ယေရှုသည်သူတော်စင်တစ်ဦးသာဖြစ်သည် မဟုတ်ပါလား?
အောက်စဖို့စ် တက္ကသိုလ်၏ ပါမောက္ခ ဖြစ်သူ စီအက်လူးဝစ်သည် ဘုရားမဲ့ဝါဒီ တစ်ဦးဖြစ် သော်လည်း ယေရှုအကြောင်း ကိုလေ့လာပြီးသောအခါ ယေရှုအားဘုရား အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သည်။ သူက ယေရှုနှင့်ပတ်သက်လို့မပြတ်မသား ဒွိဟဖြစ်နေသူများကို အောက်ပါအတိုင်း ပြောခဲ့ပါသည်။
လူတစ်ချို့က ယေရှုသည် ကိုယ်ကျင့်တရား ကောင်းမွန်သော သူတော်စင် အဖြစ်လက်ခံပါသည် သို့သော် ဘုရားအဖြစ်တော့ လက်မခံနိုင်ပါဟု စဉ်းစားဥာဏ်မရှိဘဲ ပြောဆိုမှုများကို ကျွန်ုပ်လုံးဝ ကန့်ကွက်ပါသည်။ ယင်းသည်ကျွန်ုပ်တို့ ပြောရမည့်စကား မဟုတ်ပါ။ ယေရှု၏သက်တော်စဉ်နှင့် လုပ်ဆောင်ချက်များကို ကြည့်ပြီးယေရှုသည် ဘုရားဖြစ်သည် သို့တည်းမဟုတ် ရူးသွပ် နေသော ငရဲမှလာသည့်နတ်မိစ္ဆာသာဖြစ်သည် ဟူသော ခံယူ ချက်နှစ်ခုထဲမှတစ်ခုကို ရွေးချယ်ရန်လိုအပ်လာသည်။
သင်သည် သူ့အား အရူးတစ်ယောက်အနေဖြင့် လစ်လျူရှုထားနိုင်ပါသည်။ နတ်မိစ္ဆာဟုသတ်မှတ်၍ တံတွေးဖြင့် ထွေးနိုင်ပါသည်။ ထိုသို့မပြုလိုပါက သူ၏ခြေရင်း တွင် ဦးညွှတ်၍ကျွန်ုပ်၏ သခင် ဘုရားရှင်ဟု ခေါ်နိုင်ပါသည်။ သို့သော် အနှစ်သာရ မဲ့ပြီး အဓိပ္ပါယ် မရှိသောယူဆချက်ဖြစ်သည့် ယေရှုသည် ကိုယ်ကျင့်တရား ကောင်းမွန် သည့်ဆရာသမားဖြစ်သည် စသည့်သာမန်လူသားတစ်ယောက်သာ ဖြစ်သည်ဟူသော စကားကိုမူ ရပ်တန့်ရမည်ဖြစ်သည်။ သင်သည် အသိဥာဏ် ဖြောင့်မတ်မှန်ကန်ခြင်းကို လက်ခံလိုသောဆန္ဒရှိပါက မပီပြင် မပြတ်သားသော ကြားနေအယူအဆကို လက်မခံ သင့်ပါ။ ယေရှုသည် ဘုရားဖြစ်သည်ဟု လက်ခံလိုက်ခြင်းက ပိုမိုလွယ်ကူပေမည်။