အမေးများအတွက် အဖြေလွှာ

သတိပြန်လည်လာခြင်း မဟုတ်ပါလား? December 10, 2009

ယေရှု ရှင်ပြန်ထမြောက်ခြင်းသည် မဟုတ်မှန်ပါ၊ သွေးလွန်ပြီး သတိလစ် နေရာမှ သတိပြန်လည်လာခြင်း မဟုတ်ပါလား?

ကျမ်းစာက ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကို မချိုးဘဲ၊ စစ်သူရဲတစ်ယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖေါက်၍ သွေးနှင့်ရေသည် ချက်ခြင်းထွက်လာ၏ဟု ဆိုပါသည်။ ယေရှုဘုရား သေကြောင်း သေချာရန်အတွက် ရောမစစ်သားက လှံနှင့် တို့ကြည့်ခြင်း မဟုတ်ပါ။ နံရိုးကြားကို လှံနှင့် ထိုးဖေါက်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်တစ်ချက်အနေဖြင့် သွေးလွန်နေသော လူနာကို သွေးသွင်းပေးပြီး မှသာလျှင် ပြန်လည်၍ ကောင်းမွန်လာဖို့ အခြေအနေရှိပါသည်။

သေသောသူများနှင့် သေပြီးလေးရက်ရှိသူ လာဇရုအား သချိုင်းဂူမှ ပြန်ရှင် စေခဲ့သူယေရှုဘုရားသည် သူကိုယ်တိုင် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းက အဆန်းတော့မဟုတ်ပါ။ ယေရှုသက်တော်စဉ်တွင် သေသောသူတို့ကို အသုဘ လိုက်ပို့ခဲ့ခြင်း မရှိပါဘဲ မုဆိုးမကို အလုပ်အကျွေးပြုနေသောသား၏ အသုဘနှင့် လမ်းခရီးတစ်ခုတွင် ဆုံမိသောအခါ ထိုသားကိုပင် ပြန်ရှင်စေခဲ့သူ ဖြစ်ပါသည်။

 

One Response to “သတိပြန်လည်လာခြင်း မဟုတ်ပါလား?”

  1. naungnaung Says:

    လူတွေနေမကောင်းဖြစ်ရင်တောင်မထိုင်နိုင်မထနိုင်ဖြစ်သေးတာ။
    သေပြီးမှပြန်ထလာတယ်ဆိုတော့သရဲဖြစ်သွားတာလားမသိဘူးနော်။
    စဉ်းစားကြည့်ကြပါဦးဗျာ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s