ရှင်ပြန်ထမြောက်ခြင်းဖြစ်ရပ်သည် အခြားဘာသာကြီးများနှင့်မတူသည့် ထူးမြတ်သော ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဖြစ်ရပ် ဖြစ်ပါသည်။ အကယ်၍ဤဖြစ်ရပ် မမှန်ကန်ခဲ့ပါက ခရစ်ယာန်ဘာသာကြီး တစ်ခုလုံးသည်လည်း မုသာတရား ဖြစ်သွား ပေလိမ့်မည်။ ထို့ကြောင့် မေးခွန်းကြီးများ အားလုံးထက် အရေးကြီးဆုံးသော မေးခွန်းများလည်းဖြစ်ပါသည်။
ယေရှုသည် တန်ခိုးရှင်ဘုရားဟုဆိုပြီး ကားတိုင်ထက်တွင် အဘယ့်ကြောင့် အသတ်ခံခဲ့ရပါသနည်း၊ သူ့ကိုယ်သူ မကယ်တင်နိုင် သလော?
ယေရှုဘုရားက မိမိကိုယ်ကိုကယ်တင်ပြီး ထိုသေခြင်းအမှုကိုလွဲရှောင်ခဲ့ပါက ကျွန်ုပ်တို့ကိုယ်တိုင် အပြစ်ဒဏ် စီရင်ခြင်းကို ခံကြရမည် ဖြစ်ပေသည်။ သေရမည်ဟု လူကို ဘုရားကပညတ်ခဲ့ပြီး သူကိုယ်တိုင်ပဲ လူသားများကိုယ်စား အသေခံပေးခဲ့ခြင်း ဖြစ်ပါသည်။ လူမတတ်နိုင်သည့် အမှုကို ဘုရားက ပြုပေးခြင်းလည်း ဖြစ်ပါသည်။ အပြစ်တရား၏အခတည်းဟူသော သေခြင်းကို ဘုရားက ထိုနည်းလမ်းဖြင့် ဖြေရှင်းပေးခြင်းထက် ကြောင်းကျိုး ညီညွတ် ခိုင်လုံသော အခြားနည်းလမ်းရှိပါမည်လား။ (ဥပမာ – ကျွန်ုပ်အကြွေး ဆပ်ဖို့ရန် ငွေတစ်ထောင်လောက် ချေးငှါးပါဟု ဆိုလျှင် လူတိုင်းနီးနီးက တတ်နိုင်သော်လည်း ကျွန်ုပ်၏ အပြစ်ကြွေး အတွက် ကိုယ်စား အသေခံပေးပါဟုဆိုလျှင် အဘယ်သူမျှ လုပ်မပေးနိုင်သကဲ့သို့ မိမိကိုယ်တိုင်လည်း မပေးဆပ်နိုင်ပါ။ အဘယ်မိဘ ကမျှ မိမိသားသမီးတိုင်းအား ထိုသို့ ပေးဆပ်ဖို့ရန် ခွင့်မပြုနိုင်သကဲ့သို့ မဖြစ်မနေ ထိုပြစ်ဒဏ်ကို ခံရမည်ဆိုပါကလည်း ဖြစ်နိုင်က မိဘများကိုယ်တိုင်ကသာ မိမိသားသမီးတို့ မည်မျှ ဆိုးစေကာမူ ကိုယ်စား ပြစ်ဒဏ်ခံ ပေးလိုသော မေတ္တာရှိကြပါသည်။)
သေခြင်းတရားအတွက် ယေရှုဘုရားပြုပေးခဲ့သော နက်နဲသည့်အမှုကြီး သုံးခုရှိပါသည်။ သေခြင်းဆိုသည်မှာ အဆက် ပြတ်ခြင်း ခွဲခွါခြင်းဟု အဓိပ္ပါယ်ရပြီး သေခြင်းသုံးမျိုးရှိပါသည်။ ၄င်းတို့မှာ ဘုရားနှင့်လူ အဆက်ပြတ်ခြင်း၊ ခန္ဓာနှင့် ဝိညာဉ်အဆက် ပြတ်ခြင်း နှင့် ဘုရားနှင့်ထာဝရ အဆက်ပြတ်ခြင်းတို့ဖြစ်ပါသည်။ ယေရှုဘုရားသည် ထိုသေခြင်း သုံးမျိုးလုံးကို ကားတိုင်ထက်တွင် ပေးဆပ်ခဲ့ ပါသည်။
အခုကျတော့ရော အစီရင် မခံရလို့လား၊ ကိုယ်စားအသေခံပေးတယ်၊ အပြစ်ဆေးကြောပေးတယ် ဆိုပီးတော့ တခါ ငရဲကို လည်း သွားရမယ်တဲ့။ ဘာကြီးတုံး၊ အလိမ်ဆရာကြီးပဲ။ သူအသေခံပီးတော့လဲ ဘာမှထူးလာတာ မဟုတ်ပဲနဲ့။