ငရဲနှင့် ကောင်းကင်ဘုံသည် အမှန်တကယ်ရှိပါသလား ?
လူအချို့က ငရဲဆိုသည်မှာ အမှန်တကယ်မရှိပါ၊ လူတို့ကိုခြောက်လှန့်သော အရာသာဖြစ်ပါသည်၊ ဘုရားက မေတ္တာရှင် ဖြစ်သည့်အတွက် မည်သူ့ကိုမှ ငရဲသို့ ချလိမ့်မည်မဟုတ်ဟု ဆိုတတ်ကြပါသည်။ သို့သော် ယေရှုဘုရားကိုယ်တော်တိုင်နှုတ်မှ သူဌေးကြီး နှင့် လာဇရုအကြောင်းအားဖြင့် ငရဲနှင့်ကောင်းကင်ဘုံအကြောင်း ပြောပြခဲ့ပါသည်။ ယေရှု ပြောသောစကားသည် မုသာ ဖြစ်နိုင်ပါမည်လား။ မုသာစကား ကိုပြောအံ့သောငှါလူဖြစ်တော်မူသည်မဟုတ်ဟု ကျမ်းစာကဆိုထားပါသည်။