ရန်အတွက်ကားလေးစီးဖြင့် ကျွန်တော်တို့ သွာရောက်ခဲ့ကြပါသည်။ လမ်းခရီး မှာကြမ်းတမ်းပြီး အကုန်အကျလည်း အလွန်များပါသည်။ သို့သော်ကျွန်တော်တို့ ထိုရွာသို့ရောက်သောည ဖွင့်ပွဲအခမ်းအနားတွင် ရွာလူကြီးမှ ရွာသားများအားတရား မဟောရန် နှင့် မိမိ၏ ဝင်းအတွင်းမှာပင် ဝတ်ပြုကိုးကွယ်ကြရန် အတွက် တားမြစ်သွား ပါသည်။

အိမ်ခြေလေးဆယ်ကျော်ရှိသော်လည်း ယုံကြည်သူအိမ်မှာ အိမ်ငါးအိမ်ခန့်သာ ရှိပါသည်။ နောက်တစ်နေ့ မိမိ၏ ဘုရားကျောင်းဝင်းအတွင်းမှာပင် ဝတ်ပြုကြရပါ သည်။ ထိုနေ့ည ကျွန်တော်တစ်ညလုံး ဆုတောင်းပါသည်။ ပင်ပန်းခက်ခဲစွာ အချိန်ပေး လာရောက်ခဲ့ရပြီးမှ ဧဝံဂေလိတရားဟောခွင့်မရလျှင် ဘာအကျိုးမျှ မရှိပါ။ ထို့ကြောင့် တနည်းနည်းဖြင့်လမ်းဖွင့်ပေးပါရန် ဆုတောင်း ခဲ့ပါသည်။

နောက်တစ်နေ့နံနက် ခရစ္စမတ် အပိတ်ဝတ်ပြုခြင်း အစီအစဉ် စခါနီးအချိန် တွင် ကလေးငယ်တစ်ဦး အပြင်းဖျားကာ သတိလစ်နေသောကြောင့် လာရောက် ဆုတောင်းပေးရန် အကူအညီ တောင်းခံလာပါသည်။ ကျွန်တော်လည်း ထိုအိမ်သို့ လိုက်သွားခဲ့ ပါသည်။ ထိုအိမ်လေးတွင် ရွာမှ လူများဝိုင်းအုံနေပြီး ယေရှုနာမ၌ ကျန်းမာရန် အတွက်ဆုတောင်းပေးပြီး သောအခါ ကလေးမှာ ပြန်သတိ ရလာပါသည်။ ဘုရားက ထိုအမှုဖြင့် ဘုန်းထင်ရှားစေခဲ့ပါသည်။ ကျွန်တော်တို့မှာ အနာရောဂါကို ငြိမ်းစေသောတန်ခိုးမရှိသော်လည်း ဆုတောင်းပေးရမည်က ကျွန်တော်တို့၏ တာဝန်ဖြစ်ပြီး ဘုရားရှင်က ပျောက်ကင်းစေပါလိမ့်မည်။ ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်တင်၍ ဘုရားသခင်သည် ထိုသူကို ထမြောက်စေမည် ဆိုသည့် နှုတ်ကပတ်တော် လာသည့်အတိုင်းပင် ဖြစ်ပါသည်။

အဲဒီနောက် ခရစ္စမတ်ပိတ်ပွဲဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို ဆက်လုပ်ခဲ့ကြပြီး ဝတ်ပြုခြင်းပြီးသောအခါ ရွာသားများအားလုံးအား ခေါ်ဖိတ်၍ နံနက်စာထမင်း အတူစားခဲ့ကြပါသည်။ နံနက်စာ စားပြီးသည့်နောက် ကျွန်တော်တို့အဖွဲ့လည်း ထိုရွာမှ ပြန်ထွက်လာခဲ့ကြပါသည်။

ရွာမှ ကားလမ်းသို့ရောက်ရန် ခုနှစ်မိုင်ခန့်ဝေးပြီး လမ်းမကောင်းသောကြောင့် ကျွန်တော်တို့စီးနင်းလာသော နောက်ဆုံးကားမှာ လမ်းတစ်ဝက်တွင်ပျက်သွားပါသည်။ ထို့ကြောင့် ကျွန်တော်နှင့် ညီငယ်တစ်ဦးတို့သည် ကားလမ်းဖက်သို့ လမ်းလျှောက်ကာ ထွက်ခဲ့ကြပါသည်။ လမ်းတလျှောက်လုံးတွင်လည်း ဘုရားရှင်သည် ကောင်းမြတ် ကြောင်း သီချင်းများတို့ကို သီဆိုကျူးဧလာခဲ့ကြပါသည်။

