အမေးများအတွက် အဖြေလွှာ

စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း၏ နှလုံးသား December 10, 2009

စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း၏ နှလုံးသား

မိမိ၏ တိုင်းသူပြည်သား အများအကျိုးအတွက် မနားမနေအလုပ်ကြိုးစားနေ သော သမ္မတကြီးတစ်ဦးရှိပါသည်။ သူ့ကိုတွေ့ဖို့ လူများတန်းစီစောင့်နေကြပါသည်။ လူတိုင်းကိုလည်း အဖြစ်နိုင်ဆုံးအကူအညီများတို့ကို ပေးခဲ့ပါသည်။ဒီလိုနှင့် မုဆိုးမကြီးတစ်ဦး အလှည့်ရောက်လာပါသည်။ သမ္မတကြီးကအမျိုးသမီးကြီးအား ပြုံးပြလျက် “ဘာအကူအညီ ပေးရမှာလဲ” ဟု မေးသောအခါ “ကျွန်မက အကူအညီလိုချင် လို့မဟုတ်ပါဘူး သမ္မတကြီးရဲ့ စိတ်စေတနာကို ဂုဏ်ပြုလိုတဲ့အတွက် ကျွန်မတတ်ကျွမ်း သည့်ပညာဖြင့် အကောင်းဆုံး ကိတ်မုန့်တစ်လုံးကို ဖုတ်ပြီး စားဖို့လာပေးတာပါ”ဟုဆိုပါသည်။ ထိုစဉ်သမ္မတကြီးက ဝမ်းနည်းဝမ်းသာဖြင့် မျက်ရည်ကျလျက် လူတိုင်း က သူ့ထံမှ အကူအညီတောင်းဖို့နှင့် ရဖို့ရန်သာလာကြပေသည်။ ဒီအမျိုးသမီးကြီးကဖြင့် သူ့အား ပေးဖို့လာခဲ့သည်ဆိုသည်မှာ အံ့ဩဝမ်းမြောက်ဖွယ်ရာပင် ဖြစ်နေပါသည်။ သေချာတာတစ်ခုက ထိုအမျိုးသမီးကြီးသည် အမှန်တကယ် ဘာမျှ မလိုချင်သော်လည်း သူများထက် အကျိုးထူးများ ရသွားမည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်ထိုမေတ္တာ မျိုးဖြင့် ဘုရားကိုကိုးကွယ်ဖို့လိုပါသည်။

 

ခရစ်ယာန်ဖြစ်ရန်အသက်ကြီးလွန်းပါပြီ။

Filed under: ကိုးကွယ်ခြင်း — amayaphay @ 11:31 am
Tags:

ခရစ်ယာန်ဖြစ်ရန်အသက်ကြီးလွန်းပါပြီ။

ခရစ်ယာန်ဖြစ်ရန် အသက်အကန့်အသတ်မရှိပါ။ သင်၏ဘုရားသခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံး အကြွင်းမဲ့နှင့်ရှာလျှင်တွေ့လိမ့်မည်။ (တရား ၄း၂၉)

ဆုံးဖြတ်ချက်ချရန်အတွက် ရင့်ကျက်မှုမရှိသေးပါ။

သင်၏အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းသောအရှင်ကို အောက်မေ့လော့ (ဒေ ၁၂း၁) ထိုသို့ စိတ်ခံစားမှု ရှိသော အချိန် တွင် သင်၌ဆုံဖြတ်ရန်နေ့ရက် ရောက်ပြီ ဖြစ်ပါသည်။ (ဟေဗြဲ ၃း၁၃)

ယေရှုကို ယုံကြည်လက်ခံဖို့ မခက်ပေမည့် နောက်ပိုင်းဖြစ်ပျက်လာမည့် အရာတို့အတွက် စိုးရိမ်နေရပါသည်။

ယေရှုသည် ယုံကြည်သူအား အပယ်ငရဲမှကယ်တင်ရုံမက နောက်ပိုင်း အသက်တာကိုလည်း ဆက်လက်စောင့်ထိန်း ကွယ်ကာ သောအရှင်ဖြစ်ပါသည်။  (ယော ၁၀း၁၁) ကောင်းသောအမှုကိုပြုစပြုတော်မူ၍ အဆုံးတိုင်အောင် ပြုတော်မူမည်။

(ဖိ ၁း၆)

 

