ဘုရားမတတ်နိုင်သောအမှုမရှိ။
ကျွန်တော်ဧဝံဂေလိအမှုတော်ကို ထမ်းဆောင်ရင်း လူနာများစွာကို အားပေး နှစ်သိမ့်ခြင်းနှင့် ဆုတောင်း ပေးခြင်းများ များစွာပြုခဲ့ရဖူးပါသည်။ အချို့တို့သည်လည်း အံ့ဩဖွယ်ရာပင် ပြန်ကောင်းလာကြသည်များတို့ကိုလည်း မြင်တွေ့ရပါသည်။ ပျောက် ကင်းသူများတို့တွင် ဖျားနာသူ၊ ရူးသွပ်သောသူ၊ ဖျားနာပြီး နားမကြားမျက်စိ မမြင်တော့ရာမှ ပြန်ကောင်းလာသူ၊ နတ်ဆိုးကြောင့်နာမကျန်းဖြစ်ရာမှ နတ်ဆိုးနှင် ထုတ်ပေးပြီးပြန်ကောင်း လာသူများ များစွာကြုံတွေ့ခဲ့ရဖူးပါသည်။
သူတို့တတွေကို ယေရှုနာမ၌ အားပေးနှစ်သိမ့်ပျောက်ကင်းစေခဲ့သော်လည်း တစ်နေ့တွင် ကျွန်တော်ကိုယ်တိုင် ဝေဒနာခံစားရပြီး ပြန်မကောင်း နိုင်တော့ဘူးဟူသော ဆရာဝန်ကြီး၏ မှတ်ချက်ချခြင်းကိုခံခဲ့ရစဉ် နာရီဝက်ခန့် ထိတ်လန့်တုန်လှုပ်ခဲ့ကာ ကျေးဇူးတော်လည်း မချီးမွမ်း နိုင်ခဲ့ပါ။
တစ်နေ့ (ျွှသမို ဗှီုပေ) အတွက် ပြခန်းတွင် ဓ“ါတ်ပုံများချိတ်ဆွဲကြသော အခါလိုအပ်သော စာလုံးအညွှန်းများရိုက်ရန် ရုံးသို့ ကျွန်တော်ပြန်လာခဲ့ပါသည်။ စာများ ကိုရိုက်ပြီး အလောတကြီးပြခန်းသို့ပြန်လာစဉ် ရှေ့မှ ဆိုင်ကယ်တစ်စင်းက ရုတ်တရက် ဖြတ်ကွေ့ လိုက်သောကြောင့် ကျွန်တော့ဆိုင်ကယ်ကို ချက်ခြင်းရပ်ဖို့ ကြိုးစားရင်း တိမ်းမှောက်သွားပါသည်။ ထိုစဉ်ရှေ့နှင့်နောက်သာကွေးလို့ရသော ကျွန်တော့ ညာဖက် ဒူးမှာ ဘယ်ညာကွေးလို့ ရနေပါသည်။ လမ်းမလျှောက်နိုင်တော့ဘဲ ဆေးရုံသို့ရောက်ခဲ့ ပါသည်။
နယ်မြို့လေးဖြစ်သည့်အတွက် ဆေးရုံမှ ကျောက်ပတ်တီး စည်းပေးလိုက် ပါသည်။ လေးဆယ့်ငါးရက်ပြည့်သော အခါကျောက်ပတ်တီးဖြည်ခဲ့သော်လည်း လမ်းလျှောက်၍မရသေးပါ။ ချိုင်းထောက်ဖြင့် လျှောက်ရပြီး အနည်းငယ် သက်သာလာ သောအခါ ရန်ကုန်သို့ရောက်ရှိခဲ့ပါသည်။ ထို့နောက် အထူးကုဆရာဝန်ကြီးနှင့် သွားပြပြီး ဓ“ါတ်မှန် ရိုက်ဖို့နှင့် နောက်တစ်နေ့ ပြန်လာဖို့ ထပ်ချိန်းလိုက်ပါသည်။ နောက်တစ်နေ့ ဆရာဝန်ကြီးကိုသွားပြသောအခါ သူကဓ”ါတ်မှန်ကိုကြည့်ပြီး မင်းအိမ်ထောင်ကျ ပြီလားဟု ကျွန်တော့အား မေးပါသည်။ ကျွန်တော်ကလည်း ဟုတ်ကဲ့ဟုဖြေလိုက်လျှင် သူကဝမ်းသာအားရစွာဖြင့် တော်သေးတာပေါ့ ဟု ဆိုသည့်အတွက်ကျွန်တော်လည်း လိုက်ပြီးဝမ်းသာလျက် ဘာ့ကြောင့်လဲဟု ဆရာဝန်ကြီး အားမေးသောအခါမင်းတစ် သက်လုံး လမ်းလျှောက်လို့ မရတော့ဘူးဟု သူကပြန်ပြောပါသည်။ ကျွန်တော်လည်း လန့်သွားပြီး ဘာ့ကြောင့်လဲဟုပြန်မေးသောအခါ ကွဲသွားသော အောက်ပိုင်း ဒ‘ူးဆုံရိုးက ပြန်ဆက်ရာတွင် မညီသည့်အတွက်ကြောင့်၎င်း၊ သုံးလရှိသွားပြီဖြစ်သည့်အတွက် အရိုးများခိုင်မာစွာ ဆက်နေပြီ ဖြစ်ပြီး ပြန်လည် ခွဲစိတ်လို့လည်း မရတော့ကြောင်း ကျွန်တော့်အားရှင်းပြပါသည်။
ကုထုံးအမှန်က ထိုသို့ဖြစ်ဖြစ်ခြင်း ခွဲစိတ်လျက် ကွဲသွားသောအရိုးကို တည့်မတ် စွာထားပြီး ဝက်အူဖြင့် စွဲထားရမည်ဖြစ်သော်လည်း အပြင်မှ ကျောက်ပတ်တီး စည်းလိုက် သည့်အတွက် အထဲတွင် မညီမညာ ပြန်ဆက်သွားခြင်းဖြစ်ပါသည်။ ပိုဆိုးသည်က အခြား နေရာထက် ကွေးဆန့်လုပ်ရပြီး တစ်ကိုယ်လုံးအလေးချိန်ကို ထမ်းထားရသော ဒူးဆစ်တွင်ဖြစ်နေသောကြောင့် လမ်းလျှောက်ဖို့ မဖြစ်နိုင်တော့ပါ။ ကျွန်တော်မှဆရာဝန် ကြီးကို ထပ်မံပြီး ဘယ်လိုမှကုလို့မရတော့ဘူးလားဟု ထပ်မေးစဉ် မရတော့ကြောင်းနှင့် ချိုင်းထောက်အကူဖြင့်သာ သွားရ တော့မည့်အကြောင်း ပြန်ပြောပါသည်။ ကျွန်တော် လည်းထိုဆေးရုံမှ စကားမပြောနိုင်ဘဲ ချိုင်းထောက်တစ်ဖက်နှင့် လမ်းပြန် လျှောက်လာ ခဲ့ပါသည်။ တစ်ဆက်တည်း ကျွန်တော်ကဲ့သို့ မထင်မမှတ်ဘဲ ဒုက္ခိတဘဝသို့ရောက် သွားသူများကိုလည်းကိုယ်ချင်းစာမိပါသည်။
လမ်းတစ်ဝက်ခန့်ရောက်သောအခါ ဘုရားသခင်က ကျွန်တော့ကို အသက်သုံး ဆယ်ကျော်သည်အထိ ခြေထောက်အကောင်း ပေးထားလို့ကျေးဇူးတင်ပါသည်ဟု နံပါတ်တစ်ချီးမွမ်းလိုက်ပြီး ဝမ်းမြောက်ငြိမ်သက်ခြင်း ရလာကာ နံပါတ်နှစ်အနေဖြင့် ဘုရားမတတ်နိုင်သောအမှုမရှိပါ၊ ဘုရားသည် သဘာဝထဲမှာ ရှိသောဘုရားမဟုတ်လို့ သဘာဝလွန်တန်ခိုးနိမိတ်တို့ဖြင့် ကျွန်တော့ခြေထောက်အား အကောင်းပကတိ အဖြစ်ပြန်လည်ဖန်ဆင်းပေးပါရန် ယုံကြည်ခြင်းအပြည့်ဖြင့် ဆုတောင်းခဲ့ပါသည်။
