သုံးပါးတစ်ဆူဘုရားအကြောင်းကို ရှင်းပြပေးလို့ရနိုင်ပါသလား ?
ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော ပုဂ္ဂိုလ်သုံးပါးပါဝင်ပြီး ဖန်ဆင်းခြင်း ကယ်တင်ခြင်း အစရှိသည့်အမှုတို့ကို အတူတကွ တလုံးတဝတည်း လုပ်ဆောင်ကြပါသည်။ ကျမ်းစာ တွင် ငါတို့နှင့်တညီတသဏ္ဌာန်တည်းလူကိုဖန်ဆင်းကြစို့ ဟုဆိုရာ၌ အများကိန်းကို သုံးနှုန်းထားပါသည်။ ပုဂ္ဂိုလ်သုံးပါးစလုံး ဂုဏ်ရည်တူ တန်ခိုးတူညီကြပြီး ချစ်ခြင်း မေတ္တာဟု အမည်နာမရှိသောထိုဘုရားတွင် မည်သည့်ပုဂ္ဂိုလ်က ပိုပြီးကြီးမြတ်သည်ဟူ၍ မရှိပါ။
လူအချို့ကယေရှုသည်ဘုရား မဟုတ်ပါ ထို့ကြောင့် ခမည်းတော်ဘုရား တစ်ပါးတည်းကိုသာ ကိုးကွယ်နာခံမည်ဟု ဆိုကြ ပါသည်။ ခရစ်ယာန်တို့၏ ကိုးကွယ် ယုံကြည်မှုသည် သမ္မာကျမ်းအပေါ်တွင် လုံးဝအမှီပြုထားပြီး သမ္မာကျမ်းစာတော်မြတ် ကဆိုထားသည့်အတိုင်း တသွေမတိမ်း လိုက်နာ နာခံသော ဘာသာတစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းကိုလည်း ဘုရားသခင်၏ စကားတော်များအဖြစ် အကြွင်းမဲ့လက်ခံ ယုံကြည် ထားပါသည်။ သမ္မာကျမ်းတွင် ခမည်းတော်ဘုရားက ကောင်းကင်မှ အသံတော် အားဖြင့် ယေရှုဘုရားကို ဤသူကား ငါနှစ် သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။ သူ၏ စကားကို နားထောင်ရမည်ဟု မိန့်တော်မူခဲ့ပါသည်။
သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သုံးပါးတစ်ဆူဘုရားတွင် တတိယ မြောက် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ယေရှုဘုရား ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွသွားပြီး ဆယ်ရက်အကြာတွင် မြေကြီးပေါ်သို့ဆင်းသက်လာခဲ့ပါသည်။ ယေရှုဘုရားနှင့် သုံးနှစ်တိုင် အတူတကွ တပည့်ခံခဲ့ကြသော တမန်တော်များပင် အမှုတော်ထမ်းဆောင်ရန် သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်လာချိန်အထိ စောင့်စားခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏မစမှုဖြင့်သာ အမှုတော်ကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။ သဘာဝလွန်တန်ခိုးနိမိတ်နှင့် ရဲစွမ်းသတ္တိတို့ဖြင့် သာသနာပြုနိုင်ခဲ့ကြပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သမ္မာကျမ်းစာ၏ အနက်အဓိပ္ပါယ်ကို ဖွင့်ပြဖို့နှင့် ယေရှုဘုရား၏ ဘုန်းတော်ကိုထင်ရှားစေရန် အတွက်ကြွဆင်း လာခြင်းဖြစ် ပါသည်။ ယခု အချိန်ကာလသည် ကျေးဇူးတော် ခောတ်ကာလဖြစ်သလို သန့်ရှင်းသော ဝိညာဉ် တော်ခောတ်ကာလလည်း ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော် နှင့် ပြည့်ဝခြင်း ဆိုသည်မှာ မိမိအသက်တာတွင် ယေရှု၏အသက်တာပုံစံနှင့်ပြည့်ဝခြင်း ပင်ဖြစ်ပါသည်။
ယေရှုသည် ခမည်းတော်ဘုရား၏အလိုတော်ကိုဆန့်ကျင်ပြီး သမ္မာကျမ်း သည်လည်း ရှေ့နောက်မညီညွတ်ကြောင်း တွေ့ရပါသည်။ ဟုတ်ပါသလား?
