ယေရှုကို တမန်တော်တစ်ပါးအဖြစ်တော့ လက်ခံ ပါသည်။ သို့သော်ဘုရား အဖြစ်တော့လက်မခံနိုင်ပါ။
ယေရှုကိုဘုရားအဖြစ်လက်မခံလည်း ဘုရား၏ တမန်တော်တစ်ပါးအဖြစ် လက်ခံခြင်း ကြောင့် တမန်တော်ပရောဖက်တို့၏ စကားကို နားထောင်ရမည်ဟုကျမ်းစာက ပညတ် ထားပါသည်။ ယေရှုကို ထာဝရဘုရားစေလွှတ်သော တမန်တော်တစ်ပါးအဖြစ် လက်ခံပါသော်လည်း ယေရှု၏ စကားကိုနားမထောင်ခြင်းသည် ကျိုးကြောင်းညီညွတ်မှု မရှိပါ။ ယေရှုက ]ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ထာဝရဘုရား ထံတော်သို့ မရောက်ရ} ဟုပြတ်ပြတ်သားသား မိန့်တော်မူခဲ့ပါသည်။ ထာဝရဘုရားထံသို့ရောက်ရှိဖို့ ယေရှုအားဖြင့် သွားရသော လမ်းထက် စိတ်ချခိုင်လုံသောအခြားလမ်း လောကတွင် ရှိပါသလား ? နောက်တစ်ချက်အနေဖြင့် ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့သော တမန်တော် များနှင့် ပရောဖက်များတို့၏ ပြုခဲ့သောအမှုနှင့်အဆိုအမိန့်များတို့သည် ယေရှုနှင့် နှိုင်းယှဉ်ကြည့်ပါက ယှဉ်လို့မရလောက်အောင် အနှိုင်းမဲ့ ကွာခြားလွန်းလှပါသည်။ အဘယ့်ကြောင့်နည်း ?
ယေရှုသည်ဘုရားဖြစ်ဖို့မည်ကဲ့သို့ကျင့်ကြံအားထုတ်ခဲ့ရပါသလဲ?
ယေရှုသည်လူသားထဲမှ ကျင့်ကြံအားထုတ်ကာဘုရား ဖြစ်လာခဲ့ခြင်းမဟုတ်ပါ။ ဘုရားစင်စစ်မှ လူ့ဇာတိ ခံယူခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် နောင်တွင်အံ့ဩဖွယ်ပုဂ္ဂိုလ် များပေါ်လာပါဦးမည်၊ သို့သော်သေချာတာ တစ်ခုက ယေရှုကိုတော့မည်သူမျှ ကျော်လွန်နိုင်မည်မဟုတ်ပါ။