အလုပ်ဖြင့်နေထိုင်ရာ နယ်မြို့လေးသို့ပြန်ရောက်ပြီး ကျွန်တော်၏ ဆေးကုသခြင်းကိုလည်း ရပ်နားလိုက်ကာ ဆုတောင်းခြင်းဖြင့် ကုသမှုကိုပြောင်းခဲ့ ပါသည်။ ထိုစဉ် တောင်ပေါ်မြို့လေးတစ်မြို့မှ လူငယ်ကျမ်းစာသင်တန်းတွင် ပါဝင်ရန် ဖိတ်ကြားခံရပါသည်။ ထိုဖိတ်ကြားမှုကိုလက်ခံလျက် သွားရန်ပြင်ဆင်နေစဉ် စာတန်၏ နှောက်ယှက်တားဆီးမှုများကို ကြုံရပါသည်။ ထိုအခြေအနေတွင် ယုံကြည်ခြင်းဖြင့် ချိုင်းထောက်ကို ကားဂိတ်တွင်ချန်ထားပြီး စာတန်ကိုယေရှုနာမ၌မောင်းထုတ်ကာ ထိုမြို့သို့ချိုင်းထောက်မပါဘဲ ထွက်ခွါလာခဲ့ပါသည်။ ထိုမြို့မှအပြန် မန္တလေးသို့ဝင်ပြီး မိသားစုမှ အထူးကုဆရာဝန်ကြီးနှင့် သွားပြခိုင်းသည့်အတွက် ထပ်မံသွားပြခဲ့ ပြန်ပါသည်။ ထိုအချိန်သည် ပထမအထူး ကုဆရာဝန်ကြီးက မရတော့ဘူးဟု အဖြေပေးပြီး တစ်လအကြာတွင် ဖြစ်ပါသည်။ ဓ“ါတ်မှန်ထပ်မံရိုက်ခိုင်းပြီး ဆရာဝန်ကြီးက ဓ“ါတ်မှန်ကိုကြည့်လျက် အံ့ဩစွာဖြင့် ကျွန်တော့အား ‘ဒီအရိုးကို ဘယ်မှာစည်းခဲ့တာလဲဟု မေးပါသည်။ ဆေးရုံ မှပင်စည်း ပေးကြောင်းပြန်ဖြေသောအခါ ဆရာဝန်ကြီး ထင်သည်က တရုတ်နည်း၊ မြန်မာနည်းဖြင့် ကုသခဲ့သည်ဟု ထင်သည့်အတွက် မေးခြင်းဖြစ်ပါသည်။ အမှန်က ထိုသို့ကုလို့ မရကြောင်းရှင်းပြပြီး ကောင်းသောအချက်က ခွဲစိတ်စရာမလိုဘဲ အရိုးဆက်ခြင်းက ကောင်းနေသည်ဟု ဆရာဝန်ကြီးကဆိုပါသည်။ ဓ“ါတ်မှန်ကိုပြန်ကြည့်သောအခါ ယခင် “ဓါတ်မှန်နှင့်မတူဘဲ အရိုးဆက် ပြန်တည့်နေသည်ကို အံ့ဩစွာ မြင်တွေ့ရပါသည်။ ဆရာဝန်ကြီးက အရိုးနှင့်ပတ်သက်လို့ ဘာမှပြဿနာမရှိတော့ဘဲ ကြွက်သားများ အားပြန်ရှိလာရန် အတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်သာ ညွှန်ကြားလိုက်ပါသည်။
