သင်သည် မည်သည့်အရှင်ဘုရားသခင်ကို အဘယ့်ကြောင့်ရွေးချယ်ပြီး ဘယ်လိုနည်းဖြင့် ကိုးကွယ်ယုံကြည်ပါသနည်း ?
ကျွန်ုပ်သည် အနန္တမေတ္တာရှင်နှင့် အနန္တတန်ခိုးတော်ရှင်ဖြစ်သော ဖန်ဆင်းရှင် ထာဝရဘုရားကို ကိုးကွယ်ပါသည်။
ထိုအရှင်ကို အဘယ့်ကြောင့် ရွေးချယ်ကိုးကွယ် ရပါသနည်း ဟုဆိုရာ၌ လောကတွင် လူတို့သတ်မှတ်ကိုးကွယ်ကြသော ဘုရားများစွာရှိပြီး ပေါ်ထွန်း ခဲ့ပါသည်။ ထိုအရှင်များအားလုံးက ကောင်းရာဘုံသို့ ရောက်ဖို့တရားလမ်းကို ပြပေးကြပါသည်။ သို့သော် အကျွန်ုပ်သည် ပညတ်နှင့်သီလတို့ကို စံချိန်မှီအောင် ကျင့်ကြံအားထုတ် နိုင်ခြင်းငှါ မတတ်စွမ်းနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်နှင့်ထိုက်တန် သည်မှာ ငရဲသာလျှင်ဖြစ်ပါသည်။ သို့သော် ဘုရားများစွာအထဲမှ ယေရှုဘုရားသည် လူတို့၏ အပြစ်ရဲ့အခသေခြင်းအတွက် ကိုယ်စားပေးဆပ်ကယ်တင်ခဲ့သည့် တစ်ပါးတည်းသော ကယ်တင်ရှင် ဘုရားဖြစ်၍ ထိုအရှင်ကို ရွေးချယ် ကိုးကွယ်ရခြင်းဖြစ်ပါသည်။
ထိုအရှင် ကို အကျွန်ုပ် ကိုးကွယ်ယုံကြည်လက်ခံပုံမှာ –
က) ကျွန်ုပ်သည် အပြစ်သားဖြစ်ပြီး ကောင်းမှုကုသိုလ်အကျင့်သီလတို့ကိုလည်း စံချိန်မှီအောင်မကျင့်နိုင်ပါ။
ခ) ယေရှုဘုရားသည် အပြစ်ကင်းစင်သော်လည်း ကျွန်ုပ်အပြစ်အတွက်အသေခံကာ သေခြင်းမှ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန် ထမြောက်ခဲ့ခြင်းဖြစ်ကြောင်း မိမိ၏ ကိုယ်ပိုင် ကယ်တင်ရှင်နှင့် ဘုရားသခင်အဖြစ်စိတ်နှလုံးအကြွင်းမဲ့ လက်ခံယုံကြည် ကိုးကွယ်ပါသည်။
ဂ) ထို့ကြောင့် ကျွန်ုပ်သည်ယေရှုအားဖြင့် ဖြောင့်မတ်သူကောင်းကင်နိုင်ငံသားဖြစ်ပြီး ကောင်းရာဘုံသို့ရောက်ဖို့ ကြိုးစားကျင့်ကြံ အား ထုတ်နေသူမဟုတ်ပါဘဲ ကောင်းကင် နိုင်ငံသားဖြစ်သည့် အတွက်ကောင်းသောအမှုတို့ကိုမပြုဘဲမနေနိုင်သူ အဖြစ်မနော ပြောင်းသွားပါသည်။