အမေးများအတွက် အဖြေလွှာ

ဓမ္မဟောင်းကာလတွင် (လူ့ဇာတိမခံယူမှီ) ယေရှုဘုရားအဘယ်မှာနည်း? December 10, 2009

Filed under: ယေရှုခရစ်တော် — amayaphay @ 11:10 am
Tags:

ဓမ္မဟောင်းကာလတွင် (လူ့ဇာတိမခံယူမှီ) ယေရှုဘုရားဘယ်ကိုရောက်နေပါ သနည်း?

ဓမ္မဟောင်းကာလကတည်းက ယေရှုရှိလျက် အလုပ်လုပ်နေကြောင်း အချက်များစွာရှိသည့်အထဲမှ အချို့ကို ဖေါ်ပြပေး လိုပါသည်။ ယေရှု၏ နာမသည် ထာဝရအဘဖြစ်သည့်အတွက် (ဟေရှာ ၉း၆) ထာဝရတည်ရှိသော အရှင်ဖြစ်ပါသည်။ ယေရှုသည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူပြီး စကြာဝဋ္ဌာကြီးမရှိမှီကပင် ရှိတော်မူ၏။(ယော ၁း၁-၁၄) ထို့ကြောင့် ယေရှုသည် လူ့ဇာတိအားဖြင့် အသက်သုံးဆယ်သာရှိချိန်တွင် ဣသရေလခေါင်းဆောင်များအား အာဗြဟံမဖြစ်မှီ ငါဖြစ်၏ ဟုဆိုခြင်းကြောင့် သူတို့က ကျောက်ခဲနှင့်ပေါက်သတ်ရန်ကြိုးစားကြ၏။ သူတို့သည် ဝိညာဉ်မျက်စိကွယ်သောကြောင့် ယေရှုသည် ဘုရားဖြစ်ကြောင်း မသိမြင်ကြပါ။(ယော ၈း၅၆-၅၉) ယေရှုသည် တပည့်တော်များနှင့် ညစာစားပြီးနောက် လက်နှစ်ဖက်ကို အထက်သို့မြှောက်၍ ဆုတောင်းသော အချက်ဟူမူကား “ခမည်းတော်နှင့်အကျွန်ုပ်သည် ဤကမ္ဘာမတည်မရှိမှီခံစားသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ” ဟုဆုတောင်းလေ၏။ (ယော ၁၇း၅) ဣသရေလတို့ကိုဦးဆောင်သောမောရှေနှင့် အတူ ယေရှုရှိခဲ့ ကြောင်း ရှင်ပေါလုမှ ဆိုခဲ့ပါသည်။(၁ကော ၁၀း၁-၄)

ဓမ္မဟောင်းကျမ်းတွင် ယေရှုကို ယေရှုဟူသောအမည်နာမဖြင့် မတွေ့ရပေမည့် ဘုရားသခင်၊ ထာဝရအဘ၊ ခရစ်တော်၊ ယေဟောဝါ၊ ယေဟောဝါရှလုမ်း၊ ယေဟော ဝါရာဖ၊ ယေဟောဝါနီဆီး၊ ယေဟောဝါရိရဲ့၊ ယေဟောဝါရာအ၊ အာလဖနှင့်ဩမေဃ အစရှိသည့် အမည်နာမများနှင့် ထင်ရှားဖေါ်ပြခဲ့ပါသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s