အကယ်၍ လူတစ်ယောက်က ဘုရား လုံးဝမရှိပါဟု ခိုင်မာစွာပြောခဲ့လျှင် ထိုသူသည် ဒ‘ဿနဗေဒ ၏အခြေခံစည်းမျဉ်း ဥပဒေသကို ချိုးဖေါက်ပစ်ပယ်၍ ပြောခြင်း ဖြစ်သည်။ ဘုရားမရှိဟူသောအဆိုကို လူမိုက်တို့သာ ဆိုတတ်၏ဟုလည်း ဆာလံကျမ်း ကဆိုထားပါသည်။ ထိုသူသည် လူတစ်ဦး၏ သေးငယ်သော အသိဥာဏ်ပညာ လေးဖြင့် အဆုံးအစမဲ့ ကျယ်ပြန့်နက်ရှိုင်းလှသည့် ဘုရား၏ အကြောင်းကို တိတိကျကျသိသည် ဟုပြောနေခြင်းသာဖြစ်သည်။ ထို့ကြောင့် လူသား တစ်ဦးအနေဖြင့် အသိဥာဏ် ပညာကို မည်သည့် အတိုင်းအတာထိ ပိုင်ဆိုင်သနည်းဟု မေးခွန်းထုတ်စရာ ရှိလာပေသည်။ ရူပဗေဒ နိုဘယ်ဆုရှင် ဒေါက်တာ အိုင်စတိုင်းက လူသားတို့သည် စင်္ကြာဝဠာ ထဲရှိ အသိပညာတစ်ခုလုံး၏ တစ်ရာခိုင်နှုန်း (တစ်ရာပုံတစ်ပုံ) ထက်နည်းသော အသိပညာကိုသာ ပိုင်ဆိုင်ကြသည်ဟု ဆိုပါသည်။ ထို့ကြောင့်ကျွန်ုပ် တို့ လူသားအနေဖြင့် အသိ ပညာတစ်ခုလုံး၏ ၁% ကိုသာ ပိုင်ဆိုင်ပါက ကျန်သော ၉၉% သည်ဘုရား သခင်၏ အသိပညာပင်ဖြစ်၏။ သေးငယ်သည့်အသိပညာ ကိုသာပိုင်ဆိုင်သော လူတစ်ဦးအနေ ဖြင့်ဘုရားမရှိပါဟု တထစ်ချလုံးဝ မပြောဆိုနိုင်ပါ။ ထိုသို့ပြောနိုင်ရန်အတွက် ထိုသူသည် အသိပညာအားလုံးကို ပိုင်ဆိုင်ရန် လိုပါသည်။ သို့ဆိုလျှင် ဘုရားရှိပါသည်ဟု တိကျခိုင်လုံသော အထောက်အထားကို သိရှိရပါက မိမိအနေဖြင့်ထို ဘုရားနှင့်ရင်းနှီး ကျွမ်းဝင်စွာ မိတ်သဟာရဖွဲ့နိုင် မည်လားဟု စဉ်းစားဖို့ လိုအပ်လာပေသည်။
ဆက်လက်ပြီး လောကတွင်ပေါ်ထွန်းခဲ့သော ဘာသာရေးခေါင်းဆောင်ကြီးများ နှင့်ဘာသာ ရေးပညာရှင်ကြီးများ တို့ကို လေ့လာ ကြည့်ကြပါစို့။ ထိုအထဲမှ တစ်စုံတစ်ဦး က ငါသည်တန်ခိုးကြီးသော ဘုရား၊ ကောင်းကင် နှင့် မြေကြီးကိုဖန်ဆင်းသော အရှင်ဖြစ်သည်။ သင်တို့ကိုလည်းငါပင်ဖန်ဆင်းခဲ့သည်။ သင်တို့သည် စစ်မှန်သော ဘဝအဓိပ္ပါယ်ကို သိရှိခံစားခဲ့ဖူးလျှင် ငါ့အား သိရှိရမည်။ ငါနှင့်လည်း ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာရဖွဲ့မှု ရှိရမည် ဟုဆိုငြားအံ့၊ ထိုအခါကျွန်ပ်တို့စတင်လေ့လာဖို့ အချက် ရှိလာပါလိမ့်မည်။ ထိုသူ၏ပြောဆိုချက် မှန်ကန်မှုရှိ/မရှိ သူ၏ဘဝနောက်ကြောင်း နှင့် သူလုပ် ဆောင်ခဲ့သော အထောက်အထား ကိုကျွန်ပ်တို့ လေ့လာ စူးစမ်းရပါမည်။ထိုအချက် အလက် အထောက်အထား နှင့် ပြည့်စုံသူ တစ်ဦးရှိခဲ့ ပါသည်။ ယနေ့ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲ့သော ဘာသာရေးခေါင်းဆောင်ကြီးများနှင့် လူတို့က ဘုရားဟုသတ်မှတ် ကိုးကွယ်ခြင်းခံရသော ပုဂ္ဂိုလ်များတို့သည် မိမိကိုမိမိ ဘုရားဟုမပြောခဲ့ကြပါ။
သမိုင်းမှတ်တမ်း အရယေရှုကားတိုင်တင်၍ အသတ်ခံခဲ့ရခြင်းမှာ သေသောသူ များကို ပြန်လည် ရှင်ပြန်စေခဲ့၍၊ သို့မဟုတ် မျက်စေ့ကန်းသူ ခြေလက် သေသူများကို ပျောက်ကင်းစေခဲ့သောကြောင့် မဟုတ်ပါ။ သူသည် ဘုရားဖြစ်သည်ဟု ခိုင်မာစွာ ပြောဆို ခဲ့သောကြောင့်ဖြစ်သည်။ ထိုအချက်သည် သခင်ယေရှု၏ ဘုရားဖြစ်ခြင်းကို မေးခွန်းထုတ်ရန်အတွက် အရေးကြီးသော အချက်ပင်ဖြစ်သည်။
ဗုဒ္ဓက ငါသည်အမှန်တရားကို ရှာဖွေ တွေ့ရှိရန်အတွက် သွန်သင်လမ်းပြပေးသူ ဖြစ်သည်ဟု ရိုးရှင်းစွာ ဆိုခဲ့၏။ ယေရှုက ငါသည်သမ္မာတရား (အမှန်တရား) ဖြစ်သည်ဟုဆို၏။ ကွန်ဖျူးရှပ်က ကျွန်ုပ်သည် သန့်ရှင်း မြင့်မြတ် သည်ဟု ဘယ်တုန်း ကမှ မပြောဖူးပါ။ ယေရှုက အဘယ်သူ သည် ငါ့အားအပြစ်တင် ခွင့်ရှိသနည်း ဟု ပြောခဲ့ပါသည်။ မိုဟာမက်က ဘုရားသခင်ကသာ သူ့ရဲ့ သနားကြင်နာခြင်း ဝတ်ရုံဖြင့် ကျွန်ုပ်အပေါ်၌လွှမ်းခြုံ မပေးခဲ့လျှင် ကျွန်ုပ်၌ မျှော်လင့်ချက်ရှိ တော့မည်မဟုတ်ပါဟု ဆိုခဲ့သည်။ ယေရှုကမူ သင်တို့သည် ငါ့အားယုံကြည်လက်ခံခြင်း မရှိခဲ့လျှင် သင်တို့၏ အပြစ်များကြောင့် သေကြရလိမ့်မည်ဟု ဆိုခဲ့ပါသည်။
ထိုမိန့်ဆိုချက်များအရ ယေရှုသည် ဒဏ္ဍာရီလား၊ လူလိမ်လူညာလား၊ ရူးသွပ်နေသူလား ဟုဆက်လက်၍ လေ့လာ ရန်လိုအပ်ပါသည်။
ယေရှုသည် ဒဏ္ဍာရီလား?
သမိုင်းပညာရှင် ဖိလစ်ရှပ်ဟပ်က သခင်ယေရှု အမှန်တကယ် သက်ရှင် ထင်ရှားခဲ့ကြောင်း သေချာမှုသည်ယခုကျွန်ုပ် အမှန် တကယ် သက်ရှင်ထင် ရှားနေပါ သည် ဆိုသောအချက် ထက်ပင်ပို၍ သေချာပါသည်ဟုပြောခဲ့သည် ဒေါက်တာအက်ဖ် ဘရုစ် က အချို့သောသူများသည် သခင်ယေရှု၏ အကြောင်းကို ဒဏ္ဍာရီပုံပြင်မျှသာ ဖြစ်သည်ဟု အခြေအမြစ်မရှိ ယူဆနေကြသည်။ လောကီဆိုင်ရာ သမိုင်း အထောက် အထားများကိုကြည့်ပါက ပထမရာစုနှစ် တွင်ပေါ်ထွန်းခဲ့သော ရောမသမိုင်းပညာရှင် ကောနေလိ နှင့်သာစိတပ် ကပင်ယေရှုအကြောင်း အသေးစိတ်ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ယေရှုသည်ဒဏ္ဍာရီ မဟုတ်ပါ။
ယေရှုသည် လူလိမ်လူညာလား?
