ဗုဒ္ဓသည်လည်း တမလွန်ကမ္ဘာမှ ကြွဆင်းလာသော ဘုရားလောင်း ဖြစ်သည့် အတွက် ဗုဒ္ဓ၏တရားလမ်းသည်မခိုင်လုံဟု ဆိုနိုင် ပါသလား?
လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းကျင့်ခဲ့သည့် ပါရမီရှင် ဘုရားလောင်း ဖြစ်သည့်အတွက် မွေးမွေးခြင်း လမ်းထလျှောက်ကာ ငါသည် အကြီးမြတ်ဆုံး၊ အဦးဆုံး ဟုကြွေးကြော်ခဲ့သည်ဟု ကျွန်တော်တို့သိရပါသည်။ ထိုမျှလောက်ကြီးမြတ်သောအရှင်ဖြစ်ရိုးမှန်လျှင် အဘယ့်ကြောင့် အိမ်ထောင်ပြုသားမွေးပြီး စွန့်ထားခဲ့ရပါသနည်း။ အချို့ကလည်း တောမထွက်မှီအထိ လူထဲကလူဖြစ်သည်ဆိုလျှင် တောစထွက်စဉ် ရှစ်ဥသဘအကျယ်ရှိသောမြစ်ကြီးကို စီးမြင်းအားအမှတ်ပေးလိုက်သည်နှင့် လွှားကနဲ ခုန်လိုက်ရာ မြစ်တစ်ဖက်ကမ်း ကိုရောက်လေ၏ဟုဆိုပြန်၏။ ဘုရားမဖြစ်မှီ ထိုတန်ခိုး ဘယ်ကရပါသလဲ။ လူသားထဲမှ ကျင့်ကြံ အားထုတ်ကာ ဘုရားဖြစ်လာသည့် လူသား ဘုရားဟုလည်း အချို့ကဆိုပြန်ရာ သို့ဆိုလျှင် ဗုဒ္ဓဟောသည့် ငရဲ၊ သုံးဆယ့်တစ်ဘုံ နှင့် နိဗ္ဗာန်တို့ကို အဘယ်သူကဖန်တီး ချုပ်ကိုင်ထားပြီးဗုဒ္ဓ နှင့်ဘယ်လို ပတ်သက်မှု ရှိပြန်ပါသလဲ။ နောက်ဆုံးဗုဒ္ဓသည် လူသားထဲမှ လူသားဘုရားဖြစ်၏ဟူ၍သာ ဆွေးနွေး ရာတွင် အဖြေထွက်သည့်အတွက် ဗုဒ္ဓသည်တမလွန်ကမ္ဘာမှလာသော အရှင် မဟုတ်ပါ။ဗုဒ္ဓ၏တရားလမ်း သည်လည်း လူသားထဲမှ လူသားချင်း ပြသောလမ်းသာလျှင် ဖြစ်ပါ သည်။ဗုဒ္ဓ၏ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း ကျန်ခဲ့ပြီး သေခြင်းတရားကို အောင်မြင်ခဲ့ခြင်း မရှိသော အရှင်လည်း ဖြစ်ပါသည်။ ဗုဒ္ဓသည် မကိုးကွယ်ထိုက်သော အရှင်နှင့် တရားမှားပြသူဟု မဆိုလိုပါ။ ရွေးချယ်မှု အပိုင်းကသင့်အပိုင်း သာလျှင် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သော ဗုဒ္ဓအကြောင်း (ဘီစီ ၅၆၃-၄၈၃ ခန့်)
ဗုဒ္ဓသည်အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ နီပေါနယ်စပ်အနီး ကပ္ပိလဝတ် မြို့တော်ကို အုပ်ချုပ်သည့် ဘုရင်တစ်ပါး၏ သားတော် ဖြစ်ပါသည်။ ငယ်စဉ်က တည်းကပင် လောကီစည်းစိမ်ကို တပ်မက်မှုမရှိပါဘဲ တရားကိုရှာ လိုသော သဘောသာ ရှိ၏။ အသက်တစ်ဆယ့် ခြောက် နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး ပထမသားဦးကို ရချိန် အသက် သုံးဆယ်ခန့်တွင် တောထွက်ခဲ့ပါသည်။ ငါးနှစ်အတွင်း တရားကိုရရန် ပြင်းထန်စွာကျင့်ကြံအားထုတ်ခဲ့ပြီး မရသည့်အဆုံး