အမေးများအတွက် အဖြေလွှာ

သိပ္ပံနှင့် ကျမ်းစာမြတ် December 10, 2009

Filed under: နှုတ်ကပါတ်တော် — amayaphay @ 10:32 am
Tags:

ရှေးခောတ်အချိန်အခါကရေးသားထားသောသမ္မာကျမ်းပါဖေါ်ပြချက်တို့သည် ယနေ့သိပ္ပံနည်းကျအယူအဆနှင့်ကိုက်ညီပါ သလား?

ကိုက်ညီမှုရှိပါသည်။ အချက်သုံးချက်နှင့်ဖေါ်ပြရပါက လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ခန့်တွင်ကမ္ဘာကြီးက ပြားသည်ဟု လူများ ယူဆနေချိန်၌ ပရောဖက်ဟေရှာယက အမှန်စင်စစ်ကမ္ဘာကြီးသည်လုံးဝိုင်းကြောင်း ကြေငြာခဲ့ လေသည်။ (ဟေရှာ ၄၀း၂၂)

ဘီစီ ၁၅၀ဝခန့်က ရှေးအကျဆုံးကျမ်းဖြစ်သော ယောဘဝတ္ထုတွင် ကမ္ဘာကြီး သည် မည်သည့်အရာကိုမှမှီ၍ ချိတ်ဆွဲထားခြင်း မရှိကြောင်း ဖေါ်ပြထားပါသည်။ (ယောဘ ၂၆း၇) ထိုသို့ ကမ္ဘာကြီးသည် အမှီအတွယ်ကင်းမဲ့စွာ တည်နေကြောင်းကို သိပ္ပံပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း ၁၆၅၀ ခန့်ကမှ ရှာဖွေတွေ့ရှိခဲ့ကြပါသည်။

တတိယအချက်အနေဖြင့် ဒါဝိတ်မင်းကြီးက နေမင်းသည် မိုးကောင်းကင် တဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ တိုင်အောင် မိမိလမ်းကြောင်းပေါ်၌ ရွေ့လျား နေကြောင်းမြွက်ဆိုခဲ့ပါသည်။ (ဆာ ၁၉း၆) ထိုအချိန်အခါ လေယဉ်ပျံနှင့် ဂြိုလ်တုများမရှိပါဘဲလျက် ထိုအကြောင်းအရာတို့ကို သူတို့အဘယ်ကဲ့သို့ သိကြ သနည်းဟုဆိုလျှင် ဖန်ဆင်းရှင် ထာဝရဘုရား ကိုယ်တော်တိုင်က သူတို့ကို ဖေါ်ပြပေးလို့ သာ သိကြရခြင်းဖြစ်ပါသည်။ အခြားသောဘာသာတို့၏ ကျမ်းတို့တွင် အချို့သော စကြာဝဌာဆိုင်ရာ အချက်များတို့ကို ဖေါ်ပြထားသော်လည်း  လွဲမှားနေသည်ကိုတွေ့ရ ပါသည်။

သမ္မာကျမ်းစာဟူသည်

ကျမ်းစာတွင် မည်သည့်စာအုပ်ကမှ မဖေါ်ပြသော အကြောင်းအရာတို့ကို တွေ့ရပါလိမ့်မည်။ သမ္မာကျမ်းစာကို ရေးသား သူသည် သမိုင်း၏ အရှင်သခင်နှင့် အလုံးစုံကို သိမြင်တော်မူသော ဘုရားသခင်ဖြစ်ပါသည်။ ကျမ်းစာကို ဘုရား၏ ရှုဒေါင့်မှရေး၍ သမိုင်းကို လူက မြင်တွေ့သည့်အတိုင်း မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါသည်။ ကျမ်းစာ၏ ပရောဖက်ပြုချက်များ ပြည့်စုံလာကြောင်းကို သမိုင်းမှတ်တမ်း က အတည်ပြုပေးပါသည်။ လူတို့သည် ရှေ့အနာဂတ်အတွက် စိုးရိမ်ပြီး ဗေဒင်လက္ခဏာကို ယုံကြည်၍ မေးမြန်းတတ်ကြပါသည်။ ထို ဗေဒင်ဆရာများကိုယ်တိုင် မိမိ၏ နေ့ရက်ကို မသိနိုင်ပါ။ အချိန်ကာလကို လူတို့သည် သိရသောအခွင့်မရှိဟု ယေရှုဆိုခဲ့ပါသည်။ (တး၁း၇) အားလုံးကိုကြိုတင်သိက တွေးခေါ်ကြံဆ ကြိုးစား အားထုတ်မှု မပြုဘဲ ထိုင်စောင့်ရန်သာ ရှိပါတော့သည်။ ထို့ကြောင့် အနာဂတ်ကို ဘုရားကသိခွင့်မပေးဘဲ သိထိုက်သည်များကိုတော့ သိခွင့်ပေးထား ပါသည်။ ယနေ့ အသက်ရှင်နေကြသူများသည် ကမ္ဘာ့ဇာတ်သိမ်းပိုင်းတွင် အသက်ရှင် နေရသူများဟု သတိရစေလိုပါသည်။ အကြောင်းမှာ ယနေ့ ဖြစ်ပျက်နေသော အကြောင်းအရာများအရ ယေရှုဘုရားဒုတိယအကြိမ်ကြွဆင်း လာချိန်နီးပြီဖြစ်ကြောင်းနှင့် ယခင်ကမကြားဘူး နောင်လည်း မဖြစ်နိုင်မည့် ကြောက်မက်ဖွယ်ရာ ဘေးဒဏ်ကြီး ကာလသည် နီးကပ်နေပြီ ဖြစ်ပါသည်။  သတိပေးခြင်းကို ပျက်ရယ် ပြုလျက် သတိမဲ့ကြသော နောဧလက်ထက်က လူများကဲ့သို့ မဖြစ်သင့်ပါ။ လောကီရေးရာနှင့် အပျော်အပါးတို့မှ ရုန်းမထွက်နိုင်သူများ သောဒုံဂေါမောရကို သတိရဖို့ လိုပါသည်။ ကြီးပွါးချမ်းသာ တရားကိုသာ လူတို့ နှစ်သက်ကြပေမည့် ဆူနာမီနှင့် နာဂစ်တို့ထက် အဆပေါင်းများစွာ ဆိုးရွားသည့် ကပ်ဆိုးကြီး နီးကပ်လာပြီဖြစ်ကြောင်းကိုတော့ အလေးမထားကြပါ။ ဗေဒင်လက္ခဏာထက် သမ္မာကျမ်းပါ ပရောဖက်ပြုချက်များကို ယုံကြည်ပြီး သမ္မာသတိနှင့် အသက်ရှင်ကြဖို့ရန် အချိန်ရောက်ပြီဖြစ်ကြောင်း သမ္မာကျမ်းစာတော်မြတ်မှ သတိပေးနေပါသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s