အောက်စဖို့ နှင့် ကင်းဘရိတ်တက္ကသိုလ် ကြီးများတွင် ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ စီအက်စ်လူးဝစ်က ကောက်ချက်ချသည်မှာ ကောင်းသော အမှုနှင့် ပတ်သက်၍ ကမ္ဘာပေါ်တွင် ဩဇာအလွှမ်းမိုးဆုံးဖြစ်သော ယေရှုဆိုသည့် ပုဂ္ဂိုလ် တစ်ယောက်သည် ထိုသို့သောလိမ်ညာမှုကြီး ဖြင့်နေထိုင်သွားခဲ့သည် ဟူသော အချက်သည် ကြောင်းကျိုးဆီလျှော်မှုမရှိသော အရာပင်ဖြစ်သည်ဟူ၏။
ယေရှုသည် ရှုးသွပ်နေသူလား?
စိတ်ရောဂါကု ဆရာဝန်အများက ယေရှု၏ သွန်သင်ချက်များအတိုင်း နေထိုင် အသက် ရှင်ကြပါကလောကတွင် စစ်ပွဲရန်ပွဲနှင့် မုန်းတီးခြင်း များ ရှိကြမည်မဟုတ်ဟု ဆိုကြသည်။ ဒေါက်တာ ဂျေတီဖစ်ရှာက အောင်မြင်သော ဘဝတစ်ခုကို တည်ဆောက် ရန်အတွက် စိတ်ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များသည် ယေရှု၏ တောင်ပေါ် ဒေသနာ တွင်တွေ့ရပါသည်။ ထိုလမ်းညွှန်မှုကိုပေးသော သွန်သင်သူဆရာသည် ရူးသွပ်နေသူမဖြစ်နိုင်ပါ။ ယေရှု၏ အပြုအမူစရိုက်များ ကိုလေ့လာကြည့်လျှင်လည်း စိတ်ကစဥ့်ကလျား ဖြစ်သော ရောဂါလက္ခဏာ လုံးဝမရှိပါ။
သို့ဆိုလျှင်ယေရှုသည် ဘုရားဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သမိုင်းပညာရှင် ဖိလစ်ရှဟတ်က ရေးခဲ့သော ခရစ်ယာန် သမိုင်းစာအုပ်တွင် ခရစ်ယာန် ဘာသာအား အချိန်အကန့်အသတ်မရှိ မေးခွန်း ထုတ်ရမည့် အချက်မှာ ရှင်ပြန်ထမြောက်ခြင်းပင် ဖြစ်သည်။ ယင်းသည် သမိုင်း မှတ်တမ်း၌ အံ့ဩဖွယ် တန်ခိုးနှင့်ဖြစ်ပျက်ခြင်း မဟုတ်ပါက မှားယွင်းသော ယုံကြည်ခြင်းသာ ဖြစ်သည်. .. ဟုရေးသားခဲ့သည်။ ယေရှုခရစ်သည် သေခြင်းမာန် ကို မအောင်ခဲ့လျှင် သူ့ကို ယုံကြည်သူများသည် ကမ္ဘာပေါ်တွင် အလွန်အမင်း ရှုံးနိမ့်သောသူများပင် ဖြစ်ကြပေလိမ့်မည်။
ယေရှုသည် သေခြင်းမှ အမှန်တကယ်ရှင်ပြန်ထမြောက်ခြင်းရှိခဲ့ပါရဲ့လား?
