ကျွန်ုပ်တို့သည် ခရစ်တော်၏ သံတမန်များ (၂ကော ၅း၂၀) ဖြစ်သကဲ့သို့ ယေရှု၏ သက်သေများလည်း ဖြစ်ကြပါသည်။ (တ ၁း၈) တစ်ပတ်လျှင် တစ်ရက်သို့မဟုတ် တစ်နာရီအတွက်သာ သခင်ယေရှု၏ သက်သေများ ဖြစ်ဖို့ဘုရားရှင် မှအလိုမရှိပါ။ အချိန်တိုင်း နာရီတိုင်းအတွက် သက်သေခံကောင်းများဖြစ်ဖို့ရန် အလိုရှိပါသည်။ ခသ- ၂၀ဝ၀ အထူးတစ်နှစ်တာ ဧဝံဂေလိ အမှုတော်တွင် ဆက်ကပ်ခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ဆိုင်ရာလူမှုရေးလုပ်ငန်းတွင် အလုပ်လုပ်ရင်း အခွင့်ရတိုင်း ယေရှုဘုရား၏ ဝမ်းမြောက်ဖွယ်ရာ သတင်းစကားကို လူတို့အားကြားပြော သက်သေခံ ခဲ့ပါသည်။ ထို ခသ- ၂၀ဝ၀ အထူးတစ်နှစ်တာ အမှုတော် လုပ်ငန်းကို လုပ်ဆောင်ဖို့ ကျွန်တော်၏ ကိုယ်ပိုင်လုပ်ငန်း များကို လွှဲခဲ့ရပါသည်။
ကျွန်တော်အဓိကပြောလိုသောပထမအချက်မှာ အမှုတော်ဆောင်ဖို့မအားလို့၊ အမှုတော်ဆောင် မဟုတ်လို့ဟု အကြောင်းပြဖို့ မဟုတ်ပါ၊ ယုံကြည်သူတိုင်း မိမိရှိရာအရပ်တွင် အမှုတော်ဆောင်နိုင်ကြောင်း ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ဧဝံဂေလိတရားကို ပြောတတ်လို့ပြောခြင်းမဟုတ်ပါ၊ ပြောရင်း ပြောတတ်လာခြင်းသာဖြစ်ပါသည်။ ဘုရား၏ အမှုတော်ကို ထမ်းဆောင်ရန် သင်၏အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်မှမဟုတ်ပါ၊ သင့်အနားတွင်သာ ထိုအလုပ်ရှိ နေပါသည်။ (ဥပမာ အမှုတော်ဆောင်တစ်ဦး ဆေးရုံအတွင်းသို့ သွား၍ဧဝံဂေလိ ပြောသည်ထက် ထိုဆေးရုံအတွင်းရှိ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပိုပြီး အခွင့်အရေး သာပါသည်။ ဝေဒနာဖြင့်ပက်လက်အိပ်နေရပြီး မိုးပေါ်ကို ကြည့်နေသည့် လူနာသည် လူကောင်းများထက် ကောင်းကင်နိုင်ငံအကြောင်းကို ပို၍ စိတ်ဝင်စားပါသည်။) (more…)