ယေရှုက ငါသည် ပညတ္တိကျမ်း အနာဂတ္တိကျမ်းတို့ကို ဖျက်ပယ်ခြင်းငှါ လာသည်ဟု မထင်ကြနှင့်၊ ဖျက်ပယ်ခြင်းငှါ ငါလာသည် မဟုတ် ပြည့်စုံခြင်းငှါ ငါလာ သတည်းဟု မိန့်တော်မူခဲ့ပါသည်။ ဆက်လက်ပြီး ယေရှုက သမ္မာကျမ်း၌ ပရောဖက် ပြုထားသော အကြောင်းအရာတို့တွင် အငယ်ဆုံးသော စာလုံး ဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်း သို့မရောက်မှီတိုင်အောင် ကောင်းကင်နှင့်မြေကြီးသည် မပျက်စီးရဟု မိန့်တော်မူခဲ့ ပါသည်။ သမ္မာကျမ်းစာတော်မြတ်ကို အကုန်အစင်မဖတ်ပါဘဲ ဟိုတစ်ပိုဒ်တစ်ပိုဒ် စွဲယူကာ မိမိလိုရာ အဓိပ္ပါယ်ကောက်ယူ၍မရပါ။
ယေရှုသည် လူသားထဲမှကျင့်ကြံအားထုတ်ကာ ဘုရားဖြစ်လာခဲ့ခြင်း မဟုတ် ပါဘဲ သမ္မာကျမ်းစာတော်မြတ်တွင် ယေရှုဘုရား လောကသို့ ကြွဆင်းလာမည့် အကြောင်း၊ ဖွါးမြင်မည့် အရပ်ဒေသ၊ ပြုမည့်အမှု အစရှိသည်တို့ကို ဘီစီ တစ်ထောင် ဝန်းကျင် ကတည်းကဓမ္မဟောင်းကျမ်းတွင် ကြိုတင်ပရောဖက်ပြု ရေးသားထားကြပြီး ဖြစ်ပါသည်။ ထိုပရောဖက်ပြုချက်တို့အတိုင်း ယေရှုဘုရားပြည့်စုံ စေခဲ့ပါသည်။ အကယ်၍ယေရှုဘုရားသည်ကမ္ဘာ့သမိုင်းတွင် ပေါ်ထွန်းခဲ့ခြင်းမရှိပါက သမ္မာကျမ်းသည် မုသာကျမ်းသာလျှင်ဖြစ်ပေလိမ့်မည်။
လူသားတိုင်း တမလွန်တွင် ကောင်းကင်ဘုံသို့ရောက်ဖို့ ယေရှုအပြင် အခြား သောလမ်းတို့ဖြင့်သွားလို့ ရနိုင်ပါသလား?
လူသားတိုင်းကောင်းရာဘုံသို့ရောက်ဖို့ ယေရှုဘုရားအားဖြင့် သွားသော လမ်းထက် တိကျခိုင်လုံသောအခြားလမ်း လောကတွင် ရှိနိုင်ပါသလား? တမလွန်ကမ္ဘာ အကြောင်းကို ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့သော ဘာသာရေးခေါင်းဆောင်တို့က အကြောင်းအရာ မျိုးစုံတို့ဖြင့် ဟောကြားခဲ့ကြပေမည့် တမလွန်ကမ္ဘာမှလာသော ယေရှုဘုရားပြောသော တရားလမ်းထက် ခိုင်လုံတိကျသော အခြားသောလမ်း ရှိနိုင်ပါမည်လား? ယေရှုက ငါသည် လမ်းခရီး သမ္မာတရား အသက်ဖြစ်၏ ဟုဆိုထား ပါသည်။ ယေရှုက ငါသည်လမ်းခရီးတစ်ခုဟု မဆိုထားသောကြောင့် ယေရှုသည် လူသားတိုင်း ဘုရားထံသို့ရောက်ရန် တစ်ခုတည်းသောလမ်းဖြစ်ပါသည်။ အမှန်တရား ဟုဆိုသော အကြောင်းအရာ အချို့တို့သည် အချိန်အခါတစ်ခု၊ လူမျိုးတစ်မျိုး အတွက်သာမှန်သော်လည်း ခေတ်ကာလပြောင်းလဲ တိုးတက်လာသော အခါ မမှန်တော့ ကြောင်း တွေ့ရပါသည်။ သမ္မာတရားဆိုသည်မှာ လူသားတိုင်း၊ နေရာတိုင်း၊ အချိန်အခါ တိုင်း အတွက် အမှန်တရား ဖြစ်သည ဟု အဓိပ္ပါယ်ရပါသည်။ အသက်ဆိုသည်မှာ ထာဝရအသက်ကိုဆိုလိုပြီး ထာဝရပျက်စီးခြင်းတည်းဟူသော အပယ်ငရဲမှ လွတ်မြောက် ခြင်းကို ဆိုပါသည်။ ထို့ကြောင့် ယေရှုသည် လူသားတိုင်းတို့၏ အပယ်ငရဲမှ လွတ်မြောက်ရာ တစ်ခုတည်းလမ်းခရီးဖြစ်ပြီး ၊ ထိုလမ်းခရီးသည် လူသားတိုင်း၊ နေရာတိုင်း၊ အချိန်အခါတိုင်းအတွက် အမှန်တရားဖြစ်ပါသည်။
သုံးပါးတစ်ဆူလို့ဆိုထားပါတယ်။သုံးပါးပေါင်းမှတစ်ဆူလို့ခရစ်ယာန်ဘာသာဝင်များကလက်ခံကြပါသည်။ဒီလိုဆိုရင် ယေရှုလူ့ဇာတိခံယူနေတဲ့အချိန် ကောင်းကင်ဘုံမှာ တစ်ပါးလွတ်နေပါတယ်။သုံးထောင့်မီးဖိုတစ်ခုဟာ ဒေါက်တစ်ဖက်လွတ်နေရင် မီးဖိုတစ်ခု ဖြစ်နိုင်ပါတော့မလား?ဒီလိုပါပဲ သုံးပါးတစ်ဆူဆိုတော့ ယေရှုလူ့ဇာတိခံယူနေတဲ့အချိန်မှာဆိုရင် ကောင်းကင်ဘုံမှာနှစ်ပါးပဲကျန် ပါတော့တယ်။ဒီလိုသာဆိုရင် ဒေါက်တစ်ဖက်ကျိုးနေတဲ့ မီးဖိုလိုပါပဲ။ယေရှုကတော့ လွင့်စင်လာတဲ့ အပိုင်းအစတစ်ခုပဲပေါ့ဗျာ။ဒါကြောင့် ကျမ်းစာဟာ ရှေ့နောက်ညီညွတ်မှုမရှိပါဘူး။