ယေရှု၏အကြောင်းအရာတို့ကို မယုံသင်္ကာဖြစ်၏။

Filed under: ကိုးကွယ်ခြင်း — amayaphay @ 11:31 am

ယေရှု၏အကြောင်းအရာတို့ကို မယုံသင်္ကာဖြစ်၏။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားကို မသိမမှတ်လိုသည်ဖြစ်၍ (ရော ၁း၂၈) ဘုရား နှင့်စပ်ဆိုင်သောသူသည် ဘုရား ၏ စကားတော် တို့ကို နားထောင်တတ်၏။ (ယော ၈း၄၇) လူသည် မိမိကိုးကွယ်ရာကို စစ်ဆေးရွေးချယ်ရန် တာဝန်ရှိ၏။ (ဆာ၃၄း၈)

 

ခရစ်ယာန်တစ်ယောက်ဖြစ်လောက်အောင် ကောင်းသောသူမဟုတ်ပါ။

Filed under: ကိုးကွယ်ခြင်း — amayaphay @ 11:31 am
Tags:

ခရစ်ယာန်တစ်ယောက်ဖြစ်လောက်အောင် ကောင်းသောသူမဟုတ်ပါ။

ယေရှုသည် ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ လာသည် မဟုတ်၊ အပြစ်ရှိသောသူတို့ကို ကယ်တင် ဖို့ရန် ကြွလာသတည်း။ ကောင်းသောသူ ဖြစ်ဖို့ ခရစ်တော်ကိုကိုးကွယ်ခြင်းဖြစ်၏။ ကောင်းသောသူဖြစ်လို့ကိုးကွယ်ခြင်း မဟုတ်ပါ။

မိမိကိုယ်ကို သတ်သေခြင်းသည် ဒုက္ခအပေါင်းမှအမြန်ဆုံးလွတ်မြောက် ရန်လမ်းဖြစ်သည်မဟုတ်ပါလား။

ထိုသို့ပြုခြင်းသည် ထာဝရဘုရား၏ စီရင်ခြင်းကို မြန်ဆန်စေခြင်းသာ ဖြစ်၏။ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြော တော်မူခြင်းကို ခံရကြလိမ့်မည်။ (ရော ၁၄း၁၂)

 

ကျွန်ုပ်သည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်၏။

Filed under: ကိုးကွယ်ခြင်း — amayaphay @ 11:29 am
Tags:

ကျွန်ုပ်သည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်၏။

သမ္မာကျမ်းစာတော်မြတ်တွင် တပ်မှုးကောနေလိအကြောင်း မှတ်တမ်းတင်ထား ပါသည်။ သူသည် ထာဝရဘုရားကိုကြောက်ရွံ့သူ၊ အစာရှောင်ဆုတောင်းသူ၊ ပေးကမ်း လှူဒါန်းသောသူ၊ ပညတ်တို့ကိုကျင့်စောင့်သောသူ ဖြစ်သော်ငြားလည်း ကယ်တင်ခြင်းကို မရသေးပါ။ ဘုရားကိုရှာသော သူ၏အသက်တာတွင် ကယ်တင်ခြင်းရရန်အတွက် ဘုရားမှကောင်းကင်တမန်တစ်ပါးကိုစေလွှတ်ပေးခဲ့ပြီး ကယ်တင်ခြင်း သတင်းစကားကို တမန်တော်ပေတရုထံမှနာယူရန် ညွှန်ကြားခဲ့ပါသည်။ (တ ၁၁ )

 

ငရဲအယူဝါဒနှင့် ကယ်တင်ခြင်း အယူဝါဒကိုဖေါ်ပြပေးပါ။

Filed under: ကိုးကွယ်ခြင်း — amayaphay @ 11:27 am
Tags:

ငရဲအယူဝါဒနှင့် ကယ်တင်ခြင်း အယူဝါဒကိုဖေါ်ပြပေးပါ။

ဘုရားသည် လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူ၏။ (တ ၂း၅) ယေရှုက မာရ်နတ်နှင့်သူ၏ တမန်တို့ အဖို့ပြင်ဆင်သော ထာဝရမီးထဲသို့ငါ့ထံမှ ခွါသွားကြ လော့။ (မ ၂၅း၄၁) ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားရကြလတံ့။ (မ ၂၅း ၄၆) ယေရှုကိုယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ရောက်၏။ (၂ကော ၅း၂၁) အချုပ်အားဖြင့် ငါကျင့်နိုင်သည်ဆိုသည်ထက် ယေရှုအားဖြင့်ဖြောင့် မတ်ခြင်းတရားကို အမှီပြုမှု မပြုမှုအပေါ်တွင်သာ ကွာခြားပါသည်။

 

