အမေးများအတွက် အဖြေလွှာ

ခရစ္စမတ်၏ သက်သေ December 10, 2009

ခရစ္စမတ်အချိန်အခါဖြစ်ပါသည်။ အဘိုးမူးလယ် သာသနာပြုခဲ့သော ရွာလေးတစ်ရွာတွင် ခရစ္စမတ်ပွဲ သွားရောက် ပြုလုပ်ရင်း ဧဝံဂေလိတရားဟောကြား ရန်အတွက်ကားလေးစီးဖြင့် ကျွန်တော်တို့ သွာရောက်ခဲ့ကြပါသည်။ လမ်းခရီး မှာကြမ်းတမ်းပြီး အကုန်အကျလည်း အလွန်များပါသည်။ သို့သော်ကျွန်တော်တို့ ထိုရွာသို့ရောက်သောည ဖွင့်ပွဲအခမ်းအနားတွင် ရွာလူကြီးမှ ရွာသားများအားတရား မဟောရန် နှင့် မိမိ၏ ဝင်းအတွင်းမှာပင် ဝတ်ပြုကိုးကွယ်ကြရန် အတွက် တားမြစ်သွား ပါသည်။

အိမ်ခြေလေးဆယ်ကျော်ရှိသော်လည်း ယုံကြည်သူအိမ်မှာ အိမ်ငါးအိမ်ခန့်သာ ရှိပါသည်။ နောက်တစ်နေ့ မိမိ၏ ဘုရားကျောင်းဝင်းအတွင်းမှာပင် ဝတ်ပြုကြရပါ သည်။ ထိုနေ့ည ကျွန်တော်တစ်ညလုံး ဆုတောင်းပါသည်။ ပင်ပန်းခက်ခဲစွာ အချိန်ပေး လာရောက်ခဲ့ရပြီးမှ ဧဝံဂေလိတရားဟောခွင့်မရလျှင် ဘာအကျိုးမျှ မရှိပါ။ ထို့ကြောင့် တနည်းနည်းဖြင့်လမ်းဖွင့်ပေးပါရန် ဆုတောင်း ခဲ့ပါသည်။

နောက်တစ်နေ့နံနက် ခရစ္စမတ် အပိတ်ဝတ်ပြုခြင်း အစီအစဉ် စခါနီးအချိန် တွင် ကလေးငယ်တစ်ဦး အပြင်းဖျားကာ သတိလစ်နေသောကြောင့် လာရောက် ဆုတောင်းပေးရန် အကူအညီ တောင်းခံလာပါသည်။ ကျွန်တော်လည်း ထိုအိမ်သို့ လိုက်သွားခဲ့ ပါသည်။ ထိုအိမ်လေးတွင် ရွာမှ လူများဝိုင်းအုံနေပြီး ယေရှုနာမ၌ ကျန်းမာရန် အတွက်ဆုတောင်းပေးပြီး သောအခါ ကလေးမှာ ပြန်သတိ ရလာပါသည်။ ဘုရားက ထိုအမှုဖြင့် ဘုန်းထင်ရှားစေခဲ့ပါသည်။ ကျွန်တော်တို့မှာ အနာရောဂါကို ငြိမ်းစေသောတန်ခိုးမရှိသော်လည်း ဆုတောင်းပေးရမည်က ကျွန်တော်တို့၏ တာဝန်ဖြစ်ပြီး ဘုရားရှင်က ပျောက်ကင်းစေပါလိမ့်မည်။ ယုံကြည်ခြင်း၏ ပဌနာသည် လူနာကိုကယ်တင်၍ ဘုရားသခင်သည် ထိုသူကို ထမြောက်စေမည် ဆိုသည့် နှုတ်ကပတ်တော် လာသည့်အတိုင်းပင် ဖြစ်ပါသည်။

အဲဒီနောက် ခရစ္စမတ်ပိတ်ပွဲဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို ဆက်လုပ်ခဲ့ကြပြီး ဝတ်ပြုခြင်းပြီးသောအခါ ရွာသားများအားလုံးအား ခေါ်ဖိတ်၍ နံနက်စာထမင်း အတူစားခဲ့ကြပါသည်။ နံနက်စာ စားပြီးသည့်နောက် ကျွန်တော်တို့အဖွဲ့လည်း ထိုရွာမှ ပြန်ထွက်လာခဲ့ကြပါသည်။

ရွာမှ ကားလမ်းသို့ရောက်ရန် ခုနှစ်မိုင်ခန့်ဝေးပြီး လမ်းမကောင်းသောကြောင့် ကျွန်တော်တို့စီးနင်းလာသော နောက်ဆုံးကားမှာ လမ်းတစ်ဝက်တွင်ပျက်သွားပါသည်။ ထို့ကြောင့် ကျွန်တော်နှင့် ညီငယ်တစ်ဦးတို့သည် ကားလမ်းဖက်သို့ လမ်းလျှောက်ကာ ထွက်ခဲ့ကြပါသည်။ လမ်းတလျှောက်လုံးတွင်လည်း ဘုရားရှင်သည် ကောင်းမြတ် ကြောင်း သီချင်းများတို့ကို သီဆိုကျူးဧလာခဲ့ကြပါသည်။

ကားလမ်းမအနီးသို့ရောက်သောအခါ ခြေထောက်များ ညစ်ပေနေသော ကြောင့် တဲတစ်ခုသို့ဝင်ပြီး သန့်စင်နေစဉ် ကျွန်တော် တို့အဖွဲ့မှ ဂျစ်ကားတစ်စင်း အပြင်းမောင်းကာ ရွာဖက်သို့ ပြန်ဝင်သွားသည်ကို တွေ့မိပါသည်။ (နောက်မှ ထိုကားသည် ပျက်နေသောကားမှ ဆရာတော်ကို သွားခေါ်ကြောင်းသိရပါသည်။) ထိုစဉ်တဲမှလူငယ်တစ်ဦးက ပြန်လာပြီး အစ်ကိုတို့အဖွဲ့ထဲကလူတစ်ဦး ကားလမ်းနံဘေး တွင် ဘာဖြစ်နေလဲမသိဘူး လူတွေလည်းဝိုင်းအုံလို့ဟုပြောသောကြောင့် အပြေးသွား ကြည့်ခဲ့ပါသည်။

အနားသို့ရောက်သောအခါ ကျွန်တော်တို့ အဖွဲ့ မှအန်တီကြီးတစ်ဦး နတ်ဆိုးပူး နေကြောင်းကိုသိရပါသည်။ သူ့အမျိုးသားက ပွေ့ထားပြီး ကျန်အဖွဲ့သားများက သူတို့ဝန်း ဝိုင်းဆုတောင်းပေးကြလို့ နတ်ဆိုးထွက်သွားပြီ ဖြစ်သည့်အတွက် ကျေးဇူးတော် ချီးမွမ်းပေးရန် ကျွန်တော့ကိုပြောပါသည်။ ကျွန်တော်ကလည်း ခေါင်းငုံပြီး လက်အုပ်ချီကာ ကျေးဇူးတော်ချီးမွမ်းလိုက်ပါသည်။ ထိုအခါ ထိုအမျိုးသမီးကြီးက ခေါင်းထောင်လာပြီး ]ငါ့ကိုဘာ များမှတ်နေလို့လဲ ‘ဒီဆရာဘာလာကြောင်နေတာလ}ဲဟု ငေါက်သံကြားရသောကြောင့် မျက်စိဖွင့်ကာ ]ယေရှုနာမ၌ လာတဲ့ငါ့ကို ဘာမှတ် နေလို့လဲ}ဟုမေးသောအခါ ]ဆရာမှန်း မသိလို့ပါ}ဟုပြန်တောင်းပန်ပါသည်။ ထို့ကြောင့် သူ့ကိုလည်း မေးခွန်းများမေးသောအခါ ]မဖြေပါရစေနဲ့ ထွက်ခွင့်ပေးပါ} ဟုသာ အကြိမ်ကြိမ်တောင်းပန်သောကြောင့် ကျွန်တော်လည်း ယေရှုနာမ၌ထွက်ခွင့် ပေးလိုက် ပါသည်။ ထို့နောက် လမ်းတွင်ပျက်နေသောကားမှ သွားကြိုလာသော သင်းအုပ် ဆရာတော်လည်း ရောက်ရှိလာပြီး ဆက်လက် ဆုတောင်း ပေးပါသည်။ ရွာထဲမှ ရွာသားအများစုသည် ထိုကားလမ်းမကြီးနံဘေးတွင် ဆိုင်ဖွင့်ပြီး စီးပွါးလာရှာကြ ကြောင်း သိရပါသည်။

ထိုမျှနှင့်မပြီးသေးပါ ကားလမ်းတစ်ဖက်မှ လူငယ်တစ်ဦးက ကျွန်တော့ကို လာခေါ်ပါသည် ။ အစ်မကြီး တစ်ဦး လည်းနတ်ဆိုး ထွက်ဖို့ရန်အတွက် ဆုတောင်း ပေးပြီး လက်တစ်ဖက်မှာ တင်းကြပ်ကိုက်ခဲလာကာ အသက်ရှုလို့ပင် မရကြောင်း ပြောပါသည်။ ကျွန်တော်လည်း ထိုအအေးဆိုင်အတွင်း ခပ်တိုးတိုးလေး သူ့အတွက် ဆုတောင်းပေးပြီး ထိုလက်မောင်းကိုကိုက်ခဲစေ သောနတ်ဆိုးအား ယေရှုနာမ၌ထွက် ဟု အမိန့်ပေးလိုက်သောအခါ ထိုအမျိုးသမီးသည် ]အရှက်ကွဲပါပြီ အရှက်ကွဲပါပြီ} ဟုထပ်ခါထပ်ခါ အော်ဟစ်နေပါတော့သည်။ ထိုအမျိုးသမီး တွင်လည်း နတ်ဆိုးရှိ ကြောင်းသိရ၍သူ့အား ကျွန်တော်သိလိုသော မေးခွန်းတို့ကိုမေးသောအခါ သူ့အားခိုင်း သူ၏ အမည်ကို ပြောပြပြီး ဒီရွာမှာ ပွဲလာလုပ်တာကိုမကြိုက်လို့ လုပ်တာဟု ပြန်ဖြေပါသည်။ ကျွန်တော်လည်း ထိုနတ်ဆိုးကိုထွက်ဖို့ ယေရှုနာမ၌ အမိန့်ပေးလိုက် သောအခါ ထိုနတ်ဆိုးမှာလည်းထွက်သွားပြီး ကိုက်ခဲနေသော လက်မောင်းတစ်ဖက် လည်းနာကျင်ကိုက်ခဲမှုမရှိတော့ကြောင်း သိရပါသည်။ ကျွန်တော်တို့လည်း ကျေးဇူးတော်ချီးမွမ်းပြီး ခရီးဆက်ခဲ့ကြ ပါသည်။

ဤသို့ဖြင့် ငါးလခန့်ကြာသောအခါမန္တလေးဘူတာတွင်  ထိုရွာမှ သစ်လုပ်ငန်း လုပ်ကိုင်နေသော ယုံကြည်သူ မိတ်ဆွေတစ်ဦးနှင့် ပြန်တွေ့ခဲ့ပါသည်။ သူက ထိုရွာတွင် ပြုစားမှုများ အလွန်များပြားပြီး ပြုစားခံရပါကလည်း မောင်းထုတ်ဖို့ အလွန်ခက်ခဲ ကြောင်း ထိုရွာ၏ အခြေအနေကို ပြောပြပါသည်။ သို့သော် ခရစ်ယာန်များက ထိုနတ်ဆိုး ကို အမိန့်ပေးလိုက်သည်နှင့် လွယ်ကူစွာထွက်သွားကြောင်းနှင့် ခရစ်ယာန်တို့ ၏ ဘုရားသည် အလွန်တန်ခိုးကြီးကြောင်း ထိုရွာတွင် နာမည်ကြီးသွားပါသည်။ ရွာသားများ ကလည်း ခရစ်ယာန်ဘုရားကို သူတို့စိတ်ဝင်စားလာကြပြီး မေးမြန်းလာကြကြောင်း ပြန်ကြားရသောအခါ ကျွန်တော်လည်းဝမ်းမြောက်ကာ ဘုရားကို ချီးမွမ်းမိပါသည်။ နောင်နှစ်များ၌လည်း ထိုရွာတွင်ဆက်လက်၍ခရစ္စမတ်မွေးနေ့ ပွဲတော်ကို သွားရောက် လုပ်ဆောင် ခွင့်ရကြောင်းနှင့် လူများလည်း လက်ခံယုံကြည်လာကြကြောင်းကြား သိရပါသည်။

ခရစ္စမတ် ဆိုသည်မှာ ယေရှုခရစ်တော်ဘုရား၏ မွေးနေ့ဖြစ်ပါသည်။ မွေးနေ့ပွဲဆိုသည် မှာအသက်ရှင်သောသူများအတွက်သာလျှင် ကျင်းပခွင့်ရှိပါသည်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s