အမေးများအတွက် အဖြေလွှာ

ဘာသာကြီးများ၏ အယူဝါဒနှင့် ခရစ်ယာန်အယူဝါဒဆိုင်ရာ မေးခွန်းများ December 10, 2009

Filed under: ဘာသာလေးရပ် — amayaphay @ 11:54 am
Tags:

ဘာသာကြီးများ၏ အယူဝါဒနှင့် ခရစ်ယာန်အယူဝါဒဆိုင်ရာ မေးခွန်းများ

ဘာသာတရားတိုင်းရဲ့ဆုံးမသွန်သင်မှုတရားလမ်းကကောင်းရာဘုံသို့ရောက်စေမည် မဟုတ်လား?

လမ်းအားလုံး ရောမမြို့သို့ရောက်၏ဟု အလွယ်ဆိုတတ်ကြပေမယ့် တမလွန် ခရီးသည် မျက်မြင်ရသော ရောမမြို့သို့သွားရာ လမ်းခရီးနှင့်လုံးဝမတူပါ။ သင်လုံး ဝမရောက်ဖူးသည့်နေရာသို့ လမ်းပြမြေပုံကိုကြည့်ပြီး ရောက်နိုင်သည်ဆိုပါက ကမ္ဘာပေါ် တွင် လမ်းပြဆိုသည့် အလုပ်လုံးဝရှိတော့မည်မဟုတ်ပါ။ မျက်မြင်ရသော လောကကြီး၌ ပင် လမ်းပြလိုအပ်လျှင် မျက်မြင်မရသော တမလွန်ခရီး အတွက် အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း။ တမလွန်ခရီးကို တမလွန်ကမ္ဘာမှလာသော အရှင်ကသာလျှင် လမ်းပြပေး နိုင်ပါလိမ့်မည်။

သေပြီး ဘယ်ကိုရောက်မည်ဆိုတာ သေသောအခါမှသာ လျှင်အတိအကျ သိမည်မို့ သေခြင်းတရားကိုအောင်မြင်သောအရှင်က ပြသောလမ်းမှ သာလျှင် တိကျပေ လိမ့်မည်။ ထိုကဲ့သို့သော အရည်အချင်းနှင့်ပြည့်စုံသူ ကမ္ဘာ့သမိုင်းတွင် ယေရှုတစ်ပါး တည်းသာ ပေါ်ထွန်းခဲ့ပါသည်။ သင်မရောက်ဖူးသောနေရာသို့ သင်၏ အသက်အိုးအိမ် စည်းစိမ်ကိုအပ်ပြီး သင်မသိကျွမ်းသော လမ်းပြနှင့် ခရီးသွားလျင် စိုးရိမ်မှုကင်းသော စိတ်ချရာလမ်းခရီးဖြစ်ပါတော့မည်လား။ ယနေ့သင့်တမလွန်ခရီးအတွက် စိုးရိမ်မှု ကင်းလျက် စိတ်ချရာလမ်းပြကိုရပြီးပါပြီလား။

ကျွန်တော့်အိမ်ကို အဘယ်ကဲ့သို့သွားရမည်၊ ကျွန်တော့်အိမ်မှာ ဘာတွေရှိ သည်ကို သင်သိနိုင်ပါသလား၊ သို့သော် ကျွန်တော့် အိမ်ကို ဘယ်လိုသွားရပြီး အိမ်မှာ ဘာတွေရှိသည်ဆိုသည်ကို ကျွန်တော်သာ အသိဆုံဖြစ်၍ ကျွန်တော်ပြောပြမှသာ သင်သိနိုင်သလို ကျွန်တော် ပြောပြသော လမ်းအားဖြင့်သာလျှင် ကျွန်တော့်အိမ်သို့ ရောက်နိုင်မည်ဖြစ်ပါသည်။ ထိုနည်း၎င်း တမလွန်ခရီးနှင့် ကောင်းကင်ဘုံအကြောင်းကို တမလွန်ကမ္ဘာမှလာသော ယေရှုပြောသောလမ်းသည်သာ စိတ်ချနိုင်မည် ဖြစ်ပါ ပေသည်။

 

4 Responses to “ဘာသာကြီးများ၏ အယူဝါဒနှင့် ခရစ်ယာန်အယူဝါဒဆိုင်ရာ မေးခွန်းများ”

  1. Saw Aung Naing Says:

    ယေရှုခရစ်သည် ပြောသည့်အတိုင်း ရှင်ပြန်ထမြောက်ခဲ့ခြင်းကြောင့် သူသည် ဘုရားဂတိပြုထားခဲ့သော ကယ်တင်ရှင် အမှန်ဖြစ်ပါသည်။ သူနှင့် သူ၏စကား သွန်သင်ချက်များသည် စိတ်ချထိုက်သည်။ ယခု ဘ၀နှင့် တမလွန် ဘ၀ အတွက် စိတ်ချမှုကို ပေးနိုင်ပါငည်။

  2. nardar Says:

    ” ယေရှုကြွလာစဉ်ဂျူးတို့က သူတို့ကို ရောမတို့၏ဖိနှိပ်အုပ်ချုပ်ခံဘဝမှ ကယ်တင်မည့်အရှင်နှင့်သူရဲကောင်းဟု ထင်ခဲ့ သော်လည်း ထိုသို့မဟုတ်ကြောင်းသိမြင် လာသောအခါ”သခင်ယေ၇ှုကဘာများလုပ်မိလို့သူတို့ကဘာလို့အဲ့လိုထင်သွားတာလဲနော်???

  3. ko Kyaw Says:

    ဘယ်လိုများ ရှင်ပြန်ထမြောက်ခဲ့ပါသလဲ၊ သမိုင်းမှာ အကြီးကျယ်ဆုံးသော ရှင်ပြန်ထမြောက်မှုကို မြင်တဲ့သိတဲ့သူကြတော့ မရှိပါလား၊ ဘာတဲ့…. ငါးရာမကသော ညီအစ်ကိုများ ဟုတ်လား…. ဘယ်သူတွေလဲ မပြောနိုင်ကြပါလား… ဆင်ပြောင်ကြီး အမြီးကြမှ တစ်ဆိုသလိုပေါ့… ပြောကြပါအုံးဗျ….. တမန်တော်တွေ မြင်တာတေ့ မပြောနဲ့နော်… ဟဲဟဲ သူ့လူတွေဗျ….

  4. naung naung Says:

    သူထလာတာနင့်အဘိုးမြင်လိုက်လို့လား။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s