အမေးများအတွက် အဖြေလွှာ

ဂျူးအမြင် December 10, 2009

Filed under: ဘာသာလေးရပ် — amayaphay @ 12:09 pm
Tags:

ခရစ်ယာန်များဟု လူများအထင်မှားခံရပြီး တစ်အိမ်တက်ဆင်း ယေရှုသည်ဘုရား မဟုတ်ကြောင်း သက်သေခံနေသည့် ယေဟောဝါ ခေါ် ကင်းမျှော်စင်အဖွဲ့ အား အိမ်ရိပ်ပင်အနင်းမခံဖို့ သမ္မာကျမ်းစာက ပညတ် ထားသည့်အတွက် ( ၂ယော) ထိုသူတို့၏ ယုံကြည်ချက်နှင့် ခရစ်ယာန် တို့အပေါ်အမြင်ကို မဖေါ်ပြတော့ပါ။

ဂျူးဘာသာဝင်တို့၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ် အမြင်

အိုဣသရေလနားထောင်လော့ ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရားဖြစ်တော်မူ၏။ ယေရှုကို လောကနီတိနှင့်ဆိုင်သော ကောင်းသောဆရာတစ်ပါးဟု ခံယူကြသော်လည်း မေရှိယအနေဖြင့်လက်မခံကြပါ။ အကြောင်းမှာ ယေရှုသည် ရေရှည်ငြိမ်းချမ်းမှုကို မယူဆောင်နိုင်ခြင်း၊ သခင်ယေရှု ကိုယ်တိုင်က မေရှိယဟုကြေငြာ သော်လည်း ဂျူးအတွေးခေါ်၌ မေရှိယ ဟူသည် ဘုရားသခင်စေလွှတ်ခြင်းခံရသူဖြစ်ပြီး တစ်ဦးချင်းကို အပြစ်မှ ကယ်တင်သူမဟုတ်ဘဲ၊ လူမျိုးစု တစ်ခုလုံးကို ဖိနှိပ်မှုမှ ကယ်တင်သူသာ ဖြစ်သည်။ ယေရှုကြွလာစဉ်ဂျူးတို့က သူတို့ကို ရောမတို့၏ဖိနှိပ်အုပ်ချုပ်ခံဘဝမှ ကယ်တင်မည့်အရှင်နှင့်သူရဲကောင်းဟု ထင်ခဲ့ သော်လည်း ထိုသို့မဟုတ်ကြောင်းသိမြင် လာသောအခါ ဂျူးတို့ကဘဲ ယေရှုကို ကားစင် တင်သတ်စေလျက် တော်လှန်ရေး ခေါင်းဆောင် ဗာနဗကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အပြစ်နှင့်ပတ်သက်၍ လူသည် မွေးလာစဉ်အပြစ်မပါခဲ့သလို ကောင်းမြတ်သူ အဖြစ်လည်းမွေးလာခြင်းမဟုတ်ပါ၊ လွတ်လပ်စွာမွေးလာပြီး၊ ကောင်းမကောင်း ကိုရွေးချယ်ခွင့်ရှိသည်။ မိမိလုပ်သမျှ အတိုင်း မိမိ ဖြေရှင်းရမည်။ ကယ်တင်ခြင်း နှင့်ပတ်သက်၍ မည်သူမဆို တစ်ဆူတည်းသော ထာဝရဘုရားအား ဆက်ကပ် အပ်နှံခြင်း နှင့် ကောင်းမွန်စွာ ကျင့်ကြံခြင်းရှိပါက ကယ်တင်ခြင်းရနိုင်သည်ဟု ယုံကြည်ကြပါသည်။ ဂျူးဘာသာဝင်များက နောင်ဘဝကိုမျှော်လင့် သော်လည်း ယခုဘဝ၌ ကောင်းစွာ အသက်ရှင်ခြင်းသည် (ဘာသာတရားနှင့်ဆိုင်သော ကျင့်ဝတ်များ) နောင်ဘဝအတွက် ပြင်ဆင်မှုမဟုတ်ရပါဟု ယုံကြည်ကြပါသည်။

 

9 Responses to “ဂျူးအမြင်”

  1. မောင်လူဆိုး Says:

    နင်.အမေလွား ပါလား……….။ ငါက ဂျူး ဆိုတဲ.စာရေးဆရာမရေးတယ်ထင်လို. ဖတ်လိုက်တာ…။

    • Little John Says:

      >> to မောင်လူဆိုး >
      အော်… ကိုယ့်ကိုယ်ကိုယ် ကြောင်ပြီး ယောင်ပြီး အ ပြီး ပိန်းပြီး ဒူမှန်းမသိ ဒူနေတဲ့ ကောင်က
      ဘာသာရေးပိုစ့်အောက်မှာ သနားစဖွယ် လိုင်းလာကြောင်နေရသေးတယ်လို့…

    • ကိုလူချော Says:

      ဖြစ်ရမယ် … မောင်လူဆိုးရေ …

    • eliakim Says:

      ဂျူးအမြင်…အမြင်ဘဲ ပြောပြပေးဒါလည်း—

  2. nardar Says:

    “ယေရှုကြွလာစဉ်ဂျူးတို့က သူတို့ကို ရောမတို့၏ဖိနှိပ်အုပ်ချုပ်ခံဘဝမှ ကယ်တင်မည့်အရှင်နှင့်သူရဲကောင်းဟု ထင်ခဲ့ သော်လည်း ထိုသို့မဟုတ်ကြောင်းသိမြင် လာသောအခါ”သခင်ယေ၇ှုကဘာများလုပ်မိလို့သူတို့ကအဲ့လိုထင်သွားတာလဲနော်..??

  3. kyaw Gyi Says:

    လူတိုင်းက ခရီးတစ်ခုကို နောက်ဆုံး အတူရောက် မှာ ပါ….

  4. နေမကောင်းဖြစ်ရင်သင်ဆေးသောက်တယ်။ သင်သေရင်လည်းသင်ကို
    ကယ်မယ့်သူလိုတယ်။

    • လူတိုင်းမိမိယုံကြည်ချက်နဲ့ကိုးကွယ်မူတစ်ခုစီနဲ့အသက်ရှင်နေကြပါ
      တယ်။ခေတ်ပညာတတ်ပြီးအတွေးခေါ်
      ညဏ်မြင့်မားတဲ့သူပင်ဖြစ်ပါစေ
      ဘိုးဘေးတို့ ရဲ့ ကိုးကွယ်မူကိုတော့
      စွန့် ရဲသူရှားပါတယ်။ပေးဆပ်မှုများစွာရှိလိမ့်မယ်။
      ထိုသူတို့ ကိုအာမခံပေးမယ့်သူဟာသခင်
      ယေရှုပဲရှိ။ယခုဘဝ နောက်ဘဝကိုအာမခံပါတယ်။

      တချိန်ကကျွှန်ပ်ဟာယေရှု
      ကိုမသိတဲ့သူပါ။မိရိုးဖလာမယုံသူပါ
      ယခုကျွှန်တော်ကယ်တင်ခြင်းစိတ်ချနေပါပြီ။ယခုအသက်သေရင်ရရင်တောင်မကြောက်ပါဘူး။ကျန်ရစ်မဲ့မိသားစုအတွက်ပါသခင်ယေရှုလက်ထဲအပ်နှံပြီးပါပြီ။

  5. eliakim Says:

    ဂျူးဘာသာတွင်ကလည်း ဘုရားသခင်က မထမ နေရာမှာ ဦးစားပေးပြီ အဦးဆုံး လူမျီုးခည်းဖြစ်သည်


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s