ဖန်ဆင်းရှင်ဘုရား ဆိုင်ရာမေးခွန်းများ
အရာခပ်သိမ်းသည် ဖန်ဆင်းပြုလုပ်သူ လိုအပ်သည်ဟု ခရစ်ယာန်များ၏ အဆိုအရ ဘုရားကိုမည်သူဖန်ဆင်းပါသနည်း?
လောကကြီးတွင် အဖြူနှင့်အမည်း၊ အကောင်းနှင့်အဆိုး၊ အတုနှင့် အစစ် အစရှိသည့် ဆန့်ကျင်ဖက်တရားများ နှင့် ဖြစ်တည်နေပါသည်။ ထိုတရားသဘောအရ မတည်မြဲသည့် သင်္ခါရဆိုသည့်တရားရှိသလို ထာဝရတည်မြဲသည့် အစဉ်ထာဝရဆိုသည့် တရားကလည်း ရှိရမည်ဖြစ်ပေသည်။ သို့သော် လူအချို့က မတည်မြဲသောတရား၏ ဆန့်ကျင်ဖက်တရားသဘောအရ ထာဝရ တည်မြဲခြင်းဆိုသည့် တရားလာရမည့်အစား ချုပ်ငြိမ်းသွားခြင်းဆိုသည့် ကြောင်းကျိုးမညီသော တရားသဘောအယူရှိကြသည့် အတွက်ကြောင့် ဖန်ဆင်းရှင်နှင့် ထာဝရဘုရားအကြောင်းကို လက်မခံနိုင်ခြင်းနှင့် ဤမေးခွန်းကြီး ထွက်ပေါ်လာရခြင်းအကြောင်း ဖြစ်ပါသည်။
ယနေ့မျက်မြင်ရသောအရာမှန်သမျှသည် သင်္ခါရတရားများ ဖြစ်ပြီး တစ်နေ့ ကွယ်ပျောက် သွားရမည် ဖြစ်သော်လည်း မျက်မြင်မရသော သန့်ရှင်းသည့် ဘုရားသခင်သည် ထာဝရတည်သော နာမ်ဝိညာဉ် (ယော ၄း၂၄) ဖြစ်ပါသည်။ လူအစစ် အမှန်အမှန်မှာလည်း လူ့အတွင်းရှိ ထာဝရအသက်ရှင်နိုင်သော နာမ်ဝိညာဉ်ဖြစ်ပါသည်။ မျက်မြင်ရသော ဖြစ်တည်နေသည့် အရာအားလုံးတို့သည် ဖြစ်ခဲ့သောအချိန် တစ်ချိန် ရှိခဲ့ကြောင်းနှင့် မျက်မြင်မရသော ထာဝရဘုရားက အရာခပ်သိမ်းတို့ကို ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။
ထာဝရဘုရားသည် အနန္တ အဆုံးအစမရှိသော ကမ္ဘာအဆက်ဆက်၏ ဘုရားဖြစ်သည်ဟု (ဆာ ၉၀း၂) တွင်ကျမ်းစာကဖေါ်ပြ ထားပါသည်။ ထိုဘုရားကို မည်သူမျှ မဖန်ဆင်းပါ။ ဖန်ဆင်းပေးမည့်သူလည်း မလိုအပ်ပါ။ ထိုအရှင်ကသာလျှင် အရာအားလုံးကို ဖန်ဆင်းခဲ့ခြင်းသာလျှင်ဖြစ်ပါသည်။ ထိုကဲ့သို့သောအရှင်ကို ဘုရားအပေါင်း၏ သခင် ဘုရားသခင်ဟုလည်းခေါ်ပါသည်။ (ဟေရှာ ၄၄း၂၄၊ ယော ၁း၃) ။ ထိုကြောင့်ထိုအရှင်က ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ (ရော ၁၁း၃၃-၃၆)
လောကမှာပုံတူမျိုးပွားတယ်ဆိုတာပေါ်နေပြီ။အဲဒါတွေကိုလူတွေကလုပ်နေတာ။ဒီသဘောတရားအတိုင်းသာဆိုရင်genetic biological တွေကဖန်ဆင်းရှင်တွေပေါ့။