ဘုရားသည်ကောင်းမြတ်သည့်အတွက်မည်သူ့ကိုမျှငရဲသို့ပို့မည်မဟုတ်ပါ။

ဘုရားသည်ကောင်းမြတ်သည့်အတွက်မည်သူ့ကိုမျှငရဲသို့ပို့မည်မဟုတ်ပါ။

ကျမ်းစာထဲမှာတော့ထိုကဲ့သို့မဆိုထားပါ၊ ယေရှုကို မှန်ကန်စွာယုံကြည်မှု မရှိသောသူတိုင်းအပယ်သို့လားရမည်ဟု ဆိုထားပါသည်။ (ယော ၁၂း၄၈) ဘုရားက စိတ်ခိုင်မာသည်မဟုတ်ပါ၊ သင်ကသာ စိတ်ခိုင်မာခြင်းဖြစ်ပါသည်။ (ရော ၂း၅)

 

ကျွန်ုပ်သည်သာ အကျွန်ုပ်၏ အရှင်သခင်ဖြစ်၏။

Filed under: ကိုးကွယ်ခြင်း — amayaphay @ 11:23 am
Tags:

ကျွန်ုပ်သည်သာ အကျွန်ုပ်၏ အရှင်သခင်ဖြစ်၏။

လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ကား သေခြင်း သို့ရောက်ရာလမ်းတစ်လမ်းရှိသေး၏ (သု၁၄း၁၂)၊ ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့် ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လော့။ (သု ၃း၇)

 

တမလွန်အကြောင်း နာမလည်နိုင်လို့ လက်မခံနိုင်ပါ။

တမလွန်အကြောင်း နာမလည်နိုင်လို့ လက်မခံနိုင်ပါ။

အစာအိမ်တွင်းအစာခြေခြင်းအကြောင်းနားမလည်လို့ အစာကိုမစားဘဲ နေပါသလား။ လေလှိုင်းထဲမှ ရုပ်သံများ အဘယ်ကဲ့သို့ ရောက်လာသည်ကို နားမလည်လို့ တီဗွီကို ဖွင့်မကြည့်ဘဲနေပါသလား။ လျှပ်စစ်အကြောင်းနားမလည် ပေမည့် ထိုအကျိုးကိုသင်ခံစား နေရသည်ဆိုလျှင် သင့်တမလွန်အကြောင်း နားမလည်ပေမည့် တမလွန်အကျိုးကိုတော့ တစ်နေ့အမှန် ခံစားရပါလိမ့်မည်။

လူများပြက်ရယ်ပြုမည်ကို စိုးရိမ်ပါသည်။

လူများပြက်ရယ်ပြုမည်ထက် သင့်ကို စီရင်ပိုင်သောအရှင်နှင့် ခွင့်လွှတ်ပိုင်သော အရှင်ဘုရားသခင်၏ ပြက်ရယ် ပြုခြင်းကို ပိုပြီး ကြောက်ရွံ့အလေးထားသင့်ပါသည်။ (သု ၁း၂၆)

ယေရှုကို ရွေးချယ်ဆုံးဖြတ်ရန် အချိန်မရောက်သေးပါ။

လူသည်ယနေ့ပင်အဘယ်ကဲ့သို့ဖြစ်မည်ကိုမသိနိုင်ပါ။ ကောင်းသော ရွေးချယ်မှုအတွက် နက်ဖြန်ဟူသော စကား မရှိပါ။ ယနေ့သည်ပင် ရွေးချယ်ရန် အကောင်းဆုံးသောအချိန်ဖြစ်ပါသည်။ (၂ကော ၆း၂)

ယခုပျော်ပျော်နေပြီး ဖြစ်သမျှကိုရင်ဆိုင်ပါမည်။

ထိုကဲ့သို့သောသူတို့အတွက် ယေရှုက အသက်ရှင်စဉ် မိမိစည်းစိမ်တွင် ယစ်မူး ပျော်ပါးလျက် သေသောအခါ ငရဲသို့ကျသွားသော သူဌေးကြီးနှင့် လောကတွင် အသက်ရှင်စဉ် ဆင်းရဲပြီး သေသောအခါကောင်းရာဘုံသို့ ရောက်သွားသော ဆင်းရဲသား လာဇရု အကြောင်းအားဖြင့် သတိပေးထားပါသည်။ သူဌေးကြီးခမျာ ငရဲမီးအိုင် အတွင်း ရေတစ်စက်အတွက် အသနားခံနေရပါသည်။ ယေရှုသည် မုသာမပြောပါ။ (လု ၁၆း၂၅)

 

ဘုရားကို ကိုးကွယ်မှုပုံစံ။

ဘုရားကို ကိုးကွယ်မှုပုံစံ။

ဖန်ဆင်းစက ဘုရားနှင့်လူ တိုက်ရိုက် ကိုးကွယ်မိဿဟာယဖွဲ့နိုင်ခဲ့သော်လည်း အပြစ်တရားဝင်လာပြီးနောက် အပြစ်သားနှင့် သန့်ရှင်းသော ဘုရားကြား အပြစ်ဖြေရာ ယဇ်ပလ္လင်ဖြင့်တဆင့်ခံကိုးကွယ်ရပါသည်။ ထိုမှတဆင့် ဘီစီ ၁၅၀ဝ ခန့်မောရှေ လက်ထက်တွင် တဲတော်ဖြင့်၎င်း၊ ဘီစီ ၁၀ဝ၀ ခန့် ရှောလမုန်မင်းကြီးလက်ထက်တွင် ဗိမာန်တော်အားဖြင့်၎င်း ကိုးကွယ်လာခဲ့ကြပါသည်။ ယခုအခါ ယေရှုအားဖြင့် ဘုရားနှင့်တိုက်ရိုက်ကိုးကွယ်ခွင့် ရကြပြီဖြစ်ပြီး ယုံကြည်သူတိုင်းတို့၏ နှလုံးသား အတွင်း၌ ဘုရားက ဝိညာဉ်တော် အားဖြင့် ကျိန်းဝပ်ပါသည်။ (၁ကော ၃း၁၆) ယေရှုဘုရား လောကသို့ ပထမအကြိမ် ကြွဆင်းမလာမှီ အထူးရွေးချယ်ခံရ သူများအပေါ် သန့်ရှင်းသောဝိညာဉ်သွန်းလောင်းပြီး ထိုသူတို့မှတဆင့် ဘုရားက အလုပ်လုပ်ခဲ့ သော်လည်း ယခုအခါ ယေရှုကို မှန်ကန်စွာ ယုံကြည်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူနိုင်ကြပြီဖြစ်ပါသည်။ ထိုသူ၏ ခန္ဓာကိုယ်ကို ဘုရားက ဗိမာန်တော်အဖြစ် အသုံးပြုလျက် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူ၏။ ထို့ကြောင့် ယုံကြည်သူသည် ဘုရားနှင့် ဘုရား၏ တန်ခိုးတော် တို့ကို၎င်း၊ ဘုရား၏ကောင်းမြတ်ခြင်းနှင့် ကယ်တင်ခြင်း တရားတော်တို့ကို ၄င်း သယ်ဆောင်သူ ဘုရား၏ သက်သေများဖြစ်ကြပါသည်။

၈။ စကားလက်ဆုံပြောဆိုဆွေးနွေးခြင်း

တမလွန်နှင့်ပတ်သက်လို့ ခံစားမှုမရှိပါ။

ကမ္ဘာကြီးသည် ခံစားမှုနှင့်လည်ပတ်နေသည်မဟုတ်ပါ။ ဆရာဝန်သည်လည်း လူနာ၏ ခံစားချက်အပေါ်မူတည် ၍ ကုသခြင်း မပြုလုပ်ပါ။ ထိုနည်း၎င်း တမလွန် တွင်လည်း သင့်ခံစားချက်ရှိမရှိအပေါ်မူတည်၍ စီရင်မည်မဟုတ်ပါ။

ခရစ်ယာန်တွေကိုကြည့်ပြီး ခရစ်တော်ကို မကိုးကွယ်ချင်ပါ။

ခရစ်ယာန်တိုင်း ကောင်းကင်ဘုံသို့ရောက်ကြလိမ့်မည်မဟုတ်ပါ။ ဤသူများ ကြောင့်ကယ်တင်ရှင်ကိုလက်မခံလျှင် ဤသူများ နည်းတူ ငရဲသို့သာသွား ရမည်ဖြစ် ပေသည်။ ဤသူတို့အတွက်ကြောင့်ဘုရားသခင်နှင့် သင့်ကိုချစ်၍ အသက် ပင်စွန့်ပေး ခဲ့သော ယေရှု ဘုရားကို ပြစ်ပယ်သင့်ပါသလား။

ယေရှုကို ကိုးကွယ်လျှင် စွန့်လွှတ်ရမည့်အရာများ များလွန်းသည်။

တခဏသာတည်ပြီး သေလျှင်ပါမသွားသည့်လောကအရာများနှင့် ထာဝရ တည်ပြီး ပျောက်ပျက်မသွားနိုင်သည့် အသက်ဝိညာဉ် ကောင်းစားဖို့အရေး ဘယ်အရာ ကိုးရွေးချယ်သင့်ပါသလဲ။ သဲမှုန့်နှင့်စိန်ပွင့် ပုလဲအတုနှင့် ပုလဲအစစ် ဘယ်အရာကို ရွေးချယ်မှာလဲ။