ကားလမ်းမအနီးသို့ရောက်သောအခါ ခြေထောက်များ ညစ်ပေနေသော ကြောင့် တဲတစ်ခုသို့ဝင်ပြီး သန့်စင်နေစဉ် ကျွန်တော် တို့အဖွဲ့မှ ဂျစ်ကားတစ်စင်း အပြင်းမောင်းကာ ရွာဖက်သို့ ပြန်ဝင်သွားသည်ကို တွေ့မိပါသည်။ (နောက်မှ ထိုကားသည် ပျက်နေသောကားမှ ဆရာတော်ကို သွားခေါ်ကြောင်းသိရပါသည်။) ထိုစဉ်တဲမှလူငယ်တစ်ဦးက ပြန်လာပြီး အစ်ကိုတို့အဖွဲ့ထဲကလူတစ်ဦး ကားလမ်းနံဘေး တွင် ဘာဖြစ်နေလဲမသိဘူး လူတွေလည်းဝိုင်းအုံလို့ဟုပြောသောကြောင့် အပြေးသွား ကြည့်ခဲ့ပါသည်။

အနားသို့ရောက်သောအခါ ကျွန်တော်တို့ အဖွဲ့ မှအန်တီကြီးတစ်ဦး နတ်ဆိုးပူး နေကြောင်းကိုသိရပါသည်။ သူ့အမျိုးသားက ပွေ့ထားပြီး ကျန်အဖွဲ့သားများက သူတို့ဝန်း ဝိုင်းဆုတောင်းပေးကြလို့ နတ်ဆိုးထွက်သွားပြီ ဖြစ်သည့်အတွက် ကျေးဇူးတော် ချီးမွမ်းပေးရန် ကျွန်တော့ကိုပြောပါသည်။ ကျွန်တော်ကလည်း ခေါင်းငုံပြီး လက်အုပ်ချီကာ ကျေးဇူးတော်ချီးမွမ်းလိုက်ပါသည်။ ထိုအခါ ထိုအမျိုးသမီးကြီးက ခေါင်းထောင်လာပြီး ]ငါ့ကိုဘာ များမှတ်နေလို့လဲ ‘ဒီဆရာဘာလာကြောင်နေတာလ}ဲဟု ငေါက်သံကြားရသောကြောင့် မျက်စိဖွင့်ကာ ]ယေရှုနာမ၌ လာတဲ့ငါ့ကို ဘာမှတ် နေလို့လဲ}ဟုမေးသောအခါ ]ဆရာမှန်း မသိလို့ပါ}ဟုပြန်တောင်းပန်ပါသည်။ ထို့ကြောင့် သူ့ကိုလည်း မေးခွန်းများမေးသောအခါ ]မဖြေပါရစေနဲ့ ထွက်ခွင့်ပေးပါ} ဟုသာ အကြိမ်ကြိမ်တောင်းပန်သောကြောင့် ကျွန်တော်လည်း ယေရှုနာမ၌ထွက်ခွင့် ပေးလိုက် ပါသည်။ ထို့နောက် လမ်းတွင်ပျက်နေသောကားမှ သွားကြိုလာသော သင်းအုပ် ဆရာတော်လည်း ရောက်ရှိလာပြီး ဆက်လက် ဆုတောင်း ပေးပါသည်။ ရွာထဲမှ ရွာသားအများစုသည် ထိုကားလမ်းမကြီးနံဘေးတွင် ဆိုင်ဖွင့်ပြီး စီးပွါးလာရှာကြ ကြောင်း သိရပါသည်။

ထိုမျှနှင့်မပြီးသေးပါ ကားလမ်းတစ်ဖက်မှ လူငယ်တစ်ဦးက ကျွန်တော့ကို လာခေါ်ပါသည် ။ အစ်မကြီး တစ်ဦး လည်းနတ်ဆိုး ထွက်ဖို့ရန်အတွက် ဆုတောင်း ပေးပြီး လက်တစ်ဖက်မှာ တင်းကြပ်ကိုက်ခဲလာကာ အသက်ရှုလို့ပင် မရကြောင်း ပြောပါသည်။ ကျွန်တော်လည်း ထိုအအေးဆိုင်အတွင်း ခပ်တိုးတိုးလေး သူ့အတွက် ဆုတောင်းပေးပြီး ထိုလက်မောင်းကိုကိုက်ခဲစေ သောနတ်ဆိုးအား ယေရှုနာမ၌ထွက် ဟု အမိန့်ပေးလိုက်သောအခါ ထိုအမျိုးသမီးသည် ]အရှက်ကွဲပါပြီ အရှက်ကွဲပါပြီ} ဟုထပ်ခါထပ်ခါ အော်ဟစ်နေပါတော့သည်။ ထိုအမျိုးသမီး တွင်လည်း နတ်ဆိုးရှိ ကြောင်းသိရ၍သူ့အား ကျွန်တော်သိလိုသော မေးခွန်းတို့ကိုမေးသောအခါ သူ့အားခိုင်း သူ၏ အမည်ကို ပြောပြပြီး ဒီရွာမှာ ပွဲလာလုပ်တာကိုမကြိုက်လို့ လုပ်တာဟု ပြန်ဖြေပါသည်။ ကျွန်တော်လည်း ထိုနတ်ဆိုးကိုထွက်ဖို့ ယေရှုနာမ၌ အမိန့်ပေးလိုက် သောအခါ ထိုနတ်ဆိုးမှာလည်းထွက်သွားပြီး ကိုက်ခဲနေသော လက်မောင်းတစ်ဖက် လည်းနာကျင်ကိုက်ခဲမှုမရှိတော့ကြောင်း သိရပါသည်။ ကျွန်တော်တို့လည်း ကျေးဇူးတော်ချီးမွမ်းပြီး ခရီးဆက်ခဲ့ကြ ပါသည်။

ဤသို့ဖြင့် ငါးလခန့်ကြာသောအခါမန္တလေးဘူတာတွင်  ထိုရွာမှ သစ်လုပ်ငန်း လုပ်ကိုင်နေသော ယုံကြည်သူ မိတ်ဆွေတစ်ဦးနှင့် ပြန်တွေ့ခဲ့ပါသည်။ သူက ထိုရွာတွင် ပြုစားမှုများ အလွန်များပြားပြီး ပြုစားခံရပါကလည်း မောင်းထုတ်ဖို့ အလွန်ခက်ခဲ ကြောင်း ထိုရွာ၏ အခြေအနေကို ပြောပြပါသည်။ သို့သော် ခရစ်ယာန်များက ထိုနတ်ဆိုး ကို အမိန့်ပေးလိုက်သည်နှင့် လွယ်ကူစွာထွက်သွားကြောင်းနှင့် ခရစ်ယာန်တို့ ၏ ဘုရားသည် အလွန်တန်ခိုးကြီးကြောင်း ထိုရွာတွင် နာမည်ကြီးသွားပါသည်။ ရွာသားများ ကလည်း ခရစ်ယာန်ဘုရားကို သူတို့စိတ်ဝင်စားလာကြပြီး မေးမြန်းလာကြကြောင်း ပြန်ကြားရသောအခါ ကျွန်တော်လည်းဝမ်းမြောက်ကာ ဘုရားကို ချီးမွမ်းမိပါသည်။ နောင်နှစ်များ၌လည်း ထိုရွာတွင်ဆက်လက်၍ခရစ္စမတ်မွေးနေ့ ပွဲတော်ကို သွားရောက် လုပ်ဆောင် ခွင့်ရကြောင်းနှင့် လူများလည်း လက်ခံယုံကြည်လာကြကြောင်းကြား သိရပါသည်။

ခရစ္စမတ် ဆိုသည်မှာ ယေရှုခရစ်တော်ဘုရား၏ မွေးနေ့ဖြစ်ပါသည်။ မွေးနေ့ပွဲဆိုသည် မှာအသက်ရှင်သောသူများအတွက်သာလျှင် ကျင်းပခွင့်ရှိပါသည်။