ခရစ်ယာန်ဘာသာဝင်သောအခါ ရေနှစ်ခြင်းမင်္ဂလာခံယူရပါသည်။ ယေရှုကို မမြင်မခြင်းရေထဲနှစ်ထားသည်ဆိုတာဟုတ်ပါသလား ?
ကျမ်းစာက ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။ (ရော ၁၀း၁၁) ယေရှုက အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ဘုရားသခင်၏ကောင်းကင်တမန်တို့ရှေ့မှာ ငါသည် ထိုသူကို ဝန်ခံမည်။(လု ၁၂း၈) ယေရှုက ငါ့ကို၎င်း ငါ့စကားကို၎င်းရှက်၏။ ငါ၏ဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသော ကောင်းကင်တမန်တို့၏ ဘုန်းကို ဆောင်လျက် ကြွလာသောအခါ ထိုသူကိုရှက်တော်မူလတံ့။ (လု ၉း၂၆)
နှစ်ခြင်းမင်္ဂလာခံယူသည်ဆိုသည်မှာ လူများရှေ့တွင် မိမိအားအသက်ပေး ကယ်တင်ခဲ့သော ယေရှုဘုရားကို မရှက်မကြောက် ဝန်ခံခြင်းပင်ဖြစ်ပါသည်။ သင်းအုပ်ဆရာက သင်သည် ယေရှုကို မိမိရဲ့ကယ်တင်ပိုင်ရှင်နှင့် အသက်သခင် အဖြစ်လက်ခံယုံကြည်ပါသလားဟု မေးသောအခါ ယုံကြည်ပါ၏ဟုဝန်ခံရပြီး ရေထဲ တစ်ချက်နှစ်လိုက်ကာ ချက်ခြင်းပြန်ထစေပါသည်။ ထိုအရာသည် ယေရှုနှင့်အတူ အသေခံ ခြင်း သဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ပါသည်။
လူတို့ရှေ့ ထိုကဲ့သို့ပြုခြင်းသည် အလွန်အဓိပ္ပါယ်လေးနက်လှပါသည်။ ဥပမာ ဒေါ်လာတစ်ရာတန်ပိုက်ဆံကို ထုတ်လုပ်ဖို့ စာရွက်တန်ဘိုးတစ်ဒေါ်လာနှင့် မှင်ဘိုး တစ်ဒေါ်လာသာကုန်ကျသည်ဟုဆိုပေမည့် ထိုငွေဖြင့်ဈေးသွားဝယ်လျှင် နှစ်ဒေါ်လာ တန်သာ မဟုတ်ဘဲ ဒေါ်လာတစ်ရာနှင့် တန်ဘိုး ညီမျှသော ပစ္စည်းကိုရပါသည်။ အကြောင်းမှာ ၄င်းနိုင်ငံတော်၏ အသိအမှတ်ပြု နိုင်ငံတော် အမှတ်တံဆိပ် ပါရှိနေခြင်း ကြောင့်ဖြစ်ပါသည်။ ထိုနည်း၎င်း နှစ်ခြင်းမင်္ဂလာခံယူရာတွင်လည်း အဓိပ္ပါယ် လေးနက်မှုမရှိဟုထင်ရပေမည့် မျက်မြင်မရသော ကောင်းကင်ဘုံမှ ကောင်းကင်နိုင်ငံတော် သား အဖြစ် အသိအမှတ်ပြုခြင်းခံရသော အမှတ်တံဆိပ် ခပ်နှိပ်လိုက်ခြင်းပင် ဖြစ်ပါ သည်။ အလွန်တရာမှ တန်ဘိုးရှိလှသော ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာပွဲပင် ဖြစ်ပါသည်။ လူအများကတွန်းအားပေး၍၊ မိန်းမလိုချင်၍၊ အခွင့်အရေး ရလို၍ နှစ်ခြင်းမင်္ဂလာခံ ယူခြင်းသည် အကျိုးမရှိပါ။ ယေရှုဘုရားကိုယုံကြည်ခြင်းဖြင့် ခံယူသောနှစ်ခြင်းမင်္ဂလာမှ သာလျှင် အကျိုးရှိမည်ဖြစ်ပါသည်။