အမေးများအတွက် အဖြေလွှာ

သေခြင်းသုံးမျိုးမှ လွတ်ရာလမ်း December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 10:52 am
Tags:

လူတို့၏အပြစ်ကြောင့် ရင်ဆိုင်ရမည့်သေခြင်းသုံးမျိုးမှ ယေရှုဘုရားက အဘယ်ကဲ့သို့ လွတ်မြောက်စေခဲ့ ပါသနည်း?

လူသည်အပြစ်ကြောင့် ဘုရားနှင့် အဆက်ပြတ် နေခဲ့ပါသည်။ ထို့အတွက် ယေရှုသည် ကားတိုင်ထက်တွင် လူသားများ၏ အပြစ်ကို ယူတင်လိုက်သောအခါ လူတို့၏ အပြစ်ကြောင့် ခမည်းတော်ဘုရားနှင့် အဆက်ပြတ်ခဲ့ရပါသည်။ ထို့ကြောင့် ယေရှုက ကားတိုင် ထက်တွင် “အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟု (မ ၂၇း၄၆) ဆိုခဲ့ပါသည်။ ထိုကဲ့သို့ ဘုရား၏ စွန့်ပစ်ခြင်းကို ခံပေးခဲ့ပြီးသောကြောင့် ယေရှုရှင်ပြန်ထမြောက်ပြီး ယုံကြည်သူတို့အား “ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အစဉ်မပြတ် ရှိတော်မူမည်” ဟု ဂတိပေးခဲ့ခြင်း ဖြစ်ပါသည်။ ( မ ၂၈း၂၀)  ယုံကြည်သူသည် ယေရှုအားဖြင့် အပြစ်ပြေလျက် သန့်ရှင်းသောဘုရားနှင့် ပြန်လည် သင့်မြတ်ခွင့်ကို ရကြပါသည်။

လူတိုင်းတစ်နေ့ ခန္ဓာနှင့် ဝိညာဉ်အဆက်ပြတ်ခြင်းတည်းဟူသော သေခြင်း တရားကို ရင်ဆိုင်ကြရပါမည်။ ထို့အတွက် ယေရှု သည် လက်ဝါးကပ်တိုင်ထက် လူများရှေ့တွင် အသေခံခဲ့ပြီး ရှင်ပြန်ထမြောက်ခဲ့ပါသည်။ (မ ၂၇း၅၀) ရှင်ပြန်ထမြောက်ခဲ့သည့် အရှင်ယေရှုက “ငါ့ကို ယုံကြည်သောသူသည် သေလွန် သော်လည်းအသက်ရှင်လိမ့်မည်” ဟု ဂတိပြုခဲ့ခြင်း ဖြစ်ပါသည်။ (ယော ၁၁း၂၅) လူတို့က ယနေ့ ခရစ်ယာန်တွေ သေနေတာပဲ ဘယ်မှာပြန်ရှင်လို့လဲဟု မေးတတ်ကြပါသည်။ ယေရှုသည် အသေခံပြီး သဂြိုဟ်ခြင်းကို ခံယူခဲ့သည်နည်းတူ ယုံကြည်သူများလည်း သေပြီး သဂြိုဟ်ခြင်းကို ခံကြရမည်ဖြစ်ကာ ယေရှုသည် သင်္ချိုင်းဂူမှ ပြန်လည် ရှင်ပြန် ထမြောက်သကဲ့သို့ ယုံကြည်သူများလည်း သင်္ချိုင်းဂူမှ တစ်နေ့ ပြန်လည်ပြီးရှင်ပြန်ထမြောက်မည့်အကြောင်း မိန့်တော်မူခဲ့ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားသော လူပုဂ္ဂိုလ်တို့၏ သမိုင်းဝင် သင်္ချိုင်းဂူများထဲမှ တစ်ခုတည်း သောအလောင်းမရှိတော့သည့် သခင်ယေရှု၏ သချိုင်းဂူက ယုံကြည်သူတို့ အတွက် ယုံလောက်သော သက်သေနှင့် ဝမ်းမြောက်ဖွယ်ရာ မျှော်လင့်ခြင်းဖြစ်ပါသည်။

လူသည် တစ်ခါတည်းသေ၍စီရင်ခြင်းကိုခံရမည်ဖြစ်ပြီး အဲဒီနောက် ငရဲကို သွားရမည် ဖြစ်ပါသည်။ ထို့အတွက် ယေရှုသည် ကားတိုင်ထက်တွင် အသေခံပြီး ယုံကြည်သူတိုင်းအတွက် ငရဲသို့သွားခဲ့ရပါသည်။ (ဧ ၄း၉-၁၀၊ ၁ပေ ၄း၆၊ ကော  ၂း၁၄-၁၅) ထို့ကြောင့် ယေရှုက ငါ့ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ (ငရဲမကျ) ထာဝရ အသက်ကို ရမည်ဟု ဂတိပေးခဲ့ခြင်း ဖြစ်ပါသည်။ (ယော ၃း၁၅-၁၈)

မည်သူမျှမပြောနိုင် ၊ မည်သူမျှမပြုနိုင်၊ မည်သူမျှမပေးနိုင်သော အမှုကို ယေရှုဘုရားကပြောခဲ့၊ ပြုခဲ့၊ ပေးခဲ့ပါသည်။ ယေရှုကို ယုံကြည်သူသည် အပြစ်ကြောင့် သန့်ရှင်းသောဘုရားနှင့် အဆက်ပြတ်နေရာမှ ပြန်အဆက်ရကာ သေခြင်းမှ တစ်နေ့ရှင်ပြန် ထမြောက်ကြမည်ဖြစ်ပြီး အပယ်ငရဲမှလည်း လွတ်မြောက်ခွင့်ကို ကျေးဇူး တော်ကြောင့် ရရှိကြပြီ ဖြစ်ပါသည်။ လူသားတိုင်း ထိုအခွင့်ထူးအား ယေရှုကို ယုံကြည်ခြင်းဖြင့် ရယူနိုင်ကြပါသည်။ ခရစ်ယာန်အသက်တာသည် သေဖို့မကြောက် သလို အသက်ရှင်ဖို့ အတွက်လည်း စိုးရိမ်ခြင်းမရှိသည့်သူများ ဖြစ်ကြပါသည်။ သမ္မာကျမ်းစာတော်မြတ်က သေခြင်းသည် မင်္ဂလာဖြစ်၏ ဟုဆိုထားပါသည်။ အမင်္ဂလာမဟုတ်ပါ။ သို့သော် ယေရှုဘုရား၌ သေခြင်း ဖြစ်ဖို့တော့ လိုအပ်ပါသည်။ (ဗျာ ၁၄း၁၃) ယေရှုကို ယုံကြည်သော သူတို့၏ သေခြင်းဆိုသည်မှာ ခေတ္တလူ့ဘဝ ဒုက္ခကမ္ဘာမှ ထာဝရသုခရွှေပြည်တော်သို့ ကူးပြောင်းရာ တံခါးဝသာလျှင်ဖြစ်ပါသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s