အမေးများအတွက် အဖြေလွှာ

ကြီးမြတ်သော ယေရှုခရစ်တော် December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 10:59 am
Tags:

ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များထက် ထူးခြားသည့်ပုဂ္ဂိုလ်တစ်ပါး။ ခောတ်အဆက်ဆက်တွင် လူအများ၏ ကြည်ညိုလေးစား ကိုးကွယ်ခြင်းကိုခံခဲ့ ရသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ များစွာ ပေါ်ထွန်းခဲ့ကြဖူးပါသည်။ ထိုပုဂ္ဂိုလ်များ သက်ရှိထင်ရှားရှိစဉ်အခါ လူများအပေါ် တန်ခိုးဩဇာအာဏာ လွှမ်းမိုး သက်ရောက် နိုင်ခဲ့ခြင်း ရှိခဲ့ပါသော်ငြားလည်း သူတို့ ကွယ်လွန်ပြီးနောက်ပိုင်း ၄င်းတို့၏ ဆောင်ရွက်ချက်များနှင့် လူတို့အပေါ် လွှမ်းမိုးနိုင် စွမ်းများ တဖြည်းဖြည်း မှေးမှိန်လာကာ အချို့ကိုပင် လူများမေ့ပျောက်ကုန်ကြပြီ ဖြစ်ပါသည်။ သို့သော် ထိုအထဲမှ ပုဂ္ဂိုလ်တစ်ဦး မှာ ထိုကဲ့သို့ မဟုတ်ပါ။ ခောတ်ကာလ တိုးတက် ပြောင်းလဲလာလေ သူ့ကိုယုံကြည် လက်ခံသူများ များပြားလာလေဖြစ်ပြီး နှစ်များ ကြာလာလေ လူသားတို့အပေါ် သူ၏တန်ခိုး ဩဇာလွှမ်းမိုးနိုင်စွမ်း ကြီးမားလာလေပင် ဖြစ်ပါသည်။ အကြောင်းမှာ လက်ဝါးကားတိုင်ထက် လူများရှေ့တွင် သူ့ကို ကွပ်မျက်လိုက်ကြသော်လည်း ကျမ်းစာ လာသည့်အတိုင်း သုံးရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ပြီး ယနေ့တိုင် အသက်ရှင်လျက် အလုပ်လုပ်နေခြင်းကြောင့် သူ၏လုပ်ငန်းများ မှေးမှိန် ပျောက်ကွယ် သွားခြင်း မရှိဘဲ တိုးတက် ကြီးထွားလာရခြင်းပင် ဖြစ်ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် ယေရှုကို ကိုးကွယ် ယုံကြည်သူပေါင်း ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံ ကျော်ပင် ရှိနေပြီ ဖြစ်ပါသည်။ သူ့ကို ကိုးကွယ်သည့်သူများ အားလုံးတို့တွင် စဉ်းစား ဆင်ခြင်ဥာဏ် နည်းပါးသူ၊ ပညာမတတ်သူ၊ သာ၍ကူးသွားသူ၊ ဆိုးသွမ်းသူများဟု လုံးဝ မဆိုနိုင်သည့်အပြင် ကောင်းမှုနှင့်ပတ်သက်၍ နာမည်အရခဲ့ဆုံးသော လူအများစုမှာ ယေရှုကို ယုံကြည်သူများ ဖြစ်ကြပါသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s