ယေရှုဘုရားသည် သေခြင်းမှ အမှန်တကယ်ရှင်ပြန်ထမြောက်ခဲ့ခြင်း ရှိခဲ့ပါ ရဲ့လား ?
လူသည် သေပြီးဘယ်ကိုရောက်မည်ဆိုတာ သေသောအခါမှသာအတိအကျ သိနိုင်ပါမည်။ ထို့ကြောင့်အကျွတ်တရားလမ်းကို ပြညွှန်သူသည် သေခြင်းတရားကို အောင်မြင်ဖို့လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါဘဲ လူထဲကလူပြသော တရားလမ်းသည် တိကျမှုမရှိသော စိတ်အထင်သာလျှင် ဖြစ်ပေလိမ့်မည်။ သိပ္ပံပညာရှင်များကလည်း ယေရှုအမှန်တကယ်ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်ယာန်ဘာသာ သည်သိပ္ပံပညာ နှင့်ကိုက်ညီမှုမရှိသလို သူ့ကို ကိုးကွယ်သူများလောက် ရှုံးနိမ့်သောသူများ လောကတွင် မရှိတော့ပြီဟု ဆိုကြပါသည်။
ကမ္ဘာကလေးစားရသောကမ္ဘာကျော်သမိုင်း ပါမောက္ခသောမတ်စ်အာနိုး နှင့်အခြားပညာရှင်များက ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း သမိုင်းဖြစ်ရပ် ကိုလေ့လာ ပြီးသောအခါ သူတို့ကဒီဖြစ်ရပ်သည် စိတ်အချရဆုံးစစ်မှန်သော သမိုင်း ဖြစ်ရပ် ဖြစ်လို့ ဤကမ္ဘာလောကမှ မည်သည့်အခါမှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ဟု မှတ်ချက် ချခဲ့ကြပါသည်။ လူတို့လက်မခံလည်း ထိုအမှန်တရားကတော့ ဤ ကမ္ဘာလောကမှ ဘယ်သောအခါမျှပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပါ။