ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရဟု ပညတ်ခြင်းသည်အတ္တ မဆန်လွန်းဘူးလား?
လူအချို့က ကျွန်ုပ်သည် ဘုရားအားလုံးကို လက်ခံယုံကြည်ကိုးကွယ်သော သဘောထားကြီးသူဖြစ်ပါသည်ဟု ဆိုတတ်ကြ ပါသည်။ ခရစ်ယာန်တို့၏ဘုရားက ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်ရဟု ပညတ်ခြင်းသည် အတ္တဆန်လွန်း ပါသည်ဟု ဆိုတတ်ကြပါသည်။ မိမိဖခင်သည်ယောကျာ်းဖြစ်၍ ယောကျာ်းတွေမြင်တိုင်း အဖေဟု ခေါ်၍ရပါသလား။ စစ်မှန်သောဖခင်က ငါမှတပါး အခြားသော ယောကျာ်း တို့ကို အဖေဟုမခေါ်ရဟုပညတ်မည်ပင်ဖြစ်ပါသည်။ လောကတွင် ယောကျာ်းများစွာ ရှိသော်လည်း စစ်မှန်သော ဖခင်ကတော့ တစ်ဦးတည်းသာရှိမည်ဖြစ်ပါသည်။
(ထွက် ၂၀း၃)