လူတော်လူကောင်းတစ်ဦးအဖြစ်တစ်သက်လုံးအသက်ရှင်ခဲ့သူသည် ကောင်းရာဘုံသို့ရောက်ဖို့မလုံလောက်ဘူးလား?
ထိုအရာသည် လူတို့ သတ်မှတ်သည့်စံဖြစ်ပါသည်။ သမ္မာကျမ်းစာတော်မြတ် ကဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏ ဟု ဆိုထားသလို(လု ၁၈း၁၉) ဖြောင့်မတ်သောလူသား တစ်ဦးတစ်ယောက်မျှမရှိဟုလည်း (ရော ၃း၁၀) ဆိုထား ပါသည်။ တယောများ တို့ကို ကိုကြိုးညှိကြရာတွင် တယောအချင်းချင်း စံထားညှိခြင်း မပြုဘဲ စန္ဒယားကိုသာ စံထားညှိပါသည်။ လူကောင်းတစ်ဦးဟု သတ်မှတ် လိုပါက ယေရှုကိုစံထားပြီး သတ်မှတ်ရပေမည်။ လူကောင်းလူတော်ဆိုသည့်သူက ကောင်းမှုနှင့် ပတ်သက်လို့ ဩဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်ဟု လူတို့၏ သတ်မှတ် ခြင်းကိုခံ ရသည့်ယေရှု ကို အသိအမှတ်မပြုလျင် ထိုသူကို လူကောင်းလူတော်ဟု သတ်မှတ်ထိုက်ပါ တော့မည်လား။ ထိုလူတော်တစ်ဦးသည် ရာစုအဆက်ဆက် လူတို့အပေါ်ဩဇာ အလွှမ်းမိုးဆုံးနှင့် အထင်ရှားဆုံးသော ယေရှုဘုရား အကြောင်းကို မသိဟုဆိုခြင်းသည် သင့်လျော်ပါသလား။ ခေတ်အဆက်ဆက် ရောင်းအကောင်းဆုံးနှင့် လက်ဆောင်ပေး အများဆုံးဖြစ်သည့် သမ္မာကျမ်းစာ တော်မြတ်ကို ဖတ်ရှုကြည့်ဖို့ သတိမဲ့သူသည် လူတော်တစ်ဦး ဖြစ်သင့်ပါသလား။