အမေးများအတွက် အဖြေလွှာ

မာန်ငါးပါး December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 10:50 am
Tags:

မိမိကိုးကွယ်ရာအရှင်သည် အာမခံချက်ရှိသောစစ်မှန်သည့်အရှင်ဖြစ်ကြောင်း အဘယ်ကဲ့သို့ရွေးချယ်ရမည်နည်း ?

အကြောင်းအရာများစွာရှိသည့်အနက် ကျွန်တော်တို့နေထိုင်ရာ အရှေ့တိုင်း မှာတော့ မာန်ငါးပါးကိုအမှန်တကယ် အောင်သော အရှင်ဖြစ်ရမည်ဟု သတ်မှတ် ပါသည်။

မာန်ငါးပါးကို အမှန်အောင်မြင်ခဲ့သောအရှင် သမိုင်းတွင် ပေါ်ထွန်းခဲ့ဖူး ပါသလား?

အောင်မြင်ခဲ့သည်ဟု ဆိုသောအရှင် တစ်ပါးမကပါ၊ သို့သော် အောင်မြင်မှု စံနှုန်းခြင်းတော့ မတူညီကြပါ၊ ထိုအရှင်များထဲမှ ယေရှုဟု အမည်နာမရှိသော အရှင်တစ်ပါး၏ အောင်မြင်ပုံကို ဖေါ်ပြ ပေးလိုပါသည်။ ထိုအရှင်က ငါသည် သမ္မာတရား ဖြစ်၏ဟု ကြွေးကြော်ခဲ့သူလည်း ဖြစ်ပါသည်။ ရွေးချယ်မှုက သင့်အပိုင်းသာလျှင်ဖြစ်ပါသည်။ (ယော ၁၄း၆)

၁)      ကိလေသာမာန်။ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ တန်ခိုးတော်အားဖြင့် လူ့ဇာတိခံယူရန် မယ်တော် မာရိ၏ ဝမ်းကိုအသုံးပြုခဲ့သော်လည်း မိခင်ဖခင်တို့၏ လူ့ဇာတိ အသွေးအသား (စပ်ယှက်မှု) လုံးဝမပါဝင်ပါ။ မှားယွင်း ခြင်း အပြစ်နှင့်ကင်းသော လူပျိုဘုရားလည်း ဖြစ်တော်မူ၏။

(မ ၁း၂၀-၂၁)

၂)      ဒေဝပုတ္တာမာန်။ ယေရှုသည် တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ယေရှု မပြုနိုင်သောအမှုမရှိ။ (မာ ၅း၁၃)

၃)      မဉ္ဇုမာန်။ ယေရှုသည် သေခြင်းမှ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်တော်မူ၏။(၁ကော ၁၅း၃-၄)

၎)      ခန္ဓာမာန်။ ယေရှု၏ကိုယ်ခန္ဓာသည်ပုပ်ပျက်ပြောင်းလဲမှု မရှိခဲ့ပါ။ (တ ၁း၉-၁၁)

၅)      အဘိသင်္ခါရမာန်။ ယေရှုသည် မနေ့ ယနေ့ နောင်ကာလ မပြောင်းမလဲ ထာဝရတည်တော်မူ၏။(မ ၂၈း၂၀)

ယေရှုဘုရားသည် အပျိုကညာကနေ ဖွားမြင်သည်ဆိုသည့် အကြောင်းမှာ အဘယ်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း?

ယေရှုက သာမန်လူလိုမွေး သာမန်လူလိုသေသွားသော အရှင်မဟုတ်ပါ။ ယေရှုသည် အပျိုစင် မယ်တော်မာရိ၏ ဝမ်းကို အသုံးပြုပြီး လူ့ဇာတိခံယူခဲ့သော အရှင်ဖြစ်ပါသည်။ ထိုမဖြစ်နိုင်သော သဘာဝလွန် အကြောင်းအရာကို ဖြစ်နိုင်ကြောင်း သက်သေတော် အနေဖြင့် ယေရှု၏ သက်တော်စဉ် တစ်လျှောက်လုံး မဖြစ်နိုင်သော သဘာဝလွန် တန်ခိုးနိမိတ် ဖြစ်ရပ်များနှင့် ပြည့်နေပါသည်။ အံ့ဩဖွယ် အကောင်းဆုံးက ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း ပင်ဖြစ်ပါသည်။ ထိုမဖြစ်နိုင်သော ဒဏ္ဍာရီမဟုတ်သည့် သဘာဝလွန် ဖြစ်ရပ်များတို့ကြောင့် ယေရှုကို ဘုရားဟု သတ်မှတ်ကြခြင်းလည်း ဖြစ်ပါသည်။ မိန်းမကမွေးလို့ ဘုရားဟု မသတ်မှတ်နိုင် ပါဟု ဆိုကြလျှင် ဘုရားက လူ့ဇာတိ ခံယူဖို့ အပျိုကညာ၏ ဝမ်းကိုအသုံးပြုပြီး လူ့ဇာတိ ခံယူခြင်းထက် အခြားသော နည်းလမ်းဖြင့် ထို့ထက် သဘာဝကျပြီး ယုတ္တိတန်သော အကြောင်းတရား ရှိနိုင်ပါမည်လား။ ယနေ့ သိပံ္ပပညာရှင်များ ပင် အပျိုကညာဝမ်းမှ သားဖွါးပေးခြင်း အမှုကို ပြုနိုင်ကြပြီဖြစ်ရာ အနန္တတန်ခိုးတော်ရှင် ဖြစ်သည့် ဘုရားက အဘယ့်ကြောင့် ထိုအမှုကို မပြုဘဲ မနေနိုင်ရ ပါမည်နည်း။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s