ကောင်းသောအမှုအတွက် မနက်ဖန်သို့မရွှေ့ပါနှင့်။
နယ်လှည့်ဆေးကုသခြင်းနှင့် သာသနာလုပ်ငန်းတွင် သုံးနှစ်တာလုပ်ဆောင်ခဲ့ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုတွင် အလုပ်ပြောင်း လုပ်ခဲ့ပါသည်။ လုပ်ငန်းတာဝန်ဖြင့် အလွန်သာယာလှပသော ကမ်းခြေမြို့လေးသို့ ရောက်ရှိခဲ့ပါသည်။ ညနေရုံးဆင်းချိန်တွင် တင်းနစ် ပုံမှန် ကစားဖြစ်ပါသည်။ ကစားဖေါ်ထဲမှ ဦးရွှေနှင့် အတော်လေး စတင်ရင်းနှီး လာပြီး ကစားနားချိန်ပြီး နားချိန်တိုင်း အတူစကားပြောဖြစ်ကြပါသည်။ သူ့အိမ်သို့ အလည်အပတ်ခေါ်ဖိတ်သည့်အတွက် ကျွန်တော်လည်း သူ့အားကျွန်တော့အိမ် ဘက်သို့ လာရောက်လည်ပတ်ဖို့ ခေါ်ဖိတ်ဖြစ်ခဲ့ပါသည်။ ထိုနေ့ညနေ သူနှင့်အတူထိုင် စကားပြောဖြစ်ကြပြီး မနက်မှကျွန်တော့အိမ်မှာတွေ့ကြမည်ဖြစ်ကြောင်း နှုတ်ဆက်လျက် တင်းနစ်ကွင်းမှ ပြန်လာခဲ့ပါသည်။ သူ့အား ယေရှုအကြောင်း ပြောရန် စိတ်အားထက် သန်သော်လည်း အားကစားကွင်းတွင် ဖြစ်သည့် အတွက် ပြောရန်အခွင့်မရခဲ့ပါ။ ထို့ကြောင့် မနက်ဖက်လာလည်လျှင် သူ့အားနံနက်စာဖြင့် ဧည့်ခံလျက် အခွင့်သာလျှင် ယေရှုအကြောင်း ပြောပြမည်၊ အခွင့်မရပါက လက်ကမ်းဝေစာလေးအားဖြင့် ယေရှု အကြောင်း ပြောမည်ဟု ကြိုတင်ပြင်ဆင်လျက် စောင့်နေခဲ့ပါသည်။ (more…)