အမေးများအတွက် အဖြေလွှာ

ဘာကြောင့်စစ်ဖြစ်ရ? December 10, 2009

Filed under: ရခဲမွန်မြတ်လူ့ဘ၀ — amayaphay @ 8:55 am
Tags:

ယနေ့ကမ္ဘာပေါ်တွင် စစ်ပွဲများ ရန်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ မြေ ငလျင်လှုပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ၊ ကာလနာ ရောဂါဆန်းများ အဘယ့်ကြောင့်များပြားလာရပါသနည်း၊ ဘုရားကဒါတွေကို မသိဘူးလား၊ ထိန်းချုပ်မပေးနိုင်ဘူးလား?

ယေရှု၏ တပည့်တော်များက ကိုယ်တော်လောကသို့ ဒုတိယအကြိမ် ပြန်လည်ကြွလာချိန် နီးလျှင် အဘယ်ပုပ္ပနိမိတ်များ ဖြစ်မည်ကို အမိန့်ရှိတော်မူပါ ဟု လျှောက်ကြလျှင် ၊ ယေရှုက လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မတရားသောအမှုတို့သည် များပြားသဖြင့် ချစ်ခြင်း မေတ္တာသည် ခေါင်းပါးလိမ့်မည် ဟု မိန့်ဆိုခဲ့ပါသည်။ (မဿဲ ၂၄း၇)

ဟုတ်ပါသည်ယနေ့စစ်ပွဲများ သည် လူသားများနဲ့ ရင်းနှီးနေသော ဝေါဟာရဖြစ်နေပါပြီ၊ စစ်အသုံး စရိတ်များသည်လည်း အလွန်များပြားလွန်းလှပါသည်။ တွ(မ်)မဟော့ဒုံးကျည်တစ်စင်းကပင် ၁.၃ သန်း ခန့်တန်ဘိုးရှိပြီး ထိုငွေသည် ယနေ့ ငတ်မွတ်နေသော ကလေးငယ်များကို ကျွေးမွေးပါက ငါးနှစ်ခန့်ကျွေးမွေး၍ရပါသည်။

ယနေ့ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံသည် ကောင်းစွာစားနိုင်ကြပြီး၊ သုံးပုံ တစ်ပုံသည် ကောင်းစွာ မစားနိုင်ကြပါ၊ ကျန်သုံးပုံတစ်ပုံသည် ငတ်မွတ်မှု ဒဏ်ကို ခံနေကြရပါသည်။ အမှန်မှာ တိုးပွါးများပြားလာသော လူသားများအားလုံးကို ကမ္ဘာကြီး က ကျွေးနိုင်ပါသည်။ စီးပွါး ရေးသမားအချို့သည် မိမိ၏စီးပွါးရေး ဈေးကွက် အတွက် တန်ပေါင်းများစွာသော အစားအစာတို့ကို မီးရှို့ ဖျက်ဆီးနေခဲ့ကြပါသည်။ လူသားများ၏ လောဘ၊ ဒေါသ၊ မောဟများနှင့် ချစ်ခြင်းမေတ္တာခေါင်းပါးမှု တို့က ငတ်မွတ်မှု ကိုဖြစ်စေပါသည်။

ယနေ့ကမ္ဘာပေါ်တွင် အံ့ဩဖွယ်ကောင်းလောက်အောင် မြေငလျင် လှုပ်မှုများ များပြားလာပါသည်။ ရာစုတစ်စုနှင့်တစ်စုတွင် သုံးဆ သုံးဆခန့် တိုးလာ ပါသည်။ ယနေ့ ကမ္ဘာကြီးသည် အမူးသမားပမာ ယိမ်းထိုးနေခြင်းသို့  ဦးတည် နေသည်ဟု ပညာရှင်များက ဆိုကြပါသည်။

ယနေ့မကြားဖူးသော ကာလနာရောဂါသစ်များ တိုးလာပြီး ထိုရောဂါ သစ်များကြောင့်နှစ်စဉ် လူပေါင်းများစွာအသက်ဆုံးရှုံးကြရ ပါသည်။ ဤအရာများတို့ သည်ကား ယေရှုဘုရား ဒုတိယအကြိမ်ကြွလာချိန်နီးပြီ ဖြစ်ကြောင်း နိမိတ် လက္ခဏာများနှင့် ယေရှုဘုရား၏ ပရောဖက်ပြုချက် ပြည့်စုံလာခြင်းပင် ဖြစ်ပါသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s