ခရစ်ယာန်ဘာသာဝင်တို့၏တစ်ဦးခြင်း အခြေခံ ဘာသာရေးနှင့် ပတ်သက် လို့လုပ်ဆောင်ရမည့် အချက်များကို သိလိုပါသည်?
ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ သက်သေခံခြင်း၊ မိသဟာယဖွဲ့ခြင်းနှင့် ထိုအချက်တို့ကို နာခံ လိုက်လျှောက်သော အသက်တာ ရှိရပါမည်။ လူတိုင်းတွင် လူတို့မြင်နိုင်သော အပြင်လူနှင့်(ကိုယ်ခန္ဓာ) လူတို့မမြင်နိုင်သော အတွင်းလူ(ဝိညာဉ်) ဟူ၍ နှစ်ပိုင်း ရှိပါသည်။ ဆုတောင်းခြင်းကို ဝိညာဉ်အသက်ရှုခြင်း၊ ကျမ်းစာဖတ်ခြင်းကို ဝိညာဉ်အစာစားခြင်း၊ ဘုရား၏ ကောင်းမြတ်ကြောင်း သက်သေခံခြင်းကို ဝိညာဉ်စကား ပြောခြင်း၊ မိသဟာယဖွဲ့ခြင်း (အသင်းတော်တွင်ပါဝင်ခြင်း)ကို ဝိညာဉ် လေ့ကျင်ခန်း လုပ်ခြင်းဟူ၍ တင်စားထားပါသည်။ သေသောသူသည် အသက်လည်းမရှု အစာလည်း မစားတော့ပါ။ အသက်လည်းမရှု အစာလည်းမစား (ကျမ်းစာမဖတ်၊ ဆုမတောင်း) ပေမည့် ခရစ်ယာန်ဟု အမည်တပ်ထားသူ လူပေါင်းများစွာရှိနေပါသည်။
[…] အခြေခံတရားများ […]