ဘုရားမတတ်နိုင်သောအမှုမရှိပါ၊ ကျွန်ုပ်တို့ဖက်မှ ယုံကြည်ခြင်းရှိရန်သာ လိုအပ်ပါသည်။ အံ့ဩဖွယ်ဘုရား ၊ အနာရောဂါ တို့ကို ငြိမ်းစေနိုင်သောဘုရား၊ သဘာဝလွန်ဘုရား၊ ဖန်ဆင်းရှင်ဘုရားသည် ကျွန်ုပ်တို့ ကိုးကွယ်ရာ ဘုရားသခင် ဖြစ်ပါသည်။ ထိုယုံကြည်ခြင်းဖြင့် ယခုအခါ ကျွန်တော်သည် စားပွဲတင်တင်းနစ်ကို နေ့စဉ်ကစားနေပြီး ပြိုင်ပွဲပင်ဝင်ရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါသည်။ အရိုးအထူးကု ဆရာဝန်ကြီးကတော့ လမ်းပင်မလျှောက်နိုင်တော့ဘူး ဟုဆိုပေမည့် ကောင်းကင်ဘုံရှိ ဆရာဝန်ကြီးကတော့ မင်းမှာ ယုံကြည်ခြင်းရှိလျှင် တင်းနစ်ပြိုင်ပွဲပင် ပြန်ဝင်နိုင်ရမည်ဟု ဆိုခဲ့သည့်အတိုင်း ဖြစ်ခဲ့ပါပြီ။
သင်၌ ယုံကြည်ခြင်း ရှိသည့်အတိုင်း ဖြစ်စေဟု ယေရှု မိန့်တော်မူခဲ့ပါသည်။ (မ ၉း၂၉) သင့်မှာ ဘာအခက် အခဲ ဒ‘ုက္ခတွေ ရင်ဆိုင်ခံစားနေရပါသလဲ၊ သင်၌ထို အခက်အခဲတို့ကို ဖြေရှင်းပေးနိုင်သည့် သဘာဝတရားရဲ့အထက်မှ ထာဝရဘုရား ရှိသည်ဆိုခြင်းအား သတိရစေလိုပါသည်။ အပြစ်ကြောင့်ခံစားနေရသည်ဆိုပါက ခွင့်လွှတ်နိုင်သော အဖဘုရားထံ မိမိအပြစ် တို့မှ နောင်တရလျက် ဖေါ်ပြဝန်ချစွန့်ပစ်ပြီး လိုအပ်သောဆုကိုတောင်းခံလျှင် ဘုရားက အမှန်ပင် ပေးသနားတော်မူပါလိမ့်မည်။
ဘုရားသခင်သည် အသက်ရှင်တော်မူသည်။ ယုံကြည်သော သူများ၌ အံ့ဘွယ်အမှုကို
ပြုတော်မူ၏။ မြန်မာလူမျိုးများ အားလုံး ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ခံစားနိုင်ပါစေ။ ငြိမ်သက်ခြင်းကို ခံစားရပါစေသော်။ မေတ္တာ ပို့သပါသည်။
ဘုရားသခင်မတတ်နိုင်သောအမှု တစ်ခုမျှမရှိ။ ဘုရားသခင်က ကျွန်ုပ်တို့ကိုဖန်ဆင်းသောကြောင့် ကျွန်ုပ်တို့နှင့် မည်သည့်အရာကသင့်တော်သည်၊ မည်သည့် အိမ်ထောင်ဖက်နှင့်သင့်တော်သည်၊ မည်သည့်အလုပ်ကကျွန်ုပ်တို့အတွက်အကောင်းဆုံးလဲဆိုတာ သူသိသည်။ ကျွန်ုပ်တို့ အချိန်၊ခွန်အား၊ပျိုမျှစ်တဲ့အသက်တာ၊ကိုယ်၊စိတ်၊၀ိညာဉ်အား သူ့ထံအရှုံးပေးဆက်ကပ်အပ်နှံကာ အသက်တာမှာ နံပါတ်(၁)ထားကြပါစို့။