အမေးများအတွက် အဖြေလွှာ

ပြောင်းလဲခြင်း သုံးမျိုး December 10, 2009

(၁)     အဖြစ်ပြောင်းလဲခြင်း (လက်ဝါးကားတိုင်တရားနှင့် ဘုရား၏ချစ်ခြင်း မေတ္တာဖြင့်ပြုပြင်ပေးမှု)

ထိုပြောင်းလဲခြင်းသည် ဘုရား၏လုပ်ဆောင်ချက်နှင့် ဘုရား၏အမြင်ဖြစ်ပါသည်။ ဘာသာတရားအောက်တွင် အသက်ရှင်စဉ် လူဟောင်းဖြစ်ပြီး ကျေးဇူးတရားအောက်သို့ ရောက်လာသောသူသည် လူသစ်ဖြစ်ပါသည်။ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။  ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ (၂ကော၅း၁၇) ထိုကျမ်းချက်သည် အာဒံမှဆင်းသက်လာသော လူဟောင်းမှ ယေရှု၌ လူသစ်ဖြစ်လာခြင်းကို ဆိုလိုပါသည်။

ကားတိုင်ထက်မှ နောင်တရသောလူဆိုးကြီးက မိမိသည်အပြစ်သားဖြစ်ပြီး၊ ယေရှုသည် အပြစ်ကင်းလျက် ၄င်းကို ကယ်တင်နိုင်သော ကယ်တင်ရှင်ဖြစ်ကြောင်း ဝန်ခံယုံကြည်ခဲ့သူဖြစ်ပါသည်။ လူများတို့က ယေရှုတန်ခိုးနိမိတ်များစွာပြုစဉ် ယေရှုကို လက်ခံယုံကြည်ခဲ့ကြသော်လည်း လူဆိုးကြီး၏ ယုံကြည်ခြင်းက ကားတိုင်ထက်မှ သေအံ့ ဆဲဆဲ မချိမဆန့်ခံနေရသော ယေရှုအား လက်ခံယုံကြည်ခြင်းကို ကြည့်ခြင်းအားဖြင့် ၄င်း၏ ယုံကြည်ခြင်း အဘယ်မျှလောက် ကြီးမားသည်ကို သိမြင်နိုင်ပါသည်။ ထိုလူဆိုးကြီးအား လူ့အမြင်ဖြင့်ကြည့်ပါလျှင် လူဆိုး၊ အပြစ်သား၊ မဖြောင့်မတ်သူ၊ အဓ္ဓမလူအဖြစ် တွေ့မြင်နိုင်သော်လည်း ယေရှုကိုလက်ခံယုံကြည်ပြီးသောအခါ ဘုရား သခင်မှ ၄င်းအား လူသစ်၊ ဘုရားသား၊ ဖြောင့်မတ်သူ၊ ဘုရားအလိုကို ဆောင်သောသူ (မ ၇း၂၁) ကောင်းကင်နိုင်ငံသား အဖြစ်မြင်ပါသည်။

(၂)     စိတ်ပြောင်းလဲခြင်း ( သန့်ရှင်သောဝိညာဉ်တော်၏ ပြုပြင်ပေးမှု)

ယေရှုကိုလက်ခံယုံကြည်လိုက်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတွင်ကျိန်းဝပ်ပြီး ဝိညာဉ်သဘော ရှိလာသော်လည်း ဇာတိသဘောလည်း ကျန်ရှိပါသေးသည်။ အကြောင်းမှာ ၄င်းတွင် အသွေးအသားရှိနေသေးခြင်း၊ လောကတွင်သာ နေရသေးခြင်း၊ နေရာမပြောင်းသေးခြင်းနှင့် ဘုရားက စာတန်ကို ငရဲသို့မချသေးဘဲ စာတန်အုပ်စိုးသော လောကကြီးထဲတွင် အသက်ရှင်နေရ ပါသေးသည်။ ထို့ကြောင့် ဇာတိစိတ်သဘောနှင့် ဝိညာဉ်စိတ်သဘော အမြဲတမ်း လွန်ဆွဲခြင်းခံနေရသေးသော သူဖြစ်နေပါသည်။

အာဗြဟံ၏ အသက်တာတွင် ဇာတိအားဖြင့် ရရှိသော သားဣရှမေလကို ဘုရားက မောင်းထုတ်ခိုင်းပြီး ဘုရားအလိုတော်ဖြင့် ရသောသား ဣဇက်ကိုတော့ ဘုရားက တင်လှူပူဇော်ခိုင်းပါသည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့၏ ဇာတိစိတ်သဘောကို ငြင်းဆန်ရမည် ဖြစ်ပြီး ဝိညာဉ်တော်၏လမ်းပြပြုပြင်ပေးမှုကိုခံယူ၍  တနေ့တခြားဝိညာဉ် စိတ်သဘော ကြီးထွား ရင့်ကျက်လာသော ခရစ်ယာန် အသက်တာဖြင့် အသက်ရှင်ဖို့ လိုအပ်ပါသည်။

(၃)     အကျင့်ပြောင်းလဲခြင်း (သမ္မာတရား)

ကယ်တင်ခြင်းရရှိဖို့ လူ့ဖက်မှလုံးဝ ကြိုးစာအားထုတ်မှုမလိုပေမည့် ခရစ်ယာန် အသက်တာအတွက် ဝိညာဉ်အသီးများဖြင့် ဝေဆာစွာသီးပွင့်နေဖို့ ဘုရားကို အစွမ်းကုန် ကိုးစားလျက် ကြိုးစားအားထုတ်ဖို့ရန် ဘုရားရှင်မှ အလိုရှိပါသည်။ ဝိညာဉ်ပကတိ၏ အကျိုး ဟူမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း။ (ဂလာတိ ၅း၂၂)

 

One Response to “ပြောင်းလဲခြင်း သုံးမျိုး”

  1. Saw Aung Naing Says:

    စစ်မှန်သော သစ္စာတရား တခု ဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်းသည် ပြီး ပြည့်စုံ၏။ အပြစ်ဒဏ်၊ အပြစ်တန်ခိုးနှင့် အပြစ်တည်ရာမှ ရွေးနှုတ်ထားပြီး ဖြစ်သည်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s