လူသားတိုင်း တမလွန်ဘဝ၌ကောင်းရာဘုံသို့ရောက်ဖို့ရန်အတွက် ဘာကို သိဖို့လိုအပ်ပါသနည်း?
စစ်မှန်သောဘုရားကို သိဖို့လိုအပ်ပါသည်။ သူသည် ဖန်ဆင်းရှင်နှင့် မေတ္တာရှင်ဖြစ်ပြီး လူသားတိုင်း အပယ်ငရဲမှ လွတ်၍ သမ္မာတရားကို သိဖို့ရန် အလိုရှိ ပါသည်။ အဘယ်လူသားတစ်ဦးတစ်ယောက်ကိုမျှ ငရဲသို့ရောက်ဖို့ရန် အလိုမရှိပါ။ သားသမီးတိုင်းကို မိဘ တိုင်းက အသက်ပေးသည့်တိုင်ချစ်တတ်သကဲ့သို့ ယုတ်စွအဆုံး တိရိစ္ဆာန်များပင် မိမိ၏သားသမီးကို အသက်ပေးကာကွယ်တတ်ကြပါသည်။ အနန္တမေတ္တာရှင်ဟုအမည်ရသော ဖန်ဆင်းရှင်ဘုရားဆိုလျှင် သူဖန်ဆင်းထား သောလူသားတိုင်းတို့အတွက် အဘယ်ဆိုဖွယ်ရာရှိပါမည်နည်း။ ထို့ကြောင့် ထိုဘုရားရှင်ကို ရှာဖို့နှင့် ထိုဘုရား၏ တရားတော်ကို သိဖို့လိုအပ်ပါသည်။
(၁ တိ ၂း၎၊ ဟေရှာယ ၅၅း၆-၇၊ ယေရမိ ၂၉း၁၃)