အလယ်အလတ်လမ်းစဉ်ဖြင့် ကျင့်ကြံ အားထုတ်ရာ လူသားတိုင်း ကျင့်ကြံအားထုတ်နိုင်ပြီး နိဗ္ဗာန်သို့ ရောက်နိုင်သော သစ္စာ တရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်ကို သဗ္ဗညုတဥာဏ်တော်နဲ့ သိခွင့်ရခဲ့ ပါသည်။ ထို့နောက် လောဘ၊ ဒေါသ၊ မောဟ တို့ ကင်းငြိမ်းရာ သစ္စာတရားလေးပါး၊ မဂ္ဂင်ရှစ်ပါး တရားတော်တို့ကို လှည့်လည် ဟောကြားခဲ့ပြီး နောက်လိုက်များလည်း ရှိလာကာ သက်တော်ရှစ်ဆယ် အရွယ်တွင် ပျံလွန်ခဲ့ပါသည်။
ဗုဒ္ဓပျံလွန်ပြီးဗုဒ္ဓဘာသာသည် ဂိုဏ်းငယ်လေးတစ်ခုအသွင်အဖြစ်သာ နှစ်ပေါင်း သုံးရာခန့် တည်ရှိ နေပါသော်လည်း ဘီစီ သုံးရာခန့်တွင် အိန္ဒိယ နိုင်ငံကိုအုပ်ချုပ်သော အာသောကဘုရင်မင်း နန်းတက်ခဲ့ ပါသည်။ ထိုဘုရင်မင်းမြတ်သည် သူကိုယ်တိုင် ဗုဒ္ဓကိုကိုးကွယ်ရုံတင်မက သူ့တိုင်းသူပြည်သားအားလုံးကိုလည်း ကိုးကွယ်စေခဲ့ ပါသည်။ ‘ဒါတင်မက အိမ်နီးချင်းနိုင်ငံများသို့လည်း သာသနာပြုများ စေလွှတ် ခဲ့ပါ သည်။ အာသောက ဘုရင် ကွယ်လွန်ပြီးနောက်ပိုင်း ဘုရင်များက ဗုဒ္ဓဘာသာကို လက်မခံဘဲ နှိပ်ကွပ်ခဲ့ပြန်ပါသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ယခုအခါ ဗုဒ္ဓဘာသာဝင်များမှာ မရှိသလောက်ပင် ဖြစ်ပါသည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ အချို့တွင်တော့ ဗုဒ္ဓသာသနာထွန်းကားခဲ့ပြီး ယနေ့ကမ္ဘာပေါ်တွင်ဗုဒ္ဓကို သက်ဝင် ယုံကြည်ကိုးကွယ်သူလူပေါင်း သန်းလေးရာခန့် ပင်ရှိပြီဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓကတည်ထောင် ခဲ့သည်ဟု ဆိုနိုင်သော်လည်း ဗုဒ္ဓသာသနာကို ပြန့်ပွါးဖို့ အဓိကလုပ် ဆောင်ခဲ့သူမှာ အာသောကဘုရင်မင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နောက်ထပ် မှတ် သားစရာ တစ်ခုအနေဖြင့်ဗုဒ္ဓသည် မည်သည့်စာပေ ကျမ်းဂန် တစ်ခုကိုမျှ ရေးသား မထားခဲ့ပါ။ ဗုဒ္ဓလွန်ပြီး ၄၅၈ နှစ်အကြာမှ သီဟိုရ်ကျွန်း(သီရိလင်္ကာ)တွင် မင်းကြီနှင့် ရဟန်းများကပြန်လည်ပြုစု ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ ထိုကျမ်းတို့ကို လူသားအစဉ် အဆက်လက်ဆင့်ကမ်းအာဂုံဆောင်ခဲ့ကြသည်ဟုလည်းဆိုထားပါသည်။
ယေရှုသည် ထာဝရဘုရား၏ အမှုတော်မြတ် ကိုဆောင်ရွက်ရာတွင် ပြီးပြတ်ခဲ့ခြင်းမရှိသည့်အတွက် တမန်တော်မိုဟာမက်ကို ထာဝရဘုရားက စေလွတ်လိုက်ခြင်း ဖြစ်သည် ဟူသောအဆိုမှာ ဟုတ်မှန်ပါသလား?
လူပုဂ္ဂိုလ်တစ်ဦး၏ ပြုခဲ့သောအမှုနှင့် အဆိုအမိန့်အားဖြင့်သာလျှင် ထိုပုဂ္ဂိုလ် သည်အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း အသိအမှတ် ပြုနိုင်ပါသည်။ ဥပမာ မောရှေကို ထာဝရဘုရားစေလွှတ်သောတမန်တော်ဖြစ်ကြောင်း ခရစ်ယာန်၊ ဂျူး နှင့် အစ္စလမ် ဘာသာဝင်များ အားလုံးက လက်ခံကြပါသည်။ အကြောင်းမှာ မောရှေသည် ထာဝရဘုရားစေလွှတ်သော တမန်တော်ဖြစ်ကြောင်း ထာဝရဘုရားနှင့် ဆိုင်သည့် သဘာဝလွန် တန်ခိုးနိမိတ်များနှင့် သက်သေများတို့က အခိုင်အမာရှိနေပါသည်။ သို့သော် မိုဟာမက်တွင် ထာဝရဘုရားနှင့် ဆိုင်သော အမှုအရာများနှင့် ပြုခဲ့သော သဘာဝလွန် တန်ခိုးနိမိတ်များမတွေ့ရလို့ ၄င်းသည် ထာဝရဘုရား စေလွှတ် သော တမန်တော်ဖြစ်ခြင်းကို လူအားလုံးကလက်မခံပါဘဲ အစ္စလမ်ဘာသာဝင်များကသာ လက်ခံကြခြင်း ဖြစ်ပါသည်။ သို့သော် ယေရှု ကို လူတို့ လက်မခံကြခြင်းမှာ ယေရှုသည်ဘုရားဖြစ်ကြောင်း ပြုခဲ့သောအမှုနှင့် အဆိုအမိန့်တို့ ခိုင်လုံစွာရှိပါလျက် ငြင်းပယ် ကြခြင်း သာလျင် ဖြစ်ပါသည်။
ဗဟုသုတ ရပါသည်။ ငြင်းဆိုရန် မရှိပါ။
“ဗုဒ္ဓဟောသည့် ငရဲ၊ သုံးဆယ့်တစ်ဘုံ နှင့် နိဗ္ဗာန်တို့ကို အဘယ်သူကဖန်တီး ချုပ်ကိုင်ထားပြီးဗုဒ္ဓ နှင့်ဘယ်လို ပတ်သက်မှု ရှိပြန်ပါသလဲ။ “ဒီအချက်ကိုမေ့နေတာ
ခုလိုသိခွင့်၇တဲ့အတွက်ကျေးဇူးပါ
ဘု၇ားရှင်ကောင်းချီးပေးပါစေ
ဗုဒ္ဒဘာသာနှင့်ပတ်သက်ပြီးဖြေကြားချက်များသည် မှားယွင်းနေသည်။ ဖြေပေးသူသည် သုံးပါးတစ်ဆူ ဟူသော ဘုရားသုံးပါးကို ယုံကြည်ဖြစ်သည်ဟု ယူဆရသည်။ ထို့ကြောင့် ဗုဒ္ဒဘာသာနှင့်ပတ်သက်ပြီးမေးထားချက်ကို ပြန်ဖြေရမည့်အစား မေးခွန်းပြန်ထုတ်ထားသည်။
ထိုမေးခွန်း ကမ္ဘာနှင့်အ၀ှမ်းတွင်မေးထားသည့်မေးခွန်း ဗုဒ္ဒဘာသာမဟုတ်သူများမေးလေ့မေးထရှိသည့်မေးခွန်း ဗုဒ္ဒဘာသာမဟုတ်သူများ၏ ဘုရားကျောင်းများတွင် ကလေးငယ်များကို သင်ပေးသည့်မေးခွန်းမျှသာဖြစ်သည်။ ထိုအဖြေများမှာ ရေတွက်မကုန်နိုင်အောင်သော ဆိုဒ်တို့တွင် ဖတ်ရှုနိုင်ပါသည်ဟု ပြောလိုပါသည်။
ဥာဏ်မှီအောင်အရင်လုပ်။ ဆောက်အဆင့် မရှိတာတွေ မတင်နဲ့။ အောက်တန်းစားက အောက်တန်းစားအလုပ်ပဲ လုပ်တတ်တယ်။ ကိုယ့်ဖင်မဲကြီးအရင်ဖုံးဦး။ ရှက်ရမ်းရမ်းပြီး သူများဖင်ပေါ်က အမဲစက်ကလေး လိုက်ရှာနေတာ။ ‘ဇ’ မရှိပဲ ထမိန်ခြုံပြီး လက်သီးထောင်တာ ခွေးသား။မဟုတ်ဘူးလား? ကျောက်ကွင်းအရေးတော်ပုံ ဖတ်ဖြစ်အောင်ဖတ်။ ခွေးအဖေတင်ပြီး မဟောင်နဲ့။ အလုပ်နဲ့သက်သေပြ။
wrong
ကဲ ကျွန်တော်နဲနဲလောက်တော့ပြောခဲ့ပါရစေ….. ဂေါတမအလောင်းအလျာ မင်းသားမှာ မိစုံဖစုံကနေမွေးဖွားလာခြင်းဖြစ်ပါတယ်။
အပျိုကညာကမွေးသောသူဆိုတာ လက်တွေ့လောကမှာမတွေ့ဖူးမကြားဖူးပါ။မာရိအမည်ရှိသော အပျိုကညာမှမွေးဖွားခြင်းဖြစ်တယ် ဆိုတော့ အဲ့ဒီအမျိုးသမီးဟာလဲလူသားပဲမဟုတ်ပါလား?ထာဝရအရှင်ရဲ့သားလို့လဲယေရှုကိုပြောပြန်ပါတယ်။ဒါဆို မာရိဟာလူသားစစ်စစ်
ဖြစ်တဲ့အတွက် ဖိုမဆက်ဆံမှုမရှိဘဲ သားမမွေးနိုင်ပါ။ဒါဆို ထာဝရကြီးနဲ့မာရိနဲ့က ဘယ်လိုဆက်ဆံမှုမျိုးလဲ?ထာဝရကြီးက ၀ိဥာဏ်သက်သက်ဖြစ်တယ်ဆိုတော့ မာရိနဲ့ထာဝရကြီးက ဟိုကိစ္စဒီကိစ္စမဖြစ်နိုင်ဘူးလို့ပဲကောက်ချက်ချမယ်။ဒါဆို မာရိက ဘယ်သူနဲ့
တိတ်တိတ်ပုန်းဖောက်ပြန်ပြီးယေရှူကိုမွေးတာလဲ?ဒီလိုဖောက်ပြန်ပြီးမွေးတာဆိုတော့ အမိယုတ်သားလို့ပဲဆိုရမှာပေါ့။ယေရှုရဲ့ဖခင်အစစ်
ကိုဖော်ပြပေးနိုင်ရင် ကျွန်တော်နှစ်ခြင်းခံဖို့အဆင်သင့်ပါ။နောက်တစ်ခုက ဂေါတမ ဟောကြားခဲ့တဲ့တရားတော်တွေထဲမှာ သူတစ်ပါးအသက်သတ်ခိုင်းတယ်ဆိုတဲ့ အထောက်အထားရှိပါသလား?သူ့နောက်လိုက်တစ်ယောက်ယောက်ကရော သူတစ်ပါးအသက်
ကိုသတ်ဖို့တိုက်တွန်းခဲ့တာရှိဖူးပါသလား၊?ရှိခဲ့ရင် စာပေကျမ်းဂန်အထောက်အထားနဲ့ဖော်ပြပေးပါ။လောလောဆယ်တော့ ထာဝရကြီး
ကသူတစ်ပါးအသက်ကိုသတ်ဖို့ သင်တို့ကိုတိုက်တွန်းခဲ့တယ်၊ခိုင်းစေခဲ့တယ်ဆိုတာကို အထောက်အထားနဲ့ ပြပါ့မယ်။ဗုဒ္ဒ၀င်တွေကို မပြောပဲ တရားတော်ချင်းယှဉ်ကြည့်ရအောင်။ဘာကြောင့်လဲဆိုရင် သင်တို့နောက်ကြောင်းကို ပြန်ထောက်မယ်ဆိုရင် သင်တို့ရဲ့ ထာဝရကြီးဂုဏ်သိက္ခာကုန်းကောင်စရာမကျန်အောင်ဖြစ်သွားပါလိမ့်မယ်။လောလောဆယ်တော့ သင်တို့ထာဝရကြီးက လူသားတွေကို
ဘယ်လိုစိတ်ရိုင်းသွင်းပေးခဲ့တယ်ဆိုတာအရင်ဖော်ပြပေးပါ့မယ်။မူရင်းလင့်ခ်ကတော့ http://www.anti-jesus-christ.blogspot.com ပါ။
လူသတ်ခိုင်းတဲ့ထာဝရအရှင်
လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်အေ ဟူသောစကားကို ကျွန်တော်တို့တစ်တွေမကြာခဏ
ကြားနေရပါတယ်။အဲ့ဒီလိုစကားပြောတဲ့သူတွေတော်တော်များများရဲ့စိတ်သဘောထားကို ခြုံငုံသုံးသပ်ကြည့်
မယ်ဆိုရင်အနည်းဆုံးတော့အဲ့ဒီလူမှာကိုယ်ချင်းစာတရားရှိတယ်ဆိုတာလောက်ကိုတော့ တွေ့ရပါလိမ့်မယ်။
လူသားတွေမှာကိုယ်ချင်းစာတရားလေးတွေကိုယ်စီရှိနေကြမယ်ဆိုရင်တော့ လောကကြီးကငြိမ်းချမ်းနေမှာပါပဲ။
သူတစ်ပါးအသက်ကိုကယ်တင်ဖို့နဂိုဗီဇစိတ်ရှိနေတဲ့လူသားတွေကို စိတ်ရိုင်းတွေသွင်းပေးတဲ့သူကိုတော့
ဘယ်သူတော်ကောင်းမှ အားပေးမှာမဟုတ်ပါဘူး။အကြံတူဥာဏ်တူတွေသာ အားပေးအားမြှောက်နဲ့ လက်ခံကြမှာပါပဲ။လူတော်တော်များများဟာ သူတော်ကောင်းကဲ့ရဲ့ရှုတ်ချမယ့် အလုပ်မျိုးတွေကိုရှောင်ကြဉ် လိုတဲ့ စိတ်လေးတွေရှိမယ်လို့ယုံကြည်မိပါတယ်။ဒီင်္လိုဆိုရင် ကျွန်တော်တို့တစ်တွေကို မကောင်းမှုဒုစရို က်တွေလုပ်ဖို့တိုက်တွန်းအားပေးအမိန့်ပေးနေတဲ့သူတစ်ယောက်ကို ကျွန်တော်တို့ ဆရာတင်ထားမှာလား ?ဝေးဝေးရှောင်ကြဉ်ကြမလား?ကိုယ် ကိုယ်တိုင်လဲလူသတ်တယ် တခြားသော သူတွေကို လည်းလူသတ်ခိုင်းတယ်၊ လူသတ်ဖို့အားပေးတဲ့သူတစ်ယောက်ရဲ့ သြ၀ါဒကိုရော ကျွန်တော်တို့တစ်တွေလိုက်နာကျင့်ကြံကြမလား?လူသားတွေကိုဖန်ဆင်းထားတဲ့ဖန်ဆင်းရှင်ပါ၊ လူသားတွေကိုအလွန်ချစ်မြတ်နိုးပြီးလူသားတွေရဲ့ကယ်တင်ရှင်ပါ၊အနန္တတန်ခိုးရှင်ပါဆိုတဲ့ထာဝရဘုရားသခင် ဆိုတဲ့သူကြီးကတော့ လူသတ်ဖို့အားမြှောက်ပြုထားသလို သူကိုယ်တိုင်လဲလူပေါင်းမြောက်များစွာ
ကိုသတ်ခဲ့ပါတယ်တာကို ကျွန်တော်ရှင်းရှင်းလင်းလင်းကြီးတင်ပြပါရစေ။အရင်ဦးဆုံးထာဝရကြီးကိုယ်တိုင်
လူသတ်ခဲ့ပုံတွေကိုအရင်တင်ပြပါရစေ။
ဓမ္မရာဇ၀င်ပထမစောင် (၁ရာ ၆း၁၉)
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ကြည့်ရှုမိသောကြောင့် လူခုနှစ်ဆ ယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကိုခံရကြ၏။ထိုသို့ထာဝရဘုရားသည်ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသေကြောင့်လူများတို့သည် ငိုကြွေးမြည်တမ်းကြ၏။
ကြီးစွာသောလုပ်ကြံခြင်းအားဖြင့်လို့ဆိုထားပါတယ်။လူပေါင်းများစွာကိုသတ်ခဲ့တယ်လို့အဓိပ္ပါယ်ရပါတယ်။
နောက်တစ်ခုကိုဆက်လက်တင်ပြပါဦင်္းမယ်။
ဓမ္မရာဇ၀င်ဒုတိယစောင် (၂ရာ ၂၄း၂၅)
ထိုနေ့နံနက်မှစ၍ချိန်းချက်သောအချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ကာလနာကို
လွှတ်လိုက်တော်မူ၍ဒန်မြို့မှဗေရရှေဘမြို့တိုင်အောင် လူခုနှစ်သောင်းသေကြ၏။
ကမ္ဘာဦးကျမ်း ၃၈း၇
ယုဒ၏သားဦးဧရသည်ထာဝရဘုရားရှေ့၌ဆိုးသောသူဖြစ်၍သူ့ကို ထာဝရကွပ်မျက်တော်မူ၏။
ထာဝရကြီးကိုယ်တိုင်လူသတ်ခဲ့ပုံတွေကို တင်ပြပြီးနောက် ယုံကြည်သူလူသားများ ကိုလူသတ်ဖို့အားပေးခဲ့ပုံကိုဆက်လက်တင်ပြပါဦးမယ်။
တရားဟောရာကျမ်း (၂၁း၁၈၊၁၉၊၂၀၊၂၁)
ပုန်ကန်သောသားကိုသတ်ပါ
အဘ၌ဆိုးသွမ်းပုန်ကန်သောသား၊မိဘစကားကိုနားမထောင်၊မိဘတို့ဆုံးမသော်လည်း မနာခံသောသား
ရှိလျှင်၊မိဘတို့သည်ထိုသားကိုဆွဲကိုင်၍မြို့၌အသက်ကြီးသောသူတို့ရှိရာမြို့တံခါးဝသို့ဆောင်ခဲ့ပြီးလျှင်
၊အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ခက်ထန်သောသဘောရှိ၍ အကျွန်ုပ်တို့စကားကိုနားမထောင်သော သူဖြစ်ပါ၏။စားကြူးသူ၊သောက်ကြူးသူဖြစ်ပါ၏ဟု မြို့၌အသက်ကြီးသူတို့အားလျှောက်ဆိုရ
မည်။မြို့သားယောက်ျားအပေါင်းတို့သည်ထိုသားကိုကျောက်ခဲနှင့် ပစ်၍အသေသတ် ရကြမည်။ ထိုသို့သင်တို့တွင်ဒုစရိုက်အပြစ်ကိုပယ်ရှားသဖြင့် ဣသရေလအမျိုးအပေါင်းတို့ သည်ထိုသတင်းကိုကြား ၍ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်။
ကဲဗျာ လူသတ်ခိုင်းတဲ့ဘုရားဖြစ်တယ်ဆိုတာ ဘယ်လိုမှငြင်းနိုင်မှာမဟုတ်ပါဘူး။လောကကြီးမှာ အကောင်းဆုံးကျမ်းစာပါဆိုတဲ့ဟာကြီးထဲမှာ ဒီလိုဟာမျိုးတွေပါနေတယ်ဆိုတာ သတိပြုကြပါ ။ခြိမ်းခြောက်ခြင်းတို့ဖြင့်ပြည့်နေပါတယ်။နောက်ထပ်ရေးသားမယ့်ပို့စ်တွေမှာ ထာဝရကြီးက သူ့ကိုဘယ်လိုယဇ်ပူဇော်ရမယ် သူဘယ်လိုဒေါသကြီးတယ်ဆိုတာတွေကို ဆက်လက်တင်ပြပါဦးမယ်။