ယေရှုခရစ်တော်ဘုရားသည် သေခြင်းမှ (၃)ရက်မြောက်သော နေ့တွင် ရှင်ပြန်ထမြောက်ခဲ့ခြင်းကို သက်သေများစွာနှင့် သမ္မာကျမ်းစာတွင် မှတ်တမ်း တင်ထားခဲ့ပြီးဖြစ်၍ ယနေ့ ကမ္ဘာကျော် သမိုင်းပညာရှင်များ၏ လေ့လာခဲ့သည့် အကြောင်းအရာများ နှင့်အတည်ပြု မှတ်တမ်းတင်ထားသည်များကို တင်ပြလိုပါသည်။
သမိုင်းပညာရှင် ပါမောက္ခ သောမတ်(စ်)အာနိုးလ်သည် ရတ်ဘီ တက္ကသိုလ် ၌ဆယ့်လေးနှစ်တိုင်တိုင် ဆရာကြီးအဖြစ် အမှုထမ်း ခဲ့သည် အောက်စ်ဖို့ တက္ကသိုလ်တွင် ခေတ်သစ်သမိုင်း ဌါန၌ ဥက္ကဌ ဖြစ်ကာ ရောမသမိုင်းဟူသော စာအုပ်ကို ရေးသားခဲ့သူဖြစ်၏။ သူသည်သမိုင်းဆိုင်ရာ အချက် အလက်များ မှန်ကန်မှု ရှိ/မရှိ ဆန်းစစ်လေ့လာရာ ၌တဖက်ကမ်းခတ်အောင် ကျွမ်းကျင်သူဖြစ်သည်။ ရှင်ပြန် ထမြောက်ခြင်းနှင့် ပတ်သက်၍ သမိုင်း အထောက်အထား များကိုစနစ် တကျလေ့လာ ဆန်းစစ်ပြီးမှ “ ကျွန်ုပ်သည် သမိုင်း အဖြစ် အပျက်များကို နှစ်ပေါင်းများစွာ အချိန်ပေး၍ လေ့လာခဲ့သည်။ အဖြစ်အပျက် မှတ်တမ်းများအပြင် ထိုမှတ်တမ်းများကို ရေးသား သူတို့၏ နောက်ခံသမိုင်း အထောက်အထားများကိုလည်း စူးစမ်းလေ့လာလေ့ ရှိပါသည်။ ကျွန်ုပ်လေ့လာခဲ့ဖူးသော သမိုင်းမှတ်တမ်းများထဲတွင် ယေရှုခရစ်၏ ရှင်ပြန် ထမြောက်ခြင်း အဖြစ်အပျက်သည် သက်သေ အထောက်အထားအခိုင်လုံဆုံး၊ ယုံကြည် စိတ်ချရဆုံး မှတ်တမ်းတစ်ခု ဖြစ်သည်” ဟုမှတ်ချက် ချခဲ့သည်။
ဂျွန်ကပ်လေသည် ကိမ်းဘရိဒ် တက္ကသိုလ် တွင် ပါမောက္ခဖြစ်ခဲ့ပြီး အင်္ဂလန် တရားရုံး၌ အမြင့် ဆုံးရာထူးကို ရရှိခဲ့သူဖြစ်ကာ ဗြိတိန်သမိုင်းတွင် တရားအမျှတဆုံးသော တရားသူကြီးအဖြစ် သတ်မှတ်ခံရသော ပညာရှင်ကြီးဖြစ်ခဲ့သည်။ သူက “ရှင်ပြန် ထမြောက်ခြင်း အဖြစ်အပျက်သည် ခိုင်လုံ မှန်ကန်သော သမိုင်းအဖြစ်အပျက်ဖြစ်၏။ ဤခိုင်လုံမှု အထောက်အထားသည် ဘယ်တော့မှ ပျက်ပြယ် သွားလိမ့်မည် မဟုတ်” ဟု မှတ်တမ်းတင်ရေးသား ခဲ့သည်။
အောက်စ်ဖို့ တက္ကသိုလ်မှ ပါမောက္ခ များဖြစ်သော လော့ဒ်လိုက်လက်တန်နှင့် ဒေါက်တာ ဂီးဘတ်ဝက်စ် တို့က ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း ကိုဒဏ္ဍရီမျှသာ ဖြစ်သည်ဟု ယူဆကာ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို ဖျက်စီးပစ်ရန် ကြိုးစားခဲ့ကြ၏။ ထို့ကြောင့် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို မမှန်ကန်ကြောင်း အရင် သက်သေ ပြပြီးနောက်- နောက်တော်လိုက်များ၏ အသက်တာ ပြောင်းလဲမှုများသည် မှန်ကန်မှုမရှိ ကြောင်း သက်သေထူနိုင်ရန် ကြိုးစားခဲ့ကြသည်။ ဒေါက်တာဝက်စ်က ယေရှုခရစ် သေခြင်းမှရှင်ပြန်ထ မြောက်ခြင်းသည်ယုတ္တိမရှိကြောင်း ဖော်ထုတ်နိုင်ရန် စနစ်တကျလေ့လာခဲ့သည်။ လော့ဒ်က ရှင်ပေါလု၏ အံ့ဩဖွယ်ရာပြောင်းလဲခြင်းအဖြစ် အပျက်ကို ဝေဖန် ငြင်းဆိုရန်စူးစမ်းလေ့လာခဲ့၏။ တစ်နှစ်ခန့် လေ့လာပြီးသောအခါ ထိုသူ နှစ်ယောက်တို့သည် ခရစ်ယာန် အဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့စူးစမ်း လေ့လာခဲ့ကြသည့် ရှင်ပြန်ထမြောက်ခြင်း အကြောင်း ကို ရေးသည့်စာအုပ်တွင် “အမှန်တကယ် စူးစမ်းလေ့လာမှုမရှိလျှင် ယေရှုဘုရားကို သင်ငြင်းပယ် မိမှာ ပါ” ဟုဖော်ပြကြလေသည်။