ဘာတွေလုပ်မိလျင် အပြစ်ဖြစ်ပါသနည်း ?
မကောင်းတာကိုလုပ်မှ အပြစ်မဟုတ်ပါ။ ကောင်းမှန်းသိပါလျက် နှင့် မလုပ်မိလျှင်လည်းအပြစ်ဖြစ်ပါသည်။ ထို့ထက် သာမက မသိဘဲ လုပ်မိပါကလည်း ရာနှုန်းပြည့်အပြစ်ဖြစ်ပါသည်။ မသိ၍လုပ်မိသည်ကို ဥပဒေက ခွင့်လွှတ်မည်မဟုတ်ဟူ သော လောက ဥပဒေရှိသည့်အတိုင်းပင်ဖြစ်ပါသည်။ မိမိသေပြီးမှ တမလွန်၌ တရားစီရင်မည့်အရှင်ရှေ့သို့ရောက်ပြီး ကျွန်တော်မသိလို့ပါဟု အကြောင်းပြ၍ မရတော့ပါ။ လူသားတိုင်းကို တမလွန်၌ မိမိအား တရားစီရင်မည့် ဘုရားအကြောင်း ကိုသိမြင်နိုင်သော အသိဥာဏ်ပညာနှင့် ယုံလောက်သော သက်သေအများလည်း ဘုရားကလူတို့အား ပေးထားပြီးဖြစ်ပါသည်။ ထိုဘုရားကို သင်မသိပါ ထိုဘုရားကိုသင် မယုံကြည်ပါ၊ ထို့ကြောင့်တမလွန်တွင် စီရင်ခြင်းခံရလိမ့်မည်မဟုတ်ဟု မထင်လိုက် ပါနှင့်။ တရားရုံးတွင် တရားခံက တရားသူကြီးကိုမသိ၍၊ ဥပဒေကိုနားမလည်၍ တရားသူကြီး၏ အပြစ်စီရင်ခြင်းကို လက်မခံနိုင်ပါဟု ချေပပြောဆိုပိုင်ခွင့